Community post
ဟာသ
{ဆရာတော်ဘုရားကြီးများနှင့် ဟာသဉာဏ်}🇦
ယောဂီတစ်ဦး။ ။ တပည့်တော် စင်္ကြန်လျောက်မှတ်တဲ့ အခါ၊ “ ကြွတယ်၊ ကြွတယ်” လို့ မှတ်မလို့ရှိသေးတယ်။ ခြေထောက်ကြီးက အလိုလို ကြွတက်လာတယ်ဘုရား။ တပည့်တော်တော့ ကိုယ့်ကိုယ်ကို ရူးသွားပြီလို့ ထင်လိုက်တယ်။
ချမ်းမြေ့ဆရာတော်ဘုရား။ ။ အော်၊ အေး၊ မင့် အဲဒါ ရူးသွားတာ မဟုတ်ဘူး။ အခုမှ အရူးပျောက်သွားတာ။
အထက်ပါ အမေးအဖြေ၊ စကားပြောလေးကတော့ ချမ်းမြေ့ဆရာတော်ဘုရား တိုရန်တိုမြို့မှာ ကြွလာတုန်းက အမိန့်ရှိသွားတာလေးပါ။ ဆရာတော်ဘုရားက အဲလိုလည်း ပြောလိုက်ရော ပရိသတ်က သဘောကျပြီး တသောသော ရယ်ကြတော့တာပါပဲ။
ကျွန်တော်ပြောချင်တာကတော့ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးမှာ ဟာသဉာဏ် ရှိတယ် ဆိုတာပါပဲ။ ဆရာတော်ဘုရားရဲ့ တရားတော်တွေကို သတိထားပြီးနာရင် မကြာခဏ ပြုံးမိပါလိမ့်မယ်။
ချမ်းမြေ့ဆရာတော်ကဲ့သို့ အချို့သော ဆရာတော်ဘုရားများမှာလည်း ဟာသဉာဏ်ရှိကြပါတယ်။
ဟာသလေးနှောလိုက်တဲ့အတွက် ပရိသတ်ကို ကြည်လင်ရွှင်လန်းမှုပေးပြီး၊ တရားဓမ္မကို ပိုပြီး စိတ်ဝင်တစား နာယူချင်စိတ် ပေါက်လာနိုင်ပါတယ်။
“အဘိဓမ္မာ ဋီကာ” ကို လေ့လာနေစဉ် အောက်ပါမေးခွန်းလေးကို ဖတ်ပြီး ပြုံးမိသလို၊ အတွေးပေါက်လာလို့ ဒီစာလေး ချရေးဖြစ်ပါတယ်။
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
(ယခုအခါ မြန်မာနိုင်ငံ၌ အဘိဓမ္မာကို လေ့လာလိုက်စားသူများ ပေါများလျက် “အဘိဓမ္မာ အဘိဓမ္မာ” ဟု တမာထည်း မာနေကြရာ ထို “အဘိဓမ္မာ” ဟူသည် အဘယ်ကဲ့သို့သော အရာမျိုးဖြစ်ကြောင်း အများနားလည်အောင် ရှင်းပြခဲ့ပါ။)
မေတ္တာဖြင့်
မောင်တင့်ဇော်(ကနေဒါ)🇦

@blay
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.