4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တရား..

[ထွက်လေဝင်လေပျောက်ဆုံးခြင်း…]

သမာဓိ တည်ကြည်လာပြီဆိုလျှင်
ထိုပြဿနာကို တော်တော်များများ…ကြုံဖူးကြလေသည်……
ထိုထက်သာလွန်သော…အကြောင်းအရာတွေလဲ တွေ့ဖူး
တတ်ကြပါသည်……တစ်ကိုယ်လုံးဝင်ထိမ်လာခြင်း/
အလင်းရောက်ထဲ/ ရောက်ရှိနေသလိုခံစားမိခြင်း……
ကောင်းကင်သို့…ပြန်တက်သလိုဖြစ်ခြင်း……မိမိရဲ့ခန္ဓာ
က နောက်သို့ သော်လည်းကောင်း ဘေးသို့သော်လည်းကောင်း အရှေ့သို့သော်လည်းကောင်း…
ရုပ်နာမ်တွေ ပြောက်ဆုံးသလို…စသည့်နိမတ် အမြင်တို့
ဖြစ်ပေါ်ခြင်းသည်……ဝိပဿနာအားထုတ်သူတို့ တစ်ခု
မဟုတ်တစ်ခုခုတော့……တွေ့ကြုံကြရမည်ဖြစ်သည်……

ထိုသို့တွေ့မြင်ရခြင်းသည် ကောင်းသောလက္ခဏာပင်
ဖြစ်သည်……သို့သော်……ဤသို့ဖြစ်လာပါက… ထိတ်လန့်ခြင်း
သို့မဟုတ်……ဒီအာရုံပေါ် လိုက်ပါ သာယာလျှက်ခံစား
နေခြင်း……စတဲ့ အန္ဓရယ်တွေကို မကျော်လွားနိုင်လျှင်
တက်လမ်းကို အတားဆီးဖြစ်သွားနိုင်၏……ထိုသို့မဖြစ်သေး
လျှင်လည်း……မဟုတ်သေးဘူးဟူ၍ မိုးကုတ်ဆရာတော်
ဘုရားကြီးဟောကြားဖူးပါသည်……ဖြစ်လို့မကျော်နိုင်လျှင်လဲ
မဂ်အစစ်ကြီးကိုမရနိုင်ဘူးဟူလို………

[ဘယ်နည်းနဲ့ကျော်လွားကြမလဲ……?]

ဒီအုစ္စာကိုမိမိတို့ ကဘယ်လိုကျော်ကြမလဲဆိုတော့……
အဲ့ဒီဖြစ်ပေါ်လာတဲ့ သာယာမှု့တွေကို ရှု့ပြစ်ရပါမယ်
ပျောက်ဆုံးနေသည်ဟု ခံစားရလျင် ခံစားတဲ့စိတ်ကိုရှု့မှတ်ပါ
ဒါမှမဟုတ် အသက်ပြင်းပြင်းရှု့မှတ်ပါ……
ထပ်ခါထပ်ခါဖြစ်နေလျှင် ထပ်ခါထပ်ခါ သိပေးပါ……
တခါတလေ မိမိတို့စိတ်က မသိမသာနှဲ့ အရှု့ခံတွေကို
လိုက်ရှာနေတတ်ပါတယ်……မရှာပါနဲ့……ချက်ခြင်းရပ်ပြစ်ပါ…
ရပ်ပြီး ရှာတဲ့စိတ်ကိုရှု့မှတ်ပါ……အဲ့ဒီလိုရှု့မှတ်ပါများလျှင်…
ပြန်ပေါ်လာပါလိမ့်မယ်………

ပေါ်လာတယ်ဆိုတာက……ဖြစ်ပျက်တွေဟာ အစောပိုင်းက
ထက်ပိုမြန်နေတတ်ပါတယ်……အဲ့ဒီမြန်တာကို ရှု့မမီလိုက်
နိုင်အောင်မြန်တတ်ပါတယ်……အချို့ဆိုရင်ဒီနေရာမှာ
ရှု့မှတ်လို့ မမီလို့ဆိုပြီး တရားဖြုတ်သွားတတ်ပါတယ်……
အဲ့ဒီလိုက်မမီတဲ့မြန်လာရင်လိုက်မနေပါနဲ့……မမီပါဘူး……
အသာအယာပဲစောင့်နေလိုက်ပါ……သူ့အလိုလိုရှု့မှတ်ပြီး
သူ့အလိုလိုသိနေသလိုဖြစ်လာပါလိမ့်မယ်……ဒီလိုရှု့မှတ်ကြာ
လာရင်…မိမိရဲ့ဥာဏ်ဟာ ဖြစ်ပျက်နဲ့ ကိုက်လျှက်ကိုက်လျှက်
ဖြစ်နေတာကို ပိုသိလာပါလိမ့်မယ်………

ဒါဟာနောက်တစ်ဆင့်တက်ပြီး ပိုဥာဏ်ရင့်သန်လာတော့မှာ
ဖြစ်ပါတယ်……ဘယ်လိုဥာဏ်နဲ့ ဘယ်လိုဖြစ်ပျက်တွေ
တွေ့နိုင်မလဲဆိုရင်………မိမိတို့ခန္ဓာကြီးက အတုံးင်္ကြီးကို
မတွေ့ရတော့ပါဘူး……ကွဲသွားတဲ့အမြင်မျိုးဖြစ်ပေါ်လာမှာပါ
လက်တွေခြေတွေ ခေါင်းတွေ စတဲ့အမည်ပညတ်တွေလဲ
မတတ်မိတော့ပါဘူး……ပျောက်သွားပါပြီ……ဘာတွေကျန်
နေသလဲဆိုရင်…ရွရွမွမွတွေနှဲ့ တစ်ဖျက်ဖျက်တစ်လက်လက်
တွေကိုပဲ…တွေ့မြင်ရတော့မှာပါ ဘယ်နေရာမှာ……ဖြစ်နေတယ်
ဆိုတာတွေ မမြင်တော့ပါဘူး………ဒီဥာဏ်နဲ့ ဒီအာရုံနဲ့ပဲ
ထိတ်တိုက်တွေ့နေရမှာပါ………နာတာတွေကိုသိတယ်
သိပေမဲ့ ငါ"""နာသလိုတွေမဖြစ်တော့ပါဘူး……အမြင်ကွာ
လာခြင်းဖြစ်တယ်ပေါ့……အပြင်အာရုံတွေကို သတိမထား
မိတော့ဘူး…ကြားမိရင်တောင်……အရှု့ခံထဲပါသွားပါတယ်
ဘယ်ကဘာအသံဆိုတာတွေ မတွေးမိပါဘူး……ဒါဟာ
တရားရှု့မှတ်တာနားမှ ပြန်အကဲခတ်လို့သိနိုင်ပါတယ်……
အဲ့ဒီလိုမြင်တာဟာ အစပိုင်းလို အာရုံနောက်လိုက်ကြည့်သလို
မဟုတ်ပါဘူး မိမိရဲ့ဥာဏ်အရှေု့မှာ လာလာပြီးပေါ်ပျက်နေတာ
ပဲတွေ့ရမှာပါ……ပြောင်းပြန်လည်သွားတဲ့အမြင်ပေါ့……

နောက်ပြီးတော့ ဒါတွေကိုအာရုံပြုနေတဲ့ ဥာဏ်လည်း
ပြင်းလာတယ် ငြီးငွေ့လာတယ် မတွေ့ချင်ဘူးဆိုတဲ့
စိတ်တွေဖြစ်လာတယ် စိတ်ကုန်လာတယ်……အချို့ဆိုရင်
တရားထိုင်တာကို ရပ်နားရတဲ့အထိ ဖြစ်တယ်တဲ့…အချို့ကလဲ
မျက်ရေကျသတဲ့………ဒါဟာအင်မတန် တန်ဘိုးရှိတဲ့…
အမြင်ပဲတဲ့ဗျ………
ငြီးငွေ့ပြီဆိုရင်လွတ်ချချင်လာတော့မှာပါ……ဒါကြီးက
မြင်တွေ့နေရတာ……အင်မတန်မှလေးတာပဲဆိုတဲ့……
ဥာဏ်ကဝင်လာမှာပါ……ဖြစ်ပျက်တွေကို ကြောခိုင်း
ချင်တဲ့စိတ်ပေါ့……ကြောခိုင်းပြီးလွတ်ချလိုက်ရင် ဟိုဘက်က
ငြိမ်းတဲ့ဟာပဲကိုး………ဘယ်လိုတွေလွတ်ချပြီးဘယ်လိုတွေ
ကြောခိုင်းမလဲဆိုတာကိုတော့……မပြောတတ်ပါဘူး……
ဥပဉ္ဇင်းက အဲ့လောက်ထိ မကြွမ်းကျင်တာမို့ မိမိကိုယ်ကိုသာ…
လုပ်ကြည့်လိုက်ပါခင်ဗျ…………
image

@blay

3 upvotes $0.00

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: