4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိမ်းလန်းစိုပြေသော

image

ကျွန်းစိုက်ခင်းလေးသည် တစ်မျှော်တစ်ခေါ် ကျယ်ပြန့်သော တောင်ကြောပေါ်တွင် တည်ရှိလေသည်။
ရှုချင်စဖွယ်ကောင်းလွန်းနေပါသည်။ အပင်ကြီးတွေ က နည်းပါးသော်လည်း အပင်ပျိုလေးတွေက များစွာ
တက်လာပြီဖြစ်သော ကျွန်းပင်များရဲ့ ထူထဲကြိးမားသော အရွက်များသည် သစ်တောကြီးတစ်ခုကို စတင်
မွေးဖွားဖို့ ပြန်လည်နုပျိုလာစေဖို့ အဆင်သင့်ဖြစ်လို့နေပြီဖြစ်ပါလေသည်။
အစေ့ချပြီး ပျိုးထားသည့် ပျိုးဘောင်တွေကို သေချာလိုက်ကြည့်မိလေသည်။ လေးပေအကျယ် ဆယ့်ခြောက်ပေ
ဝန်းကျင်ခန့် ရှည်လျှားသော ပျုးဘောင်ထဲတွင် တော့ ကျွန်းစေ့လေးတွေ သေချာစီရီလို့ အတန်းလိုက်စိုက်ပျိုး
ထားပါလေသည်။ တစ်ချို့အပင်တွေသည် အညှောင့်တွေထွက်နေပြီဖြစ်ပါလေသည်။ တစ်ချို့ကတော့ အရွက်
လေးတွေဖားဖားဖြစ်နေပါပြီ။
ကျွန်းပျိုးခင်း ထူထောင်ရန်အတွက် လိုအပ်သောနည်းပညာများကို သစ်တောဦးစီးဌာနတွင် ရယူနိုင်ပါလေသည်။
သူတို့ပြောသောနည်းမှာ မြေဆွေးသုံးဆတွင် နောက်ချေးနှစ်ဆရောရသည် နောက်သဲတစ်ဆရောရလေသည်။
ထိုမြေများကို ဘောင်တစ်ခုအတွင်း ထည့်သွင်းကာ ကျွန်းပျိုးစေ့များကိုထည့်သွင်းပျိုးထောင်ရသည်။ နေအလွန်
ပူပြင်းသောအချိန်တွင် ရေကိုရွှဲနစ်နေအောင် လောင်းပေးရပါလေသည်။ ပျိုးခင်းအတွင်း အစေ့မချခင်တွင်
ကျွန်းစေ့များကို ရေစိမ်ထားသင့်သည် ထိုသို့ရေစိမ်ထားသောအစေ့များကို ပျိုးဘောင်အတွင်းထည့်သွင်းပျိုးထောင်
ပါက အပင်အထွက်ပိုမြန်ပါလေသည်။
ကျွန်းစေ့တို့သည် အပေါ်ယံတွင် မာကျောသော အခွံလွှာတစ်ထပ်ရှိနေသည်။
ထိုအလွှာမှာ တောထဲတွင် သဘာဝအတိုင်းရှိနေမည်ဆိုလျှင် တော့ ရေစိုလိုက် နေပူလိုက် မီးလောင်လိုက်နှင့် အက်
ကွဲပျက်စီးသွားကာ အတွင်းမှ အစေ့ထွက်ပေါ်လာလေသည်။ ထိုသို့ထွက်ပြူလာသောအစေ့ကသာ အပင်ပေါက်ရန်
အဆင်သင့်အနေအထားတွင် ရှိနေပါလေသည်။ ထိုသို့ဖြစ်ရန်အတွက် အချိန်သည် နှနှစ်ခန့်ထိကြာတက်ပါလေသည်။
ကျွန်းစေ့တို့သည် မြေပေါ်တွင် ဒီအတိုင်းရှစ်နှစ်ခန့်အထိ ရှင်သန်နေနိုင်ပါသည်။ ထိုနှစ်များအတွင်း အပေါ်ယံအခွံမာ
ပျက်စီးသွားမှသာ အပင်ပေါက်နိုင်သောအတွင်းစေ့ထွက်လာမည်ဖြစ်သည် ထိုသို့ထွက်လာမှသာလျှင် စိုက်ပျိုးနိုင်
သောအပင်ပေါက်နိုင်သော အဆင့်သို့ရောက်လေသည်။
@bobolin
photo-google image

38 upvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: