4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဒူးရင္းသီး

ဒူးရင်းသီးသည် မြန်မာပြည်တောင်ဘက်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ ပင်စည်မှာ ကြီးမားလှပြီး အမြင့်မှာလည်း မြင့်မားလှပါသည်။ ဒူးရင်းပင်သည် ကျောက်စရစ်မြေနီကို ပို၍ ကြိုက်ဟန်တူသည်။ အရွက်မှာလည်း အရောင်နှစ်မျိုးပါရှိသည်။ ကျောဘက်တွင် ရွှေအိုရောင်ရှိပြီး၊ တဖက်တွင် အစိမ်းရည်နုနုပင်ဖြစ်သည်။ မှည့်လျှင် ပင်မြင့်ပေါ်မှ အလိုအလျှောက်ပြုတ်ကျလာသည်။ ပင်မြင့်မှ ပြုတ်ကျလာသော်လည်း မပျက်မစီးဘဲ ပင်ကိုယ်အတိုင်းပင် တည်ရှိလျှက်ရှိသည်။

ဒူးရင်းသီး တစ်လုံးဟာ ပုံမှန်အားဖြင့် အလျား ၃၀ စင်တီမီတာ (၁၂ လက္မ) အချင်း ၁၅ စင်တီမီတာ (၆ လက္မ)ထိ ကြီးထွားနိုင်ပြီး၊ တစ်လုံး၏ ပျမ်းမျှအလေးချိန် မှာ ၃ ကီလိုဂရမ် (၂-၇ ပေါင်)ထိရှိပါသည်။ အနံ့မှာကား လွန်စွာ မွေးကြူလျှက်ရှိသည်။ အရသာမှာ ချိုမြကာ အခါးဘက်သို့သက်နေတတ်သည်။ အခါးဘက်သို့ သက်နေသော အရသာမှာကား အလွန်ပင်ကောင်းသည်ဟု သတ်မှတ်ထားကြသည်။
အစာအိမ်မကောင်းသူများ၊ အသဲရောဂါ သွေးတိုးရောဂါ ရှိသူများ ဒူးရင်းသီး စားရန် မသင့်တော်ပါ။ အစာကြေရန် ခက်ခဲခြင်း၊ ဝမ်းတွင်း အပူရှိန် မြင့်တက်စေခြင်းဖြစ်တတ်သည်။ ဒူးရင်းသီးအစိကို ပြုတ်စားလျှင် သံကျသည်ဟု ပြောကြသည်
တချို့ဒူးရင်းသီးမှာ အစေ့ကြီးသော်လည်း တချို့မှာ အစေ့သည်လွန်စွာသေးငယ်၍ အစေ့သည်ပါရုံသာ ရှိသည်။ အစေ့မှာ အချို့အသီးတွင် ငါးမြှောင့်၊ အချို့အသီးတွင် လေးမြှောင့်၊ အချို့တွင်သုံးမြှောင့် စသည်ဖြင့်လည်း ကွဲပြားတတ်သေးသည်။ ဒူးရင်းသီးကို အဆမတန်စားသုံးလျှင် အပူကန်တတ်ပါသည်။ ထိုသို့အပူမကန်စေရန် မင်းကွတ်သီးအား စားပေးရပါသည်။ နာနတ်သီးကိုလည်း စားခြင်းဖြင့် အပူမကန်နိုင်ပါ။ Screenshot_20181208-100111.jpg

4 upvotes 1 downvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: