4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

The mind

၂၂အရွယ် ဆင်းရဲသားလူငယ်တစ်ယောက်ရယ်
အသက်၅၀အရွယ် သူဋ္ဌေးတစ်ယာက်ရယ်ဟာ
ခန်းမထဲကိုဝင်လာတယ်

''လာဗျာ ခင်ဗျားတို့ နှစ်ယောက်ကို မျှော်နေတာ''

''ကျနော်တို့ လည်း စိတ်ဝင်စားနေတာ ဘာအတွက် ဖိတ်သလဲဆိုတာ သိချင်နေတာ''

''သဘာဝတစ်ခုကို ချပြချင်ရုံပါ''

''ဘယ်လိုမျိုးလဲဗျ''

''နောက်ပြီးရင် သိရမှာပါ
လောလောဆယ်တော့
ရွေးချယ်ပေးပါဦး''

''ဘာကိုရွေးချယ်ရမှာလဲ''

''ခင်ဗျားတု့် မြင်နေရတဲ့ ရှေ့ တည့်တည့်က အခန်းမှာ ချောပါတယ်လှပါတယ် ဆိုတဲ့မိန်းကလေးတွေ အဝတ်အစားမပါပဲ ရှိနေကြတယ်
စိတ်ကြိုက်သုံးဆောင်ခွင့်ရှိတယ်''

သူဋ္ဌေးကြီးရော ဆင်းရဲသားလူငယ်ကရော
ပြုံးသွား တယ်...
သွားဖို့ ခြေလှမ်းတွေပြင်လိုက်တယ်

''နေပါဦး ပြောဖို့ ကျန်သေးတယ်
အပေါ်ထပ်မှာ အင်မတန်ဆာလောင်
မွတ်သိပ်နေတဲ့ ကလေးတွေရှိတယ်
ကျွေးဖို့ အစားအစာတွေလည်း ရှိတယ် ကျွေးမယ့်သူမရှိဘူး...
ဒီတော့ရွေးချယ်ပါ နှစ်သက်ရာ အခန်းတစ်ခုထဲကိုဝင်ပါ....
ခင်ဗျားတို့ ရှေ့ မှာ လူဆယ်ယောက်လောက်က်ုလည်း
ရွေးချယ်ခိုင်းခဲ့ပြီးပြီ
သူတို့ ဘာကိုရွေးချယ်တယ်ဆိုတာ
မပြောပြတော့ဘူးနော်''

သူဌေးကြီးကတော့ အပေါ်ထပ်ကို တတ်သွားတယ်
ဆင်းရဲသားဟာ
အောက်ထပ်ကအခန်းထဲဝင်သွားတယ်...


စိတ်ကြိုက်သုံးဆောင်ပြီးနောက်
ဆင်းရဲသားလူငယ်က အခန်းထဲက ပြန်ထွက်လာတယ်...
''အဆင်ပြေခဲ့ရဲ့လား''

''စိတ်နှစ်ခွခံစားနေရတယ်
အပေါ်ထပ်ကို တတ်သင့်တယ်ဆိုတဲ့ စိတ်လည်းဖြစ်မိတယ်
တခါမှ မရဖူးတဲ့အခွင့်အရေးကိုလည်း လွဲသွားမှာစိုးတယ်''

'ခင်ဗျားကျေနပ်ခဲ့တယ်မဟုတ်လား''

'သူတို့ ဟာသိပ်လှတယ် ဆွဲဆောင်မှု သိပ်ရှိတယ်... နောက်ပြီး ဟိုတစ်ယောက်ကလည်း အပေါ်တပ်သွားတယ်ဆိုတော့
စိတ်ဖြေသာပါတယ်''

''ခင်ဗျားသာဘေးလူဆိုရင် ဘယ်လိုကောက်ချက်ချမလဲ''

''ကရုဏာတရားထက် လိင်စိတ်ပိုပြင်းတဲ့ကောင်ပေါ့ဗျာ''

ဒါပေမယ့်သူ့ မျက်နှာမှာ ကျေနပ်ခြင်းတွေနဲ့ 


အချိန်အတော်ကြာမှ သူဋ္ဌေးကြီးပြန်ဆင်းလာတယ်

''ကဲ ကိုယ့်ရွေးချယ်မှုအပေါ် ကျေနပ်ရဲ့လား''

''ကျေနပ်တာပေါ့ဗျာ'

''သူဋ္ဌေးကြီးက လိင်မှုကိစ္စကု စိတ်မဝင်စားလို့ လား''

သူဋ္ဌေးကြီးကရယ်တယ်

''ကျုပ်ဖွဲတစ်တင်းလောက် ကောင်းကောင်းနိုင်သေးတယ်''

''ဒါဆို ကရုဏာစိတ်များလို့ လား''

''အဲ့လိုလည်းမထင်နဲ့  ကျုပ်သာ
၂၀ကျော် ၃၀ကျော်အရွယ်ဆို အောက်ထပ်ကိုပဲ ဝင်ကောင်းဝင်မိမှာပါ...
ဒီကလေးတွေကို ကျုပ်မကျွေးလည်း တစ်ယောက်ယောက်ကျွေးမှာပဲ
ငတ်ပြီးသေအောင်တော့မထားပါဘူး
ဒါပေမယ့် ဒီအရသာကို ဒီအသက်အရွယ်မှာ ကြုံဖူးတာမနည်းဘူးလေ
ကျုပ်မှာငွေရှိနေတာပဲ စိတ်ပါတဲ့အချိန်
ကျုပ်လုပ်မှာပေါ့...
ကွာခြားတာတစ်ခုပဲရှိတယ်
လိင်ဆိုတာ အခ်ျန်တစ်ခုမှာ ရိုးအီစမြဲပဲ... အထူးသဖြင့် ကျုပ်တို့  လို လိုတိုင်းရနေမယ်ဆိုရင် ပိုပြီးရိုးလာလိမ့်မယ်''

''ဟိုလူငယ်ကိုရော ဘယ်လိုမြင်လဲ''

''ဘယ်လိုမှမမြင်ပါဘူး သူ့ ရွေးချယ်မှု နဲ့ သူပဲ
မဝေဖန်လိုဘူး
နားလည်ပေးလို့ ရတယ်လေ''

''ကဲဗျာ ခင်ဗျားမကျွေးလည်း ကျုပ်တို့  ကကျွေးမယ်လို့ ထင်ရင် ဘာလို့  များအချိန်ကုန်ခံပြီးသွားကျွေးနေသေး လဲ''

''လိင်ဆက်ဆံတာရော အချိန်မကုန်ဘူးလား''

''ဟာ ဒါကအချိန်ကုန်ပေမယ့် ပျော်ရွှင်ရတယ်လေ''

''ဒီကလေးတွေကိုအစာကျွေးရတာ ပျော်စရာမကောင်းဘူးလို့ များ ခင်ဗျားထင်နေတာလား''

''ဗျာ''

''ကိုယ့်ရဲ့ အားစိုက်ထုတ်မှုကြောင့် အခြားသူ ချမ်းမြေ့ရတယ်ဆိုရင် အဲ့ဒိကရတဲ့ပီတိကို
ကျုပ်သိပ်ကြိုက် တယ်... သူတော်ကောင်းပါလို့ 
တံဆိပ်လာမကပ်နဲ့ ...
မလိုချင်ဘူး...
လိင်ဆက်ဆံရတာလည်း
ပျော်စရာကောင်းတယ်
ခုလို ကူညီပေးရတာလည်း ပျော်စရာ ကောင်းတယ်...
ကျုပ်က ကျုပ်ပိုပျော်ရမယ့် ကိစ္စကို ရွေးလိုက်တာပဲ...
ဘာမှမထူးခြားပါဘူး''

''ဘယ်လို ''

''လူဆိုတာ ပျော်ရွှင်ဖို့ ကြိုးစားနေသူချည်းပဲ
ချမ်းမြေ့ဖို့ ကြိုးစားနေသူချည်းပဲ
ကောင်းသောအမှုမှာ ပျော်ရွှင်ဖို့ 
ကြိုးစားမိနေတာကလွဲရင်ပေါ့
စိတ္တဇလူသတ်သမားအချို့ က
လူသတ်ရတာကို ပျော်ရွှင်တယ်
တချို့ကျပြန်တော့ လူကယ်ရတာကို ပျော်ရွှင်တယ်

ပျော်ရွှင်မှုရှာကြတာခြင်းက အတူတူပဲ
ဥာဏ်ရည်အဆင့်အတန်းအလိုက်
ရွေးချယ်မှုတွေပဲ ကွာသွားကြတာ''

1 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: