4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Do Forget

မေ့လိုက်
=====

ရထားဆိုတာ အမြဲသွား​နေမှ ကဗျာဆန်​တာ
သံသရာဆိုတာကြီးကလည်း
မင်း​ဆေးစက်​ချရာ အရုပ်​ထင်​​နေမယ့်​ ပန်းချီကားတစ်​ချပ်​ပဲ
တိုက်​ခိုက်​ရင်း ချစ်​ခင်​ရင်း ရှင်သန်​​နေတယ်​ဆိုတာ
ဘဝတစ်​ခုစာ​လေးပဲ​လေ ။

ဒဏ်​ရာ အနာတရ ဆိုတာမျိုးက
သံ​​ယောဇဉ်​​တွေနဲ့ တိုက်​ရိုက်​ဆက်​သွယ်​တယ်
မင်း​နောက်​​ကျောကိုလည်း
ကြည့်​စမ်းပါအုးံ ဒဏ်​ရာ​တွေချည်းပဲ
အဲဒါ အမှတ်​တရ လို့​ခေါ်တယ်

အ​ကောင်းဆုးံလို့ထင်​ထားတဲ့အရာ​တွေဟာ
လိမ်​ညာလှည့်​ဖျားမှုတစ်​ခုလည်း
ဖြစ်​နိုင်ခွင့်​ရှိတယ်​မဟုတ်​လား
အဲဒါ.....
လောကကြီးရဲ့​ပေးတဲ့ ပညာပဲ ။ ။

မြို့ငယ်​​လေးကို​မေ့လိုက်
မဆက်​သွယ်​လာတဲ့ ph call​တွေကို ​မေ့လိုက်
နာကျင်​​စေနိုင်​တာ မှန်​သမျှ ​မေ့ထားလိုက်​ပါ

စိတ်​ခံစားချက်​ကို ဟာသ​တွေနဲ့
ရော​ထွေးအန်​ချလိုက်
အနည်းဆုးံ​တော့ သက်​သာတယ်

ဝေးနိုင်​သမျှ ​ဝေးခဲ့ပြီပြီးပဲ
ဘာကို ​မျှော်​လင့်​​နေ​သေးတာလဲ
မေ့လိုက်​........
သူတို့ သတိရလာလိမ့်​မယ်​ ။ ။

@cakka
msu no.055

image

14 upvotes 2 downvotes $0.00

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: