Community post
အချစ် နဲ့ ငွေ

အချစ်ကြီးရင်အရှုံးရတယ်
နာလည်မှုတွေပေးရင်လှည့်စားတယ်
အောက်ကျွံခံရင်မာန်တတ်တရ်
စာနာစိတ်နဲ့ကူညီရင်စော်ကားတတ်ကြတရ်
လူတချို့ကစာနာစိတ်တွေ
အချစ်တွေဂုနာတွေနဲ့မတန်သူတွေ
ဆန္ဒတွေတော့ရှိတယ်
မတောင်းဆိုတော့ဘူး
ဂရုစိုက်မှုတွေတော့လိုချင်ခဲ့တယ်
မပြောပြတော့ဘူး
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
မဆုံချင်တော့ဘူး ...
တကယ်ချစ်ခဲ့တာတော့ဝန်ခံတယ်
မလိုအပ်တော့ဘူး
ပေးဆပ်ခဲ့သမျှတွေတော့သိစေချင်တယ်
နစ်နာခဲ့တယ်လို့မသတ်မှတ်ဘူး
သူသိသည်ဖြစ်စေ သူမေ့သည်ဖြစ်စေ
မဆုံချင်တော့ဘူး ...
အချစ်နဲ့တော့ပတ်သက်နေတယ်
မသက်ဆိုင်တော့ဘူး
မမေ့နိုင်သေးတဲ့ခံစားချက်တွေတော့ရှိတယ်
နာကျည်းမုန်းတီးနေတာမဟုတ်ဘူး
ဘယ်သူမှန်သည်ဖြစ်စေ ဘယ်သူမှားသည်ဖြစ်စေ မဆုံချင်တော့ဘူး ...
အကြောင်းတိုက်ဆိုင်တိုင်းခံစားချက်တွေဖြစ်တည်နေတယ်
မမျှော်လင့်တော့ဘူး
နှလုံသားကတိုးထွက်လာမှုတွေသာဖြစ်တယ်
နာကျင်စွာအသည်း တွေကွဲပြီးခံစားနေတာတော့မဟုတ်ဘူး
ပြန်ဆုံသည်ဖြစ်စေ မဆုံဖြစ်တော့သည်ဖြစ်စေ
မဆုံချင်တော့ဘူး ...
ရာသီတွေပြောင်းလဲနေတယ်
ဟိုအရင်လိုသက်ပြင်းချက်တွေနဲ့မမွန်းကျပ်တော့ဘူး
အချိန်တွေနဲ့ကုစားခဲ့တာဖြစ်တယ်
အပြီးတိုင်မေ့ဖျောက်နိုင်စွမ်းတော့မရှိသေးဘူး
ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ
မဆုံချင်တော့ဘူး ...
တကယ်ချစ်ခဲ့လို့…
နာကျင်စွာခံစားဖူးတဲ့ သူတိုင်းသာ
အသိဆုံးဖြစ်လိမ့်မယ်
ချစ်ဖူးခဲ့တဲ့အချစ်မျိုးကို
နောက်ထပ်ဘယ်တော့မှ
မဆုံချင်တော့ဘူး ...။
ဆန္ဒတွေတော့ ရှိသည်
မျှော်လင့်ချက်တော့ မရှိပါ ။
သို့ သော်…
သူ့ ကို ကျွန်မ အလွန်ချစ်ပါသည် ။
ကျွန်မလေ …သူ့ ကို ဘယ်တော့မှ မမျှော်လင့် တော့ပါဘူး ။
ကျွန်မဘေးမှာ သူ ရှိသည်ဖြစ်စေ…
မရှိသည် ဖြစ်စေ…
ကျွန်မ ရင်ဘတ်ထဲ အသည်းနှလုံးထဲမှာ
သူသာလျှင် ထာဝရ ရှိနေမှာပါကွယ်…
ရယူလိုမှု့ တစ်စုံတစ်ရာ မပါပဲ
သူ့ ကို မြတ်နိုးစွာ ချစ်ခဲ့တယ်ဆိုတာ…
ပျော်စရာတွေကို ဝေမျှလိုက်ရင် နှစ်ဆတိုးပွှားလာပြီး သင့်ကော သင့်ပတ်ဝန်းကျင်ကော ပျော်ရွှင်ရတယ် စိတ်ညစ်စရာကို ဝေမျှလိုက်ရင် သင်နဲ့ရင်ဘတ်ခြင်းနီးသူက ကူခံစားပေးလို့ တစ်ဝက်သက်သာလာလိမ့်မယ်………။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.