4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အားကစားဝါသနာရှင်များ

ဒီညကြည့်​ကြမယ်

image

ယနေ့ည (၆)နာရီအချိန်တွင်ကစားမည့် ၀ုဗ်နှင့် မန်စီးတီးတို့၏ပွဲစဉ် Studio Live သုံးသပ်ချက်အစီအစဉ်၌ ရှမ်းယူနိုက်တက် ယူ-၂၁နည်းပြချုပ်ဦးမင်းသူ(မြန်မာ့လက်ရွေးစင်ဟောင်း) ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါတယ်။

image

ဝက်စ်ဟမ်းပရိသတ်တွေကို စိတ်ရှည်ပေးဖို့ နည်းပြပယ်လီဂရီနီ တောင်းဆို

သူ့ရဲ့အကောင်းဆုံးပွဲထွက်ကစားသမား(၁၁)ဦးကိုတောင် ရွေးချယ်ဖို့မသိသေးဘူးလို့ ၀န်ခံခဲ့ပြီးတဲ့နောက် ၀က်စ်ဟမ်းပရိသတ်တွေကို စိတ်ရှည်ပေးဖို့ နည်းပြပယ်လီဂရီနီက တောင်းဆိုခဲ့ပါတယ်။

ဝက်ဟမ်းနည်းပြပယ်လီဂရီနီဟာ အန်ဒါဆင်၊ ယာမိုလန်ကိုတို့အပါအ၀င် နွေရာသီမှာ ကစားသမား(၉)ဦးကို ခေါ်ယူဖို့ အသင်းစံချိန်တင်အသုံးစရိတ် ပေါင်သန်း(၁၀၀)သုံးစွဲခဲ့ပါတယ်။

ငွေကြေးများစွာသုံးစွဲပြီး ကစားသမားတွေခေါ်ယူထားတာကြောင့် ရလဒ်ကောင်းဖို့သူ့မှာဖိအားရှိနေတယ်ဆိုတာကို နည်းပြပယ်လီဂရီနီ သိထားပါတယ်။ ဒါပေမယ့် သူ့ရဲ့အတောင့်တင်းဆုံး ကစားသမားတွေကို ရွေးချယ်နိုင်ဖို့စောလွန်းနေသေးတယ်လို့ ပယ်လီဂရီနီက အတည်ပြုပြောခဲ့ပါတယ်။

နည်းပြပယ်လီဂရီနီက “ဒါက ဘယ်လောက်ကြာမလဲဆိုတာ ပြောဖို့အလွန်ခက်ခဲပါတယ်။ အသင်းသစ်၊ နည်းပြသစ်နဲ့ ကစားသမားသစ်တွေဟာ အချိန်လိုအပ်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ဘောလုံးမှာ အချိန်အများကြီးတော့ပေးမှာမဟုတ်ပါဘူး။ တိုးတက်ဖို့နဲ့ အနိုင်ရဖို့ကြိုးစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့အတွေ့အကြုံကိုယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ ၀က်စ်ဟမ်းဟာ ပရီးမီးယားလိဂ်(၂)ပွဲကစားအပြီးမှာ ရမှတ်မရသေးဘဲ အဆင့်(၁၉)နေရာမှာရပ်တည်နေပါတယ်။

image

16 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: