4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သင်္ကြ ကာလ

image
နွေဦးကာလ ဖုန်ထသော အချိန်ကာလ တစ်ခုမှာ တန်ပေါင်းလရာသီကုန်ဆုံးလို့ တန်ကူးလသို့ ကူးပြောင်းမည့်အချိန် သင်္ကြန်ရိုးရာပွဲကို ဆင်နွဲလေ့ရှိကြပါတယ်။ သင်္ကြန်ဆိုတာ သင်္ကြန္တ ဆိုတဲ့ စကားလုံးက ဆင်းသက်လာပြီး နှစ်ဟောင်းမှာ ရှိခဲ့တဲ့ စိတ်အညစ်အကြွေးတွေကို နှစ်သစ်ကိုကို မပါလာစေဖို့ သင်္ကြန်ရေး အေးအေးလေးနဲ့ပတ တ်ဖြန်းဆေးကြောတာ ဖြစ်ပါတယ်။ သင်္ကြန် ဆိုတဲ့ အတိတ်နိမိတ်ဟာ အေးမြခြင်းသဘောကို ဆောင်ပါတယ်။င်္ကြန်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ကူးပြောင်းခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒီကာလ အချိန်အခါတွေကို စာရေးဆရာကြီးတွေက အမျိုးမျိုးသော အတွေအမြင်တွေနဲ့ ရေးဖွဲခဲ့ကြတယ်။ လက်ဝဲသုန္ဒရ အမတ်ကြီးက ဆိုရင်-
"သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ
စာပုလွေခင်း၊ ပစဉ္စင်းတော်ခံ"
ဆိုပြီး ရေးဖွဲ့ထားတာရှိပါသေးတယ်။ (၁၂) လရာသီတိုင်း ရှေးမြန်တွေ ထားရှိခဲ့ တဲ့ အမွေအနှစ်က ရှိနေပြန်သေးတယ်။ ဒါကတော့ လစဉ်
လတိုင်းမှာ ရိုးရာပွဲတွေ ထားရှိခဲ့ပါတယ်။ သင်္ကြန် ဆိုတာပုဂံခေတ် တရုပ်ပြေးမင်း၊ မင်းခွေးချေး၊ နရသီဟပတေ့မင်း ထိုသူတို့ လက်ထပ်ကတည်းရ စတင်ခဲ့တာပါ။ ကြားရှည်စွာ လည်း ထိန်သိမ်းခဲ့ တဲ့ ကျွန်ုပ်တို့ ဘိုးဘွားတွေ လက်ထပ်မှာ မပျက်စီးခဲ့ပဲ ကျွန်ုပ်တို့ ထပ်ထပ်မှာလည်း
လုံးဝအပျက်စီး မခံလိုပါ။ ဒါကြောင့် လည်း ဆက်လက်
ပြီးထိန်းသိမ်း တာဝန် ကျွန်ုပ်တို့မှာ ရှိနေပါတယ်။
နှစ်ပေါင်းများစွာက အဖြစ်တွေ ကို သတိရပါ
သူငယ်ချင်းတို့........
ယနေ့ခေတ်ဟာ အရာရာတိုးတက်ပြောင်းလဲ ခဲ့တယ် ဆိုပေမဲ့ သင်္ကြန်ဆိုတာ ကိုတော့ အရောင်မဆိုးကြပါနဲ့
ကျောက်ခေတ်ကိုလည်း ပြန်မသွားကြ ပါနဲ့။ သင်္ကြန်မှာ
မြန်မာ့ ရိုးရာ ဝတ်စုံလေးတွေနဲ့ ပိတောက်ပန်းကို ဆံနွယ်ထက်မှာ ပန်ဆင်တဲ့ အမျိုးသမီးလေးတွေ အဖြစ် နေရတာ ဂုဏ်ယူကြပါ မိန်းကလေးတို့..........
သင်္ကြန်ရက်ဆိုတာ အရက်သောက်တဲ့ ရက်လို့များမှတ်လေ သလား သူငယ်ချင်း......မမှားကြပါနဲ့
ရှောင်ကျဉ်ရမည့် အလုပ်ကို ဂုဏ်ယူစွာနဲ့ လုပ်နေကြတာ
အရမ်းသရုပ်ပျက်လှပါတယ်....
မြန်မာဆိုတာ မြန်မာ ဆန်မှ လှတယ်ဆိုတာ မမေ့ကြပါနဲ့ဦး.....
အရင်ကဆိုရင် မိန်းမပျိုလေးတွေဟာ ဆွမ်းအုပ်ကိုယ်စီနဲ့
ဘုန်းကြီးကျောင်းကအပြန်လမ်းမှာ ကိုယ်လူပျို
တသိုက်က ရွှေဖလားလေးနဲ့ ရေလောင်း မှာ အလောင်းခံ တဲ့ မြန်မာ အမျိုးသ္မီးလေး တွေ အခု တော့ ရေပိုက်လောက်တောင် တန်ဖိုး မထားကြတော့ဘူးပေါ့.......
မြန်မာဖြစ်ရင် မြန်မာလိုဝတ်ဆင်ပါ မြန်မာတွေကသာ
သင့်ကို ချစ်ကြိုက်မှာပါ။
ကျေးဇူးတင်လှပါတယ်..........

4 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: