4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

mining dogecoin

shibeminer.png

Cryptocurrency ဆိုတာ peer to peer တစ်ဦးနဲ့ တစ်ဦး ကြားခံမပါဘဲ

​ပေးပို့နိုင်တဲ့ digital currency ဖြစ်ပါတယ် ​ငွေ​ကြေးကို ထိန်းသိမ်းဖို့

​ငွေပို့​ငွေလွှဲဖို့ ကြားခံ ဘဏ် အဖွဲ့အစည်း မလိုပါဘူး ​ပေးပို့လိုက်တဲ့

​ငွေဟာ လက်ခံသူဆီကို ​ရောက်ဖို့ nodes ​တွေက​နေ စိစစ်​ပေးရတယ်

nodes ​တွေအားလုံးရဲ့ ထက်ဝက်​ကျော်က ​ငွေ​ပေး​ချေမှုကို

အတည်ပြု​ပေးရင် လက်ခံသူဆီ ​ငွေ​ရောက်ပါတယ် ဒီလိုမျိုး

အတည်ပြု​ပေးဖို့ network ထဲက ကွန်ပြူတာ​တွေက mining

လုပ်​ပေးရပါတယ်။ mining လုပ်ရတာက ကွန်ပြူတာရဲ့ တွက်ချက်မှု

စွမ်းရည် အများကြီး လိုအပ်ပါတယ် ရှင်းရှင်း ​ပြောရရင်​တော့ ​စျေးများများ

​ပေးရတဲ့ အမြင့်စား cpu ​တွေ gpu ​တွေ လိုအပ်ပါတယ် အားနည်းတဲ့

cpu ​တွေနဲ့ mining လုပ်မယ်ဆိုရင် အပူလွန်ကဲလာပြီး ပျက်ဆီးမှုကို

ဖြစ်​စေနိုင်တယ် ပြီး​တော့ လျှပ်စစ် ဓါတ်အားလည်း စားပါတယ်

ဒီ​ဆောင်းပါးမှာ​တော့ dogecoin ကို mining လုပ်ဖို့ လိုအပ်ချက်​တွေကို

​ဖော်ပြသွားပါမယ် ပြီး​တော့ dogecoin mining လုပ်ရင် မြတ်နိုင်သလား

​ဆွေး​နွေးသွားပါမယ် မြန်မာနိုင်ငံမှာက 4gb ရှိတဲ့ gpu တစ်ခုကို ဝယ်ရင်

ကျပ် တစ်သိန်းခွဲ နီးနီး ကျနိုင်တယ် cpu ကလည်း အနည်းဆုံး ဒီ​လောက်တန်ပဲ

ရှိပါတယ် ပြီး​တော့ အခု​ခေတ်မှာ မီတာခ​တွေကလည်း တိုးမြင့်လာ​တော့

အမြတ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်သ​လောက်ပဲ ဒါ​ပေမဲ့ coin ​စျေး​တွေ

တက်လာရင်​တော့ တစ်မျိုးတစ်မည် ဖြစ်နိုင်ပါတယ် ကျွန်​တော်က​တော့

အမြတ်ရဖို့ထက် ဝါသနာပါလို့ mine ဖြစ်ပါတယ်။ cpu သို့မဟုတ် gpu နဲ့

Mine လို့ရတဲ့ coin ဖြစ်တဲ့ monero ကို mine တာပါ bitcoin က​တော့

Gpu နဲ့ mine ရင်​တောင် gpu ​လေးငါး​ခြောက်လုံး​လောက်ပါတဲ့

Mining rig ​တွေနဲ့မှ အဆင်​ပြေမယ် ဒါမှမဟုတ် ASIC miner လို

Crypto mining အတွက် သီးသန့်သုံးတဲ့ စက်​တွေနဲ့ mine မှ အမြတ်

ထွက်နိုင်မယ် ဒီစက်​တွေက USD 1500 က​နေ 2000 နီးနီး ​ပေးရပါတယ်

ဒါ့ပြင် မီတာလည်း မတရားစားပြီး ဆူညံသံလည်း ထွက်ပါတယ်

ကျွန်​တော် mine တဲ့ monero က​တော့ ASIC resistant coin ပါ

ASIC နဲ့ mine ရင်လည်း ဘာမှ ပိုမထူးခြား​အောင် လုပ်ထားတဲ့ coin ပါ

Dogecoin က​တော့ cpu, gpu, ASIC အားလုံးနဲ့ mine လို့ ရပါတယ်

ဒီ​တော့ ကိုယ်က အားနည်းတဲ့ cpu, gpu ​လောက်နဲ့ mine ​နေရင်

ASIC နဲ့ mine တဲ့ လူ​တွေကို မယှဥ်နိုင်ပါဘူး ပြန်ရတဲ့ ​ငွေက နည်းမှာပါ

Minine ဆိုတာက ထီထိုးသလိုပါပဲ ကိုယ်က mine ​နေရင် ထီထိုးခွင့်

ရ​နေတာနဲ့ တူပါတယ်။ mine ​နေတဲ့ ကွန်ပြူတာ​တွေထဲက block ကို

ရှာ​တွေ့သူကိုသာ block reward ​ပေးပါတယ် ဒါက solo mining ကို

​ပြောတာပါ ထီထိုးသလို မဟုတ်ဘဲ ပုံမှန်ဝင်​ငွေ ရချင်တယ် ဆိုရင်​တော့

Mining pool တစ်ခုမှာ တခြား miner ​တွေနဲ့ ​ပေါင်းပြီး mine နိုင်ပါတယ်

ဒီ အဖွဲ့ထဲက တစ်ဦးဦးက block ကို ​တွေ့ရှိသွားရင် block reward ကို

Mine တဲ့ ကွန်ပြူတာ​တွေ လုပ်​ဆောင်​ပေးတဲ့ hash power အလိုက် ညီတူညီမျှ

ခွဲ​ဝေယူကြရတာပါ solo mining က​တော့ ခု​ခေတ်မှာ သီတင်းပတ် သုံး​လေး

ပတ်​လောက် Mine ရင်​တောင်မှ block ​တွေ့ရှိရဖို့ မ​သေချာပါဘူး mining လုပ်ဖို့

Software လည်း လိုပါ​သေးတယ် ကိုယ်အသုံးပြုတဲ့ hardware အလိုက်

Cudaminer, CGminer, EasyMiner နဲ့ MultiMiner ​တွေက​တော့ free ရနိုင်တဲ့

Software ​တွေပါ ပြီး​တော့ mining လုပ်ဖို့ internet connection လည်း လိုပါတယ်

Dogecoin စတဲ့ cryptocurrency ​တွေကို mining လုပ်သင့်၏ မလုပ်သင့်၏

ကျွန်​တော် အကြံ​ပေး​နေခြင်း မဟုတ်ပါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လိုအပ်တာ​တွေ

သိရှိနိုင်​အောင် ​ရေးသား​ဖော်ပြခြင်းသာ ဖြစ်ပါတယ် ​နောက်ထပ် post ​တွေမှာ

Gpu မရှိတဲ့ ကွန်ပြူတာ​တွေအတွက် cpu နဲ့ mine လို့ရတဲ့ coin ​တွေအ​ကြောင်း

​ဆွေး​နွေးသွားပါမယ်

Please follow crypto.myanmar

I will follow you back without fail

Please upvote crypto.myanmar post

I will upvote back without fail

Please resteem crypto.myanmar post

I will resteem back without fail

Lets make money together with steem

1 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: