Community post
ကလေးတွေလိုအိပ်ပါ
နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို အိပ်ရေးပျက်ခြင်းဟာလည်း ရောဂါဘယမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် အဝလွန်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေ အိပ်တဲ့အခါ အရာအားလုံးကို မေ့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလို အိပ်စက်ပါ။ သင့်ကို စိတ်ကြည်လင်စေပြီး တနေ့တာအတွက် ခွန်အားတွေ ပေးပါလိမ့်မယ်။
နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့ဆိုရင် အိပ်ချိန်နဲ့နီးပြီး ကော်ဖီမသောက်ပါနဲ့။ နေ့တိုင်းမှာ တူညီတဲ့အချိန်ဇယားအတိုင်း အိပ်စက်ပါ။ မီးအလင်းရောင်ပိတ်ပြီး အိပ်ပါ။ မအိပ်ခင်မှာလည်း မီးကိုမှိန်မှိန်သာ ထွန်းထားပါ။
အိပ်ခန်းအတွင်းမှာ ရနံ့သင်းပျံ့တဲ့ ပန်း၊ ဒါမှမဟုတ် ရနံ့အိတ်လေးတွေထားပါ။ သင်ကောင်းကောင်းအိပ်ပျော်ရင် နောက်တရက်အတွက် စိတ်ရောကိုယ်ပါ လန်းဆန်းရုံမက ရေရှည်မှာ ကျန်းမာရေးကောင်းအောင် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.