4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သမိုင်းသွေး

993600_179464325561564_1323462699_n.jpg
ဇူလိုင် 19 မှာကျတဲ့ သွေးတွေ …

လူထုမျက်ရည်တွေနဲ့ရောပေမယ့်
ကျဲမသွားဘူး …
ချင်းချင်းနီနေဆဲ …
ကိုယ့်အသက်လုပြေးဖို့ထက်
သူတစ်ပါးကို ကာကွယ်ဖို့အားသန်တဲ့လူ
ကျည် ၁၃ ချက်က
သမိုင်း ခါးလှတယ် …
ပြည့်ရတနာအတွက်
နှလုံးသွေးကြောပင်မဆီကစီးဆင်းလာတဲ့
ကြေကွဲဝမ်းနည်းမှုတွေ
တစ်နိုင်ငံလုံးမှာလျံထွက် …
အဲဒီနေ့ ဖခင်ကွယ်တဲ့နေ့ …
ရှင်းရှင်းဘွင်းဘွင်း
စကားပြောမချိုပေမယ့်
နူးညံတဲ့ နှလုံးသားက
နွေးထွေးတဲ့စေတနာတွေ
တိုင်းပြည်ကို လွှမ်းခြုံလို့
ကိုယ်ကျိုးစွန့်တဲ့ ဖခင်အတွက်
အသက်ချင်းလဲချင်သူတွေ
တစ်ပုံတစ်ပင်
မြန်မာပြည်ကိုချစ်ပုံများ
လူဖြစ်ရကျိုးနပ်ပါဘိ
သူ့သွေးနဲ့ရေးခဲ့တဲ့သမိုင်းက
ပြည်သူတွေရဲ့ နှလုံးသားထဲ
အသက်ဆက်စေခဲ့ …
ဘယ်တော့မှမသေဘူး
အဲဒီသူက ငါတို့အဖေ …
မြန်မာပြည်ရဲ့ အဖေ …
ကျည် ၁၃ ချက်
ဗိုလ်ချုပ်ကိုထိခဲ့တာမဟုတ်
လူထုနှလုံးသားထဲကို စိုက်ဝင်ခဲ့တာ …
တွေးမိတိုင်းခုထိနာနေတုန်း …။ ။
@ddmatsaw
photo:google

3 upvotes 2 downvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: