4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Age is Just a Number for Ronaldo

ဒီနေ့တော့ Saudi Arabia Pro League ဘက် သွားကြည့်ရအောင်။ Saudi Pro League ရယ်လို့ လူအများ စိတ်ဝင်စားလာကြတာ Ronaldo ကြောင့်ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်။ Al Nassr အသင်းကို Ronaldo ပြောင်းရွှေ့မှု နှင့်အတူ အခြား နာမည်ကြီး ကစားသမားတွေလည်း ပြောင်းလာခဲ့ကြပါတယ်။ အစပိုင်းမှာ အရွယ်အရ အနည်းငယ် အကျပိုင်း ရောက်နေတဲ့ ကစားသမားတွေသာ ရောက်လာကြပါတယ်။

ငွေကြေးအရကြောင့်ပဲ ပြောပြော ဖိအားကင်းစွာ ကစားရလို့ပဲ ဆိုဆို နာမည်ကျော် ကစားသမားတွေ အတော်လေး ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၃၀ ကျော် ကစားသမားတွေတင်မက ၂၀ ကျော် နာမည်ရှိ တက်လမ်း ရှိသေးတဲ့ လူငယ်တွေလည်း Saudi Pro League ကို ပြောင်းလာကြပါတယ်။ Ronaldo effect က ထိုမျှထိ ကြီးပါတယ်။ ငွေကြေးအားဖြင့်လည်း မက်လောက်စရာတွေ ရှိနေသည် မဟုတ်လား။

မနှစ်က Ronaldo ရဲ့ Al Nassr အသင်း Pro League ချန်ပီယံ ဖြစ်တယ်။ အနီးကပ်ဆုံး ပြိုင်ဘက် Al Hilal အသင်းကို ၂ မှတ်ဖြတ်ကာ ၈၆ မှတ်နဲ့ ဗိုလ်စွဲခဲ့တာပါ။ Ronaldo အတွက်လည်း Major ဖလား တလုံး အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ World Cup အပြီး ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် အသင်းနဲ့ ပူးပေါင်းမှုမှာ နောက်ကျနေပါသေးတယ်။ ဒါပေမဲ့ Week 2 ပွဲစဉ်မှာ လူစားဝင်ပြီး ၁ ဂိုး သွင်းခဲ့ပါသေးတယ်။

၄၁ နှစ် အရွယ် ကစားသမားတဦးလို့ ထင်မှတ်စရာ မရှိရလေအောင် Ronaldo တယောက် အစွမ်းတွေ ပြသနေခဲ့ပါတယ်။ Ronaldo, Messi တို့က အသက်မကြီးတော့ဘူးလားလို့ကို ထင်မှတ်မှားစရာပါ။ အကောင်းဆုံး အချိန်တွေကို ကျနော်တို့ ကြည့်ခွင့်ရခဲ့တယ်။ ခု အနားယူခါနီး အချိန်ထိ ကောင်းကောင်း ကစားပြနေတဲ့ Goat နှစ်‌ယောက်ကို မြင်ရတာ ဝမ်းသာ ပျော်ရွှင် ကျေးဇူးတင်ရပါတယ်။ တဖက်မှာလည်း ဝမ်းနည်းမိပါတယ်။ မြက်ခင်းစိမ်းတွေပေါ်မှာ သူတို့ကို မြင်ရဖို့ အချိန် သိပ်မကျန်တော့လို့ပါ။

Pro League Week 3 အပြီးမှာ Ronaldo ရဲ့ Al Nassr အနေဖြင့် ၃ ပွဲလုံး အနိုင်ရထားပါတယ်။ ဒီရာသီမှာလည်း မနှစ်ကလိုပဲ တာထွက်ကောင်းနေပါတယ်။ Back to back champion ဖြစ်ဖို့ သူတို့ ရည်ရွယ်ထားပုံ ရပါတယ်။ အစကောင်းမှ အနှောင်းသေချာမယ် မလား။ Ronaldo အတွက် ဒီနှစ်လည်း ချန်ပီယံဆု ထပ်မံ သိမ်းပိုက်နိုင်ဖို့ မျှော်လင့်မိပါရဲ့။

(photos from RSL page)

180 upvotes $0.27

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: