4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Laliga

မနေ့က Mourinho အကြောင်း တွေးမိရာက Spain Laliga အကြောင်းကိုပါ တွေးမိပြန်၏။ Sir Alex နှင့် Arsene Wenger ခေတ်တုန်းက EPL သည် နှစ်ကောင်ထဲပြေးသည့် မြင်းပြိုင်ပွဲနှယ်။ သူတို့ နှစ်ဦး၏ Man United နှင့် Arsenal တို့သာ EPL ကို ကြီးစိုးထားခဲ့၏။ တလှည့်စီ ချန်ပီယံဆုဖလားကို သိမ်းပိုက်ကြ၏။ Mourinho ရောက်လာပြီး နောက်ပိုင်းမှသာ နှစ်ယောက်သားအတွက် ပြိုင်ဘက် တယောက် ထပ်တိုးလာခဲ့ခြင်း ဖြစ်၏။ EPL လည်း ပို၍ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာခဲ့၏။

Mourinho ၏ အပြုအမူ အပြောအဆို အနေအထိုင်တွေကြောင့် ထိုစဉ်က သူ့ကို ကြည့်မရသူ များကြ၏။ ဒါပေမဲ့ ပြောပြီး ပြောတဲ့အတိုင်း လုပ်ပြတတ်လို့ လေကြီးလေကျယ်ဟု ပြောမရတော့ပေ။ သူကား ပြောတဲ့အတိုင်း လုပ်ပြနိုင်သူ ဖြစ်၏။ နောက်ပိုင်းမှာ EPL မှာ အခြားအသင်းတွေလည်း ခေတ်တခု ထူထောင်လာနိုင်ခဲ့၏။ ဥပမာ Man City လိုပေါ့။ နောက်ပိုင်း နှစ်တွေမှာတော့ Arsenal, Man City နှင့် Liverpool တို့၏ အားပြိုင်မှုတွေကို ပို၍ မြင်ခဲ့ရ၏။ မနှစ်ကမှ Arsenal တို့ တကျော့ပြန် ဗိုလ်စွဲနိုင်ခဲ့၏။

Laliga မှာဆိုရင်လည်း Barcelona နှင့် Real Madrid တို့ ၂ သင်းထဲသာ ကြီးစိုးနေခဲ့တာကြာပြီ။ တချက်တချက်မှ Atletico Madrid ထိုးဖောက်ပြနိုင်တာ ရှိခဲ့၏။ အဆိုပါ ၂ သင်း၏ တည်ဆောက်ထားသည့် ပုံစံချင်းက မတူညီပေ။ Real Madrid က နာမည်ကျော် ကစားသမားများ နှစ်စဉ် ခေါ်ယူလေ့ ရှိပြီး Barcelona ကတော့ အကယ်ဒမီထွက် လူငယ် ကစားသမားတွေကို ပိုမို ပွဲထုတ်လေ့ ရှိ၏။ ထို့ကြောင့်လည်း Spain လက်ရွေးစဉ် ကစားသမားတွေထဲမှာ Barcelona အသင်းမှ ကစားသမားတွေ ပို၍ပါနေခြင်း ဖြစ်၏

ပြီးခဲ့သော ၁၅ နှစ်အတွင်း Atletico Madrid ၂ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ပြီး ကျန်အကြိမ်တွေမှာ Barcelona တလှည့် Real Madrid တလှည့် သူတို့ပဲ လှည့်လည်ပြီး ယူနေခဲ့ကြ၏။ Laliga မှာက သူတို့ကို ကျော်လွန်နိုင်တဲ့ အသင်းက မရှိတော့ဘူးလားဟု မေးစရာ ရှိလာ၏။ တကယ်လည်း မရှိသေးဟု ဆိုရပေလိမ့်မည်။ German Bundesliga ဆိုလည်း ဘာထူးလဲ Bayern Munchen တသင်းထဲသာ ကြီးစိုးနေတာ များ၏။ France မှာကြ PSG Italy Series A ကတော့ EPL လိုပဲ အသင်းတွေက မျှခြေမှာ ရှိ၏။ သို့ပေမဲ့ EPL လောက် စွဲ‌မက်ဖို့ မကောင်းသလို ခံစားရပြန်၏။ ရုပ်သံမီဒီယာကြောင့်နဲ့လည်း ဆိုင်မည်ထင်။

ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပွဲစဉ်တွေကို လူအများက နှစ်သက်ကြ၏။ အာရှပရိတ်သတ်အများစုက EPL ကို ကျန်လိဂ်တွေထက် ပို၍ နှစ်သက် အားပေးကြ၏။ ကြီး ၂ ကြီး မဟုတ်တော့ဘဲ ကြီး ၆ ကြီး ဖြစ်သွားသည့် နောက်ပိုင်း အသင်းပရိတ်သတ်တွေလည်း အပြိုင်အဆိုင် ပိုရှိလာခဲ့၏။ Spain မှာတော့ ထိုသို့ ဖြစ်လာဖို့ ရှည်ကြာဦးမယ် ထင်ပါ၏။

(photos from Laliga page)

207 upvotes $0.26

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: