Community post
Mourinho

နည်းပြ Mourinho ရဲ့ တကျော့ပြန် Real Madrid ခရီးလမ်းက အဖွင့်လှနေခဲ့ပါတယ်။ Laliga မှာ ၂ ပွဲကစားထားပြီး ၂ ပွဲလုံး အနိုင်ရထားပါတယ်။ မနက်က ပွဲစဉ်မှာဆို Real Sociedad ကို ၄-၁ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ Mbappe ရဲ့ Hat-trick သွင်းဂိုးတွေ နှင့်အတူပေါ့။ အသင်းပေါင်းများစွာကို ပြောင်းလဲ နည်းပြခဲ့တဲ့ Mourinho တယောက် အသင်းဟောင်း Real Madrid ဆီ တခေါက် ပြန်လည်လို့ ရောက်ရှိလာခဲ့ပါပြီ။
FC Porto အသင်း နှင့်အတူ ၂၀၀၂-၀၃ မှာ Europa league ချန်ပီယံ၊ ၂၀၀၃-၀၄ မှာ UCL ချန်ပီယံဆုတွေ ရယူပြနိုင်ခဲ့ပြီး နောက်မှာ သူ့ကို ကမ္ဘာတဝှမ်း သတိထားမိသွားကြပါတယ်။ Chelsea အသင်းဆီ ပြောင်းရွှေ့လာပြီးနောက် Sir Alex, Arsene Wenger တို့ တန်ခိုးထွားနေတဲ့ EPL ခေတ်မှာ I'm Special One ဆိုပြီး ထီမထင် ဆောင့်ကြွားကြွားပုံစံနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရယူခဲ့ပါတယ်။

လေကြီးလေကျယ်တွေ ပြောတယ်ဆိုကြပေမဲ့ ပြောထားတဲ့အတိုင်း ဖြစ်အောင်လုပ်ပြတဲ့သူမို့ အပြောနဲ့ အလုပ် ညီသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ Inter Milan နဲ့ တနှစ်ထဲ တရာသီထဲမှာ ဖလားသုံးလုံး အရယူပြနိုင်ခဲ့ပါတယ်။ Injury ကစားသမားတွေ များပြားနေတဲ့ Man United အသင်းနဲ့တောင် Europa league ဖလားကို အရယူပြနိုင်ခဲ့ပါသေးတယ်။
တသင်းထဲကို ၂ ခေါက် ပြန်ရောက်တာကတော့ Real Madrid တသင်းထဲ မဟုတ်ပါဘူး။ Chelsea အသင်းလည်း ပါပါသေးတယ်။ Chelsea အသင်းကို ၂၀၀၄-၂၀၀၇ ထိ၊ ထို့နောက် ၂၀၁၃-၁၅ မှာ တခေါက် ပြန်ရောက်လာခဲ့ပါတယ်။ Real Madrid အသင်းမှာတော့ ၂၀၁၀-၁၃ ထိ ကိုင်တွယ်ခဲ့ပြီး ခု ၂၀၂၆ မှာ တကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။
တကျော့ပြန် Chelsea နဲ့ EPL နဲ့ ပြည်တွင်းဖလားတွေ ရယူနိုင်ခဲ့ပေမဲ့ UCL တော့ မရယူထားနိုင်ခဲ့ပါဘူး။ Real Madrid နဲ့လည်း ထိုနည်း ၎င်းကောင်းပါပဲ။ ပြည်တွင်းဖလားတွေ ရယူနိုင်ခဲ့ပေမဲ့ ဥရောပဖလား တလုံးတလေမှ ရယူနိုင်ခြင်း မရှိသေးတာက သူ့အတွက် မခံချိမခံသာ စရာပါ။ Chelsea, Real Madrid တို့အပြင် Benfica အသင်းကိုလည်း တကျော့ပြန် နှစ်ကြိမ်တိုင် နည်းပြခဲ့ဖူးပါသေးတယ်။ Benfica နဲ့တော့ အောင်မြင်မှု တစုံတရာ မရခဲ့ပါဘူး။ Real Madrid နဲ့ တကျော့ပြန် ခရီးစဉ်မှာ Mourinho အနေနဲ့ တစုံတရာ ထပ်မံလုပ်ပြနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
(photos from Real Madrid page)
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.