4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Need New One

Futsal ကစားသူ အတွက် ‌ဖိနပ်က အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်၏။ ယခင်က မြက်တု ဖိနပ်ကိုသာ အသားပေး ဝယ်ယူ ဝတ်ဆင်ကစားခဲ့၏။ နောက်ပိုင်းမှာက Cup နှင့် League ပြိုင်ပွဲတွေကို ပါကေးကွင်းမှာသာ ကျင်းအလေ့ ရှိသည်မို့ မြက်တု ဖိနပ်တွေ အစား ပါကေး ဖိနပ်ကို ပြောင်းလဲ ဝတ်ဆင် ကစားခဲ့၏။ မြက်တု ဖိနပ်ကိုက ပါကေးမှာ ဝတ်ဆင် ကစားလို့ မရပေမဲ့ ပါကေး ဖိနပ်ကိုတော့ ကွင်း အမျိုးအစား ၂ ခုလုံးမှာ ဝတ်ဆင် ကစားလို့ရ၏။ ထို့ကြောင့် ပါကေးဖိနပ်သာ ဝတ်ဆင် ဖြစ်တော့၏။

Pan တံဆိပ် အမျိုးအစား ဖိနပ်ကို အဝတ်များ၏။ High grade line တော့ မဟုတ်ပေ။ Budget line ထဲက ဖြစ်၏။ အခြား နာမည်ကြီး ဈေးရှိသည့် ဖိနပ်တွေ စီးလိုသော်လည်း မိမိတတ်နိုင်သည့် အနေအထားထဲက ဖိနပ်မျိုးကိုသာ ဝတ်ဆင် ကစားရခြင်း ဖြစ်၏။ တချိန်တော့ အမြင့်ပိုင်းထဲက ဖိနပ်တွေ ဝယ်စီးကြည့်ပါဦးမည်။ ခု Budget line ကလည်း ကိုယ့် အတွက် အဆင်ပြေနေတာပဲကိုး။

Pan အပြင် Giga လည်း စီးကြည့်ဖူး၏။ သူလည်း မဆိုး။ Budget ထဲမှာ သူလည်း အတော်လေး ဝတ်လို့ စီးလို့ ကောင်း၏။ Giga တရံ ဝယ်စီးဖူး၏။ လက်ရှိ စီးနေသည့် Pan Nitro က ရှေ့ခုံ နည်းနည်းကွဲလို့လာနေခဲ့ပြီ ဖြစ်၏။ အသစ် ဝယ်ရတော့မည်။ Nitro ပဲ ထပ်ဝယ်ရမလား Pan ထဲက တခြားဟာ ဝယ်ရမလား ဒါမှမဟုတ် အခြား brand ထဲက စမ်းကြည့်ရမလားပေါ့။

ဖိနပ်ကလည်း ဈေးကြီးတိုင်း ကောင်းနေတာ မဟုတ်ပေ။ ဈေးမကြီးဘဲ ကိုယ်နဲ့ ကိုက်နေ ကောင်းနေရင် အဆင်ပြေသည် မဟုတ်လား။ Pan Nitro အပြင် ခု သဘောကျနေတာလေးက Giga ဖြစ်၏။ Giga Demon Slayer version ဖြစ်၏။ ဒီဇိုင်းလေးက အတော်လေးလှ၏။ ကျနော်ကြိုက်၏။ ကိုယ့်မြို့မှာတော့ မရှိ ရန်ကုန်ဆိုင်ကနေ လှမ်းမှာ ရမည် ဖြစ်၏။

မှာတာက ကိစ္စ မရှိ။ ယုံကြည် စိတ်ချရသည့် ဆိုင်လား ဆိုတာ တချက် စစ်ကြည့်ရဦးမည်။ ယခင်ပတည်းက သိလာ ရှိလာသည့် page မို့ စိတ်ချရမယ်လို့တော့ ထင်ပါ၏။ ပြီး Cash on Delivery ရ၏။ ဒါလေးက မဆိုး။ Size အတွက် ပူစရာ မလိုပေ။ ယခင်လည်း Giga ဝတ်ထားဖူးသူမို့ size check အတွက် အဆင်ပြေပြီးသား။ အပြာနဲ့ အဝါရောင် ဘယ်ဟာ ရွေးရမယ် မသိ ဖြစ်နေ၏။

(photos from The X3 Futsal shop page)

175 upvotes $0.38

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: