Community post
United Got 3 Points

EPL Week 2 မှာလည်း Chelsea အသင်း နိုင်ပွဲဆက်နေခဲ့၏။ နည်းပြ Xabi Alonso လက်ထက်မှာ ယခင်ထက်စာရင် ပုံစံကောင်းတွေ တွေ့မြင်နေရ၏။ အဆုံးသတ်ပိုင်း အားနည်းသွားလို့သာ ဒီထက် ဂိုးတွေ ပိုမရခဲ့ခြင်း ဖြစ်၏။ ခုလည်း ဂိုးတွေက မနည်းပေ။ ၂ သင်းပေါင်း ၇ ဂိုး ထိရှိခဲ့၏။ ပထမပိုင်း ၄၊ ၁၄၊ ၃၄ မိနစ်တွေမှာတင် Chelsea အနေဖြင့် ၃ ဂိုးဆက်တိုက် ရရှိသွားခဲ့၏။ ၃၅ နှင့် ၆၃ မိနစ်တွေမှာ Brighton အသင်း ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့၏။
ပွဲက အကြိတ်အနယ် ပို၍ ရှိလာခဲ့၏။ Brighton အနေဖြင့် ချေပဂိုးတွေ ရယူနိုင်လာသဖြင့် ပွဲကို ပြန်လည် စိုးမိုးရန် ကြိုးစားလာ၏။ သို့ပေမဲ့ ၇၄ မိနစ်မှာ Chelsea က နောက်ထပ် ၁ ဂိုး ထပ်မံ သွင်းယူပြီး အနိုင်ရလဒ် သေချာစေဖို့ ပြင်ဆင်၏။ ဒါတောင် ၉၀+၆ မိနစ်မှာ Brighton က ချေပဂိုး သွင်းယူပြန်၏။ သို့ပေမဲ့ သရေကျမည့်ဂိုးအထိ လုံလောက်အောင် မသွင်းယူနိုင်တော့သဖြင့် ၄-၃ ဖြင့် ပွဲပြီးသွားခဲ့၏။

Leeds vs Brentford ကတော့ တဖက် ၁ ဂိုးစီ သွင်းယူပြီး သရေတမှတ်စီ ခွဲဝေယူသွားကြ၏။ Sunderland ကတော့ အိမ်ကွင်းမှာ Fulham ကို ၁ လုံးထဲသော သွင်းဂိုးဖြင့် အနိုင်ယူပြီး ၂ ပွဲဆက် ရှုံးပွဲ မတွေ့အောင် ရှောင်ရှားနိုင်ခဲ့၏။ Fulham အနေဖြင့်ကတော့ ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်သွားရလေ၏။
အဖွင့်ပွဲမှာ Hull City ကို အဝေးကွင်းမှာ ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့လို့ ဝေဖန်ခံနေရသည့် United အနေဖြင့် ဒီတပတ်မှာတော့ ဝေဖန်သံတွေကြားကနေ ရုန်းထွက်လာနိုင်ခဲ့၏။ ဂိုးတွေသွင်းပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပေမဲ့ လိုအပ်ချက်တွေကတော့ ရှိနေဆဲပင်။ အဖွင့်ဂိုးကို Ipswich အသင်းက အရင် သွင်းယူခဲ့ခြင်း ဖြစ်၏။ ပထမပိုင်းမှာတင် United က ချေပဂိုး ပြန်သွင်းသဖြင့် ပထမပိုင်းက ၁-၁ နဲ့ ပြီးသွားခဲ့၏။
ဒုတိယပိုင်းမှာတော့ United တို့ ဂိုးတွေ ထပ်မံရယူနိုင်ခဲ့၏။ အထူးသဖြင့် အသင်း ခေါင်းဆောင် Bruno Fernandes ဖြစ်၏။ မနှစ်က ဂိုးဖန်တီးသူအဖြစ် စံချိန်တင်ခဲ့ပြီးနောက် ဒီနှစ်မှာတော့ ဂိုးသွင်းယူသူအဖြစ် စံချိန်များ တင်မလို့လားပေါ့။ Hat-trick သွင်းယူ သွားခဲ့၏။ ကျန် ၂ ဂိုးမှာ ၁ ဂိုးက Greaves ၏ OG ဂိုးနှင့် Mbeumo က ၁ ဂိုး သွင်းယူခဲ့၏။ ပွဲပြီးခါနီး ၉၀+၁ မိနစ်မှာ Ipswich က ချေပဂိုး ၁ ဂိုး ပြန်လည်လို့ သွင်းယူခဲ့သဖြင့် ၅-၂ ဖြင့် ပွဲပြီးဆုံးသွားခဲ့လေ၏။
(photos from EPL page)
Replies (1)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: