Community post
လူတစ်ယောက်က
လူတစ်ယောက်က
နဂိုကထက် သိသိသာသာ တိတ်ဆိတ်ငြိမ်သက်
သွားတယ်ဆိုရင် သေချာပါတယ်
သူ့မှာ ပြောဖို့ဆွံ့အ သွားရလောက်အောင်
ခံစားချက်တွေ အရမ်းများနေလို့ပါ။
လူတစ်ယောက်က သူနဲ့
တွေ့ဆုံရတဲ့ လူသားတိုင်းလိုလိုကို
ဘုကလန့် ဆက်ဆံတတ်လာပီဆိုရင် သေချာပါတယ်
လူတွေအကြောင်း နိုက်နိုက်ချွတ်ချွတ်သိလာပီး
မာယာတွေကို မုန်းတီးလာလို့ပါ။
လူတစ်ယောက်က
နဂိုကထက် အရမ်းစိတ်ရှည်သည်းခံလာတယ်ဆိုရင်
သေချာပါတယ် ပူလောင်မှူတွေ သူကြောက်လာပီး
မာန်မာနတွေ ခဝါချကာ အေးချမ်းမှူကို
သူရှာဖွေတွေ့ရှိခဲ့လို့ပါ။
အမြဲတမ်းပြုံးရွှင်နေသူတစ်ယောက်က
အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်လာတယ်ဆိုရင်
သေချာပါတယ် သူဟန်ဆောင်ပြုံးပြဖို့ကို မပြုံးနိုင်လောက်အောင်
ရင်ထဲမှာ အရမ်းနာကျင်နေရလို့ပါ။
ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှအလေးမထားသလို
နေတတ်သူတစ်ယောက်က အရင်ကထက် လေးနက်ပီး
တစ်ယောက်တည်းနေရတာကို နှစ်သက်လာတယ်ဆိုရင်
သေချာပါတယ် သူ့ကိုပြောင်းလဲစေနိုင်တဲ့ ကြီးမားတဲ့
နောင်တ ကြီးကြီးတစ်ခုတော့ ရှိနေလို့ပါ။
လူတစ်ယောက်က ပုံမှန်ထက်
ပြောင်းလဲလာတယ်ဆိုတာက နာကျင်မှူ ၊ နောင်တ
အမှား ၊ အချစ် ၊ အောင်မြင်ရူံးနိမ့်မှူ၊ လိမ်ညာခံရမှူ နှင့်
ဒဏ်ရာ ဒဏ်ချက် တွေကြောင့် မပြောင်းလဲချင်ဘဲ
ပြောင်းလဲလာတတ်ကြတယ်။
တစ်ခါတလေကျတော့
အသက်အရွယ်၊ လောကဓံ တိုက်စားမှူ ၊ ပတ်ဝန်းကျင်ကြောင့်
လူအများကြီးနဲ့ နေရတာထက်
တစ်ယောက်တည်း တိတ်ဆိတ်စွာ
ကြိုးစားရှင်သန်နေထိုင်လာခြင်းက အမာရွတ် ပြည့်နေသော
လူသားတစ်ချို့်ရဲ့ သဘာဝပါပဲ။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.