4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သားသမီးများအတွက်

image
တနင်္ဂနွေသားသမီးများဒီရက်အတွင်း အလုပ်အကိုင်လုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်ညစ်တာတွေ၊ စိတ်လေတာတွေ ကြုံရမယ်။ အခုကာလအတွင်း မိမိကိုယ်သာ အားကိုးသင့်တဲ့ကာလလည်းဖြစ်ပါတယ်။ တခြားသူအကြံဥာဏ်မယူသင့်ပါ။ မိမိကို ကူညီမယ့်သူထက် ဒုက္ခပေမယ့်သူသာ အနားမှာ ရှိနေတတ်ပါတယ်။ စီးပွားရေးမှာလည်း အိမ်အဆောက်အအုံ၊ ကန်ထရိုက်ပြဿနာ အမှုအခင်း ကြုံရတတ်ပြီး မိမိလုပ်ငန်းခွင်မှာလည်း ထိခိုက်ဒဏ်ရာရခြင်းမျိုး ကြုံရတတ်ပါတယ်။ ရွှေဆိုင်၊ ကုန်စိမ်းကုန်ခြောက်၊ အိမ်အလှပြင်လုပ်ငန်း အကျိုးထူးမယ်။ အိမ်ထောင်ရေးမှာလည်း တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မသင့် စကားများရတတ်ပါတယ်။ မွေးရပ်ဌာနေမှာ အလှူအတန်းပေးရကိန်းရှိနေပြီး ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်ခြင်း၊ ချော်လဲပြီး အာရုံကြောထိခိုက်ခြင်းမျိုး ကြုံရတတ်ပါတယ်။

 တနင်္လာသားသမီးများဒီရက်တွေအတွင်း အလုပ်အတွက် အဘက်ဘက်က ကူညီပံ့ပိုးမယ့်သူတွေ ပေါများဝန်းရံနေပါလိမ့်မယ်။ အလုပ်ကိစ္စနဲ့ နယ်ဝေခရီးထွက်ရကိန်းရှိနေပြီး သူတစ်ပါး ပြဿနာတွေမှာလည်း ပါဝင်ဖြေရှင်းရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးမှာ ကြိုးစားအားထုတ်မှုကောင်းမှ အောင်မြင်ကိန်းရှိပြီး အချစ်ရေးအနေနဲ့ သာယာနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့လည်း အိမ်ထောင်ရေးသာယာမှုနည်းနေပြီး အိမ်ထောင်ရေးမှာ စိတ်ညစ်စရာတွေ များနေချိန်ဖြစ်ပါတယ်။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်း၊ မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ ယုံကြည်မှုကို အလွဲသုံးစွဲပြုလုပ်ခံရခြင်းမျိုး ရှိတတ်ပြီး အိတ်စိုက်လျော်ရခြင်းမျိုးလည်း ရှိလာတတ်ပါတယ်။ လည်ချောင်းနာခြင်း၊ မျက်နှာမှာ အပူဖုပေါက်ခြင်းမျိုး ကြုံရတတ်ပါတယ်။အင်္ဂါသားသမီးများဒီရက်တွေအတွင်း အလုပ်အကိုင်ပိုင်းဆိုင်ရာ အတိုက်အခံတွေ ကြုံရပြီး စီးပွားရေးမှာလည်း အပြိုင်အဆိုင်တွေ ရင်ဆိုင်ရတတ်ပါတယ်။ မျက်နှာခြင်းဆိုင်အိမ်နဲ့ စကားအကြီးအကျယ်များခြင်း ရန်လိုခံရခြင်း၊ အမှုအခင်းဖြစ်ခြင်းတွေ ကြုံမယ်။ ခရီးကိစ္စတွေ၊ နိုင်ငံရပ်ခြားကိစ္စတွေမှာလည်း အဆင်မပြေခြင်းတွေ ကြုံရတတ်ပါတယ်။ သွားလိုတဲ့ခရီးမသွားတတ်ပဲ မသွားချင်တဲ့ခရီးတွေ သွားရတတ်ပါတယ်။ အခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းပြည်ပ ပို့ကုန်သွင်းကုန်တွေ၊ အရောင်းအဝယ်ဝန်ဆောင်မှုလုပ်ငန်းတွေ အွန်လိုင်းရှော့ပင်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးအနေနဲ့ကတော့ အသက် ၁၄၊ ၁၆၊ ၁၈၊ ၂၁၊ ၂၄၊ ၂၇ နှစ်အရွယ်ပိုင်း ရောက်ရှိနေသူတွေ မတည်ငြိမ်မှုတွေနဲ့ ကြုံရတတ်ပါတယ်။ အချစ်ရေးကံညံ့နေပြီး အိမ်ထောင်ရေးမှာလည်း စိတ်သောကဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအညံ့မရှိပါဘူး။
 ဗုဒ္ဓဟူးသားသမီးများအခုရက်တွေအတွင်း မိသားစုနဲ့ ပျော်ရွှင်ဖွယ် ဘုရားဖူးအလည်အပတ်ခရီးမျိုး သွားရတတ်ပါတယ်။ အလုပ်ရှာဖွေနေသူတွေ အလုပ်ရလာတတ်ပြီး လုပ်ငန်းခွင်အတွင်း ရာထူးတိုး နေရာပြောင်းတင်ထားသူတွေလည်း သတင်းထူး သတင်းကောင်း ကြားရကိန်းရှိပါတယ်။ ရှင်ပြု၊ အိမ်ပြောင်း၊ အိမ်တက်၊ အလှူနဲ့ အပြောင်းအရွှေ့ကဏ္ဍတွေလည်း ကြုံရပါလိမ့်မယ်။ စီးပွားရေးအနေနဲ့ အစုရှယ်ယာဝင်ခြင်း၊ အိမ်ခြံမြေရောင်းဝယ်ခြင်းနဲ့ လေကြောင်းခရီးသွားလုပ်ငန်းတွေအတွက် အကျိုးထူးပါလိမ့်မယ်။ အရွယ်လွန်နေတဲ့ အပျိုကြီး၊ လူပျိုကြီးတွေလည်း ရုတ်တရက် မင်္ဂလာကိစ္စ စီစဉ်ရခြင်းမျိုး ရှိတတ်ပါတယ်။ ကျန်းမာရေးမှာ သွေးသားမမှန်ခြင်းဖြစ်တတ်ပြီး တရှောင်ရှောင်ဖြစ်တတ်ပါတယ်။ အိမ်ရှိ မိသားစုထဲမှာ အဖွား၊ အမေ၊ သက်ကြီးရွယ်ကြီးတွေ ကျန်းမာရေး အထူးညံ့တတ်ပါတယ်။ကြာသပတေးသားသမီးများဒီရက်အတွင်း အင်္ဂါ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးတွေနဲ့ လက်တွဲလုပ်ကိုင်တဲ့ ကိစ္စရပ်တွေ အောင်မြင်နိုင်ပြီး စပ်တူရှယ်ယာလုပ်ကိုင်ခြင်းတွေ အကျိုးပေးပါလိမ့်မယ်။ ငွေပေးငွေယူ၊ လက်လွှဲပေးကမ်းခြင်း သတင်းဆိုးကြားရတတ်ပြီး အလိမ်ခံရခြင်းမျိုးလည်း ရှိပါလိမ့်မယ်။ စီးပွားရေးမှာ ပြည်ပအလုပ်အကိုင်တွေ အထူးအကျိုးပေးမယ်။ နေရာဌာန ပြောင်းရခြင်းဖြင့် မိတ်ဆွေသူငယ်ချင်းတွေ အကူအညီနဲ့ ပြည်ပနိုင်ငံရပ်ခြား အလုပ်ကူးပြောင်းလုပ်ကိုင်မှု အဆင်ပြေပါလိမ့်မယ်။ အချစ်အိမ်ထောင်ရေး၊ မေတ္တာရေးကံမှာ မရေမရာမှုတွေ၊ တိုးတိုးတိတ်တိတ် အခြေအနေတွေ၊ မပြတ်မသား စိတ်ဒွိဟ ဖြစ်စရာများပြားစွာ ကြုံရတတ်တယ်။ ကျန်းမာရေးမှာ အတွင်းရောဂါဝေဒနာအထူးခံစားရတတ်တယ်။ သောကြာသားသမီးများဒီရက်တွေအတွင်း ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ ရင်းနှီးသူတွေနဲ့ စကားများရန်ဖြစ်ခြင်း ကြုံမယ်။ စီးပွားရေးမှာ ဆေးဝါးဖြန့်ချိရေးလုပ်ငန်း၊ ပရဆေးရောင်းဝယ်ရေးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ အချစ်ရေးကံကောင်းပေမယ့်လည်း ချစ်သူအပေါ် ယုံကြည်မှုလွန်ကဲခြင်းမျိုး သတိပြုရောင်ကြဉ်သင့်ပါတယ်။ အိမ်ထောင်သည်တွေအဖို့ ပျော်ရွှင်စရာအပြည့်ဖြစ်နေပါမယ်။ ဆိုးဆိုးဝါးဝါး ကျန်းမာရေးအညံ့မရှိပဲ နေထိုင်မကောင်း စိတ်ပင်ပန်း လူပင်ပန်း ကိုယ်လက်လေးခြင်းများ စိတ်သောကဖြစ်နေတတ်တယ်။
 စနေသားသမီးများဒီရက်တွေအတွင်း အလုပ်အကိုင်တွေ လုပ်ကိုင်မှုအဆင်ပြေနေပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း အချိန်ပိုလုပ်ခွင့်ရရှိပြီး အဆင်ပြေချောမွေ့ပါလိမ့်မယ်။ ပညာရေးမှာ စိတ်နဲ့ လူနဲ့ မကပ်ပဲ စိတ်လေလွင့်နေပါလိမ့်မယ်။ စိတ်ကိုစုစည်းပြီး ကြိုးစားနိုင်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေ လုပ်ငန်းချဲ့ထွင်ပြီး တိုးချဲ့လုပ်ရလိမ့်မယ်။ အဘက်ဘက်က ငွေဝင်နေမှာဖြစ်ပြီး မိမိကြံစည်စိတ်ကူးထားသမျှ အဆင်ပြေအောင်မြင်နေပါလိမ့်မယ်။ စီးပွားရေးပိုင်းမှာ သံသွပ်၊ သံတိုသံစ အရောင်းအဝယ်လုပ်ငန်းနဲ့ အဆောက်အအုံ၊ ဆေးပစ္စည်းအရောင်းအဝယ်လုပ်ငန်း၊ ငွေကြေးအပေါင်ပစ္စည်းလုပ်ငန်းတွေ အကျိုးထူးပါမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေချောမွေ့မှာဖြစ်ပြီး အိမ်ထောင်သည်တွေ စိတ်ချမ်းသာမှုရရှိမှာဖြစ်ပါတယ်။ သူတစ်ပါးအပေါ် အကူအညီပေးရကိန်းရှိပြီး ကျန်းမာရေးအနေနဲ့ အညံ့မရှိတဲ့ အချိန်လည်းဖြစ်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာ ရရှိတ်လို့ သတိပြုသင့်တဲ့အချိန်ပါပဲ။
image

9 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: