4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မြန်မာဘောလုံး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ ကာဂျစ္စတန်ဘောလုံးအသင်းတို့ဟာ မတ်လ ၂၂ ရက် (ဒီကနေ့) နေ့လည်မှာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအဆုံးအဖြတ်ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာရှိတဲ့ အင်ချွန်းစီးတီးအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး နည်းပြဂတ်ဆီဇီကတော့ ကစားသမား ၂၃ ဦးကို ရွေးချယ်ကာ တောင်ကိုရီးယားနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ထိုင်းလိဂ်မှာသွားရောက်ကစားနေတဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့လည်း ကစားသမား ၂၃ ဦးစာရင်းထဲ ပါဝင်ခဲ့သလို အီစိုး၊ ကျော်ဇင်ဦး၊ လွင်မိုးအောင်၊ ကျော်စွာလင်း စတဲ့ လူငယ်သွေးသစ်ကစားသမားတွေလည်း ပထမဆုံးအကြိမ်ပါဝင်လာခဲ့ပါတယ်။ နည်းပြဂတ်ဆီဇီ ရွေးချယ်ခဲ့တဲ့ ကစားသမားတွေစာရင်းမှာတော့ ဂိုးသမား ၃ ဦး၊ နောက်တန်း ၆ ဦး၊ အလယ်တန်း ၁၀ ဦး၊ ရှေ့တန်း ၄ ဦး ပါဝင်ခဲ့ပါတယ်။
image
ဒီပွဲစဉ်ဟာ မြန်မာအသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး ဒီပွဲကို အနိုင်ရခဲ့ရင် အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ရရှိမှာဖြစ်ပါတယ်။ မြန်အသင်းဟာ အိန္ဒိယ၊ ကဂျစ္စတန်၊ မကာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပြီး အိန္ဒိယအသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲ သရေ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမနေရာက ဦးဆောင်နေသလို ကဂျစ္စတန်က ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အုပ်စုဒုတိယ၊ မြန်မာအသင်းက ၄ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၅ မှတ်နဲ့ အုပ်စုတတိယ၊ မကာအိုအသင်းက ၅ ပွဲကစား ၅ ပွဲရှုံး ရမှတ် သုညနဲ့ အုပ်စု အောက်ဆုံးမှာ အသီးအသီးရပ်တည်နေကြတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ရေး လက်ကျန် ၂ ပွဲဖြစ်တဲ့ ကာဂျစ္စတန်နဲ့ မကာအိုအသင်းတို့ ပွဲစဉ်တွေကို နိုင်ပွဲရအောင် ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ တောင်ကိုရီးယားမြေမှာ မြန်မာတို့ ကာဂျစ္စတန်ကို အကြိတ်အနယ်ကစားပြီး ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အင်ချွန်းမြို့မှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ ကာဂျစ္စတန်အသင်းတို့ ပွဲစဉ်ကို နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး MRTV နဲ့ For Sport ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီပွဲစဉ်အပြီး မတ်လ ၂၇ ရက်နေ့မှာ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် မကာအိုအသင်းနဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

14 upvotes 2 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: