4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မြန်မာဗေဒင်

တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပ်တူရှယ်ယာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်းကိစ္စတွေမှာ အောင်မြင်မယ်။ ချစ်သူရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ်ဆိုရင် ရှေ့မှာ ၃၅ ပူးနေတဲ့ ထီလက်မှတ်က လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အောင်မြင်မယ်။ ကွဲကွာနေသူတွေနဲ့ ပြည်လည်ဆုံဆည်းရတတ်ပါတယ်။ အသီးအနှံ၊ သစ်၊ သွပ်၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားလုပ်ငန်းတွေ အောင်မြင်နိုင်တဲ့အချိန် ဖြစ်ပါတယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ရှင်တွေ၊ ချစ်သူရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။ ထီဝါသနာပါရင် ရှေ့ဆုံးမှာ ၄၆ ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။ 
အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်း ငွေကံတအားကောင်းပါတယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး လူမျိုးခြားနဲ့ ပတ်သက်တဲ့အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇ အတွဲလိုက်ပူးပြီးစတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်၊ ကား၊ ကွန်ပျူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းရှင်တွေ တိုးချဲ့သင့်တဲ့အချိန်ဖြစ်ပါတယ်။ စပ်တူ၊ စာချုပ်ကိစ္စတွေမှာ မရေမရာဖြစ်တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စတွေကိုတော့ ခေတ္တ ဆိုင်းငံ့ထားသင့်တဲ့ အချိန်ပါပဲ။ အိမ်ထောင်ရှင်တွေ အဆင်မပြေမှုများပြီး ချစ်သူရည်းစားတွေ ကြည်နူးဝမ်းမြောက်စရာ နှစ်မျိုး နှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါတွေ ဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
အခုရက်တွေအတွင်း တအားပင်ပန်းမယ်။ စိတ်မော၊ လူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေးညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ဆန္ဒ ခေတ္တလေး စောင့်သင့်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာ အထူးအောင်မြင်အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေအတွက်တော့ အဆင်မပြေမှုတွေ များနေပါမယ်။ 
ကြာသပတေးသားသမီးများ
ဒီရက်အတွင်း ကံအညံ့လေးတွေ များနေပါမယ်။ အဖက်ဖက်က အနှောင့်အယှက်ရှိနေမယ်။ ခရီးသွားခြင်းက အကောင်းဆုံး ယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ် အစီအစဉ်တွေ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေလည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွပ်အလုပ်တွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုးသတိထားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေ၊ ချစ်သူရည်းစားတွေ ရပ်ဝေးခွဲရကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် ၁၄ အတွဲလိုက် စတဲ့နံပါတ် ရှာထိုးပါ။ 
image
သောကြာသားသမီးများ
 ဒီရက်တွေအတွင်း အဆင်မပြေ အလွဲအချော်တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများ ပြဿနာတွေမှာလည်း ကြားညပ်တတ်ပါတယ်။ ဘာမဆိုစိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်းတိုးချဲ့တာ၊ စပ်တူရှယ်ယာအလုပ် စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ပဲ အိမ်၊ အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း အခွင့်အရေး ကြုံတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အဆင်မပြေမှုတွေ ပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားတွေကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ၃၁ အတွဲလိုက်စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။
စနေသားသမီးများ
ဒီရက်တွေအတွင်း ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည်ဆုံစည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ လူရင်း၊ လူယုံ ဒုက္ခပေးတတ်ပါတယ်။ ချစ်သူရည်းစားတွေအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်တွေအတွက်တော့ မတင်မကျကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်တွေအနေနဲ့ ၂၄ အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီးထိုးသင့်ပါတယ်။

27 upvotes 2 downvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: