4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ခဲသွားတဲ့နွေ အပိုင်း ၂

အမိန့်ပေးခြင်း မပါသော်လည်း ကားဆက်မောင်းရန် သတိပေးလိုက်သော လေသံမာမာ။ ရှင်ညိုသည်
ကားနောက်ခန်းဆီသို့ တစ်ချက်လှမ်းအကြည့် မှန်တံခါးအတက် စူးရှသော မျက်လုံးတစ်စုံ ‘ရင်ခုန်သံကား
ဒိုင်းကနဲ’ ရှင်ညို တုန်လှုပ်ခြောက်ခြားစွာ ကျန်ရစ်သည်။
မာစီးဒီးကားနက်ကြီးကား တရှိန်ထိုးပြေးထွက်သွားလေပြီ။


ဗေဒင်ဆရာ ‘ဘ’ဆိုင်းဘုတ်၏ အိုဟောင်းနေမှုသည်ပင်လျှင် ဗေဒင်ဆရာကြီး ဘ၏ အတွေ့အကြုံနှင့် ဖြတ်သန်းခဲ့ရသော ခရီးကို ပြနေဘိသို့ ရှိပါသည်။ ဘ၏ရှေ့မှာ လူလတ်ပိုင်းတစ်ယောက် ထိုင်နေသည်။ စားပွဲပုလေးပေါ်တွင် ဇာတာတစ်ခုရှိနေပြီး ဘက သေသေချာချာ စစ်ဆေးကြည့်နေသည်။
“အင်း… မင်းရဲ့ဇာတာ တော်တော်နိမ့်တာပဲ”
“ဟုတ်ပါတယ်ခင်ဗျာ။ အလုပ်ပြုတ်တယ်၊ မိန်းမက အိမ်က ထွက်သွားတယ်။ သူ အဆိုးတော့လည်း မဟုတ်ပါဘူးခင်ဗျာ။ အလုပ်ရှိတုန်းကကိုပဲ ရသမျှလုပ်ခ ကျွန်တော်က ဖဲရိုက်ပစ်တာဆိုတော့ အလုပ်ပြုတ်တာနဲ့ သူ့အမေ ပေးထားတဲ့ နားကပ်တွေ ဆွဲကြိုးတွေပါ ပြုတ်မှာကို စိုးရိမ်သွားပုံရပါတယ်။
ကျွန်တော့်ဇာတာ နိမ့်နေတာ အဘက ကြည့်ရုံနဲ့ သိတယ်နော်”
“သိတယ်လေ ဒီမှာ ဖိနပ်ရာကြီးက ထင်းနေတဲ့ဟာ။ နိမ့်နေလို့ အနင်းခံရတာပေါ့။ ခေါင်မိုးမှာ ထိုးထားကြည့်ပါလား။ ဘယ်သူက လာနင်းချေလို့ရမှာလဲ။ နောက်တော့ ဇာတာကို မြင့်တဲ့နေရာမှာပဲ ထားကွာ”
“ဟုတ် ဟုတ် ဟုတ်ကဲ့”
ဘသည် တွက်ချက်ကြည့်လိုက်ပြီး…
“မင်းက ရာဟုအိမ်မှာ အိပ်နေတာပဲ”
“ကျွန်တော် ရာဟုအိမ်မှာ အိပ်တာမဟုတ်ဘူး ဘ။ ရာဟုက ကျွန်တော့်အိမ်မှာ လာအိပ်တာ။ သုံးရက်ပဲရှိသေးတယ်။ သူငယ်ချင်းမို့ လက်ခံထားတာ။ ကျွန်တော် ငွေလိုတုန်းကလည်း သူ့ဆီက ချေးဖူးတာကိုး”
“အင်း… ငါပြောတဲ့ အဟောက မှန်တော့မှန်တယ်။ ပြောင်းပြန်မှန်သွားတာ။ နောက်ထပ် တွက်ရတာတွေကတော့ စောက်ထိုးတွေ ပြောလိုက်မယ်။ အဲဒါဆိုရင် တည့်သွားနိုင်တယ်”
ဘမှာ အလွန်ပျော်တတ်ပါသည်။ သူနှင့်သူ့မြေးတို့ မန္တလေးသို့ ပြောင်းလာသည်မှာ မကြာသေးပါ။
သူ့မြေးလေးမှာ ရှင်ညို။ ရှင်ညို၏ အမည်ရင်းက မြင့်မြင့် ဖြစ်ပါသည်။ မြင့်မြင့်အမည်ကို ဘက တွက်ချက်ပြီး နာမည်သာမြင့်မည် ဘဝ မမြင့်နိုင်ဟုဆိုကာ နေ့နံကို ကက္ကင်းရိုက်မည်ဟုပြောပြီး ရှင်ညိုဟု ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ဘ သုံးခွန်းဟောလျှင် တစ်ခွန်းကတော့ သေချာပေါက်မှန်ပါသည်။ ရှင်ညိုကိုမူ ငါ့မြေး ချမ်းသာရမည်ဟု တစ်ခွန်းတည်းသာ ဟောထားသည်။ ထိုတစ်ခွန်းသည် မှန်မည့်တစ်ခွန်း ဟုတ်မဟုတ်ကိုမူ စောင့်ကြည့်ရပေဦးမည်။
အပိုင်း ၁ အားအောက်ပါ link တွင်ဖတ်ရှုရန်
https://steemit.com/esteem-myanmar/@evernew/khethyate-e-y-apong-1-f8fb8fdfd01db
@evernew
msu 084
အပိုင်း ၃ ဆက်ရန်. . .

48 upvotes 1 downvotes $0.00

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: