4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ခဲသွားတဲ့နွေ အပိုင်း ၃

ဘထံမှာ ဗေဒင်မေးသူတိုင်းသည် ဘ လုံးဝဟောပြီးသည်နှင့် စိတ်ဓာတ်တက်ကြွသွားကြသည်က များပါသည်။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်သွားကာ ထိုယုံကြည်မှုကပင် တွန်းအားဖြစ်သွားပြီး အခက်အခဲများကို ကြိုးစား ကျော်လွှားနိုင်သောကြောင့် ဘကို ယုံကြည်သူ များပါသည်။ တဆင့်စကားဖြင့် မိတ်သစ်များ တိုးပွားလာပါသည်။ တစ်ခါမေးပြီးသည်နှင့် မိတ်ပျက်ရခြင်းမျိုး မဖြစ်ပါ။ ဘသည် ပျော်တတ်သော စရိုက်ကြောင့် သူတစ်ပါးကိုလည်း ပျော်စေ့ချင်သည်။ ဗေဒင်မေးသူမှာ
ကြည်နူးကျေနပ်စွာ ပြန်ထွက်လာခဲ့ပါလေပြီ။ ထိုအချိန်မှာပင် ရှင်ညိုက အိမ်ထဲသို့ ဝင်လာရာ…
“မြေးလေး ဘာဖြစ်လာတာလဲဟင်”
“မဖြစ်ပါဘူး”
“မဖြစ်ဘူးသာဆိုတာ ခွေးရူးလိုက်ကိုက်လို့ ပြေးလာရတဲ့ လူ ကျနေတာပဲ။ ဘကို မညာနဲ့”
“ဟို… ကားတစ်စီးနဲ့ တိုက်မိမလိုဖြစ်ပြီး လန့်လာလို့ပါ”
“အင်း… အသွားအလာ ဂရုစိုက်ကွယ့်။ ဒါက မန္တလေး၊ တို့နေခဲ့တဲ့ စည်သာ မဟုတ်ဘူး”
ရှင်ညိုက ခေါင်းငြိမ့်လိုက်သည်။ ကံကောင်းပါသည်။ မန္တလေးရောက်ပြီးသည်နှင့် ရှင်ညိုသည် ကုန်တိုက်ကြီးတစ်ခုမှ အရောင်းဈေးသည်လေး ဖြစ်ခဲ့ရသည်။ မန္တလေးသို့ ပြောင်းမည်ဆိုကတည်းက ရှင်ညိုက မန္တလေးမှ သူ့ကျောင်းနေဖက် သူငယ်ချင်းဆီကို စာရေး အကူအညီတောင်းခဲ့သည်။
တက္ကသိုလ်မှာ ဆုံခဲ့ရသော သူငယ်ချင်းဖြစ်သည်။ သူငယ်ချင်းက ‘လာသာလာခဲ့ မပူနဲ့’ ဟူ၍ စာတိုတိုလေး
ပြန်လိုက်ပြီး ဖုန်းနံပါတ်တစ်ခု ထည့်ပေးလိုက်သည်။ ရှင်ညို မန္တလေးသို့ရောက်၍ ဖုန်းဆက်လိုက်သောAခါ
သူ့သူငယ်ချင်းက ကားအကောင်းစားကြီးကို ကိုယ်တိုင်မောင်းပြီး ရောက်ချလာသည်။ ရှင်ညို သူ့မျက်စိ သူမယုံ…
“နော်ဇာ”
သူ့သူငယ်ချင်းမှ ဟုတ်ရဲ့လားလို့ နာမည်ကို ခေါ်ကြည့်သည်။ နော်ဇာက တံခါးဖွင့်ဆင်းလာပြီး ကားပေါ်ဆွဲခေါ်ကာ ကားမောင်းထွက်ခဲ့သည်။ ပြီးတော့ နော်ဇာ၏မိဘများနှင့် ဆုံပေးပြီး…
“မေမေ သမီး ခဏခဏ ပြောနေတဲ့ တက္ကသိုလ်တုန်းက စာသိပ်တော်တဲ့ သူငယ်ချင်းဆိုတာလေ”
“ရှင်ညို ဆိုတာလား”
ရှင်ညို ရင်တွေခုန်သွားသည်။ နော်ဇာသည် သူ့မိဘများကို တကယ်ပင် ပြောပြထားလေ့ရှိခဲ့သည်ကိုး။
“သမီးပြောတုန်းက မေမေတို့က ဒါလောက်ထိ တည်ငြိမ်ပြီး ကျက်သရေရှိမယ် မထင်ဘူး။ ရိုးရိုးမိန်းကလေး
တစ်ယောက်လို့ပဲ တွေးမြင်မိတာ။ အင်း နော်ဇာသာ ယောက်ျားလေးဖြစ်နေရင် ဒါမှမဟုတ် သမီးသာ ယောက်ျားလေးဖြစ်နေရင် ဘဝလက်တွဲဖော် လုပ်ခိုင်းပါရဲ့”
ရှင်ညိုက ခေါင်းငုံ့လိုက်သည်။ နော်ဇာက…
“ဟဲ့ ငါက ယောက်ျားလေး မဟုတ်ပါဘူးဟဲ့။ မေမေကြည့်စမ်းပါ ရှင်ညိုရှက်နေတာလေ”
ရှင်ညိုကို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံ၍ ကြည်နူးမိပါသည်။
“သမီး ပြောပြပြီးပြီလား”
“မေမေတို့ပဲ ပြောပါ”
“ရှင်ညို့ အလုပ် လိုချင်တဲ့အကြောင်း ရေးလိုက်တဲ့စာကို သမီးကပြလို့ ဖတ်ရတယ်။ ကဲ နော်ဇာ စူပါမားကတ်မှာ အရောင်းစာရေးမလုပ်။ လုပ်ငန်းအတွေ့အကြုံ လေးငါးလရတော့ အရောင်းကြီးကြပ်လုပ်”
အပိုင်း ၄ ဆက်ရန်. . .bold
@evernew
msu 084

55 upvotes 1 downvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: