4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ခဲသွာူတဲ့နွေ အပိုင်ူ ၎

“ဟင် မေမေကလည်း အလုပ်ဖြင့် မဝင်ရသေးဘူး ရာထူးတိုးပေးမယ့် အစီအစဉ် ကြိုပြောနေပြီ”
ဤသို့ဖြင့် ရှင်ညိုသည် သူ့သူငယ်ချင်း နော်ဇာ၏ ကုန်တိုက်ကြီးမှာ အရောင်းစာရေး ဖြစ်ခဲ့ရပါသည်။ လုပ်ငန်းခွင်တွင် သူဌေးသမီး၏ သူငယ်ချင်းမို့ အခွင့်အရေးယူသည်မျိုးမရှိ။ မသိလျှင် မေးသည်။ လုပ်စရာရှိလျှင် မတွက်မကပ် လုပ်သည်။ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များကလည်း ရှင်ညိုကို ချစ်ကြသည်။ အရောင်းစာရေးမလေးများကြားတွင် ရိုးရိုးလေးနေသော ရှင်ညိုက အထင်ပေါ်ဆုံး။ ထိုသို့ ထင်ပေါ်ရသည်မှာ သတိမထားဘဲ နေလို့မရအောင် ရှည်လျားသော ဆံပင်ကြောင့်ပင် ဖြစ်သည်။ ရှင်ညို၏ဆံပင်က ခြေသလုံးလယ်ရောက်သည်ထိ ရှည်၏။ ဆံပင်ထုကလည်း ကောင်းသည်။ ကုန်တိုက်ထဲမှာမှ မဟုတ်ပါ။ ရှင်ညိုရောက်လေရာ နေရာမှာ ထိုဆံပင်ကြောင့် ထင်ပေါ်ရသည်သာ။ ဘသည် တကုပ်ကုပ်နှင့် တွက်နေပြန်ပြီ။ မေးသူမရှိဘဲ တွက်နေပြီဆိုလျှင် ရှင်ညို၏ ရှေ့ရေးမှန်း ရှင်ညိုသိပါသည်။


“ကျော်” ဆီစက်
မာစီးဒီးကားနက်ကြီးက ဆီစက်ကြီးဘေးမှ ဖြတ်ကာ နောက်နားခပ်ကျကျတွင် ရှိသော ရှေးဟောင်း ရောမပုံစံနှင့် ခေတ်အမြင် အံဝင်စွာပေါင်းစပ် ဆောက်လုပ်ထားသော ဟိုတယ်ကြီးတစ်ခုနီးပါး ကြီးမားကျယ်ဝန်းသည့် တိုက်ကြီးရှေ့မှာ ရပ်လိုက်သည်။ တိုက်ကြီးရှေ့မှ ရေကူးကန်က ပြာလဲ့နေသည်။ ကျော်ကျော်သည် ကားပေါ်မှ ဆင်းကာ ရေကူးကန်ဆီ လျှောက်သွားရာမှ…
“ဦးလေး သြဇာ”
“ဘာလဲ ကျော်ကျော်”
“၃၆ လမ်းမှာ တွေ့ခဲ့တဲ့ ပြိုင်ကားအနီလေးကို သတိထားမိသလား”
ဦးသြဇာ သက်ပြင်းချသည်။
“မင်းမှာ ကားလေးစီးရှိနေပြီ ကျော်ကျော်”
“ငါးစီးဖြစ်သွားတာပေါ့ ဦးလေးသြဇာ”
ဦးသြဇာသည် ထိုပြိုင်ကားလေးကို နေ့မကူးခင် ရအောင် ဝယ်ပေးရတော့မည်ဖြစ်ကြောင်း သိပါသည်။ ကျော်ကျော်၏မိဘများ ဆုံးသွားသည်မှာ သုံးနှစ်ခန့်ရှိပြီ။ ကျော်ကျော်ဘွဲ့ရပြီးစမှာ ဦးသြဇာမှာ ကျော်ကျော်၏ဖခင် ဦးကျောက်စိမ်း၏ သူငယ်ချင်း လူပျိုကြီးဖြစ်သည်။ ဦးကျောက်စိမ်းနှင့်အတူ နေခဲ့သည်မှာကြာပြီ။ လုပ်ငန်းကြီးကျယ်လာသောကြောင့် သူငယ်ချင်းကို လူယုံအဖြစ်
ဘေးမှာခေါ်ထားရခြင်း ဖြစ်ပါသည်။ ဦးကျောက်စိမ်း ကွယ်လွန်သွားသောအခါ ဦးသြဇာမှာ လူယုံအိမ်တော်ထိန်းကြီး ဖြစ်ခဲ့ရတော့သည်။ ကျော်ကျော်မှာ သက်တမ်းတစ်လျှောက်လုံး ပြောသမျှဖြစ်နေခဲ့ရသော ဘဝပေးစည်းစိမ်ကြောင့် လူမှုရေးအားနည်းသည်။ စာနာမှုမရှိသလောက် ဖြစ်သည်။ သူ၏ဘဝ သူ၏အခြေအနေကြောင့်. . .
အပိုင်ူ ၅ ဆက်ရန် . . .
msu 084

71 upvotes $0.41

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: