4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဥသာအကြောင်းတစ်စေ့တစ်စောင်း (အပိုင်း ၅)

ကျန်စစ်သားဟာ အရိန္ဒမာလှံကို ယူလျှက်ထွက်ပြေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့အနောက်ကို ရဲမက်တွေက ချက်ချင်းမလိုက်ကြဘူးလို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးတဲ့သူက စစ်ဦးစီးချုပ်ဖြစ်တဲ့ကျန်စစ်သား ၊ နောက်ပြီးတော့ သူလက်ထဲမှာက အရိန္ဒမာလှံနဲ့ ဆိုတော့ ဘယ်ရဲမက်မှ ဝင်မဖမ်းရဲပါဘူး။ နောက်ပိုင်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အနော်ရထာမင်း မရှိတော့တဲ့အချိန်မှာ စောလူးမင်း နန်းတက်တယ်။ အနော်ရထာမင်းကလည်း ကျွဲခတ်လို့နတ်ရွာစံတယ်။

Many-temples-in-Bagan-are-encircled-by-a-wall-with-gates.jpg
Credit-org-source
သရပါတံခါး

နောက်ဆုံးမှာတော့ ကျန်စစ်သားပဲ ပုဂံမင်းဆက်ရဲ့ တတိယမြောက် မင်းဆက်အဖြစ် ထီးနန်းစိုးစံတော်မူပါတယ်။
....
....
အဲ့ဒီနောက်ပိုင်းမှာတော့ ဥသာရဲ့ အကြောင်းလဲ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒါကတော့ ပထမမြန်မာနိုင်ငံတော် အတွင်းမှာ ဥသာပဲခူးရဲ့ အခန်းကဏ္ဍ ကို တစ်ခန်းရပ်သွားစေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မည်သည့် စာပေ မှာမှ မတွေ့ဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ခရစ်နှစ် ၁၀၄၄ လောက်ကစတင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး ပျက်စီးပြီးတဲ့နောက်မှာတော့ နောင်နှစ် ၄၀၀ကျော် ၅၀၀ ခန့်လောက်မှာ တော့ ဥသာ ရဲ့အကြောင်းကို ပြန်လည်တွေ့ရှိဖို့ရာဖြစ်လာခဲ့ပါတယ်။ ကေတုမတီ လို့ခေါ်တဲ့တိုင်းပြည်မှာ မင်းကြီးညို ဆိုတဲ့ ဘုရင်တစ်ပါးပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီမင်းကြီးညို မှာ မွေးကတည်းက ခေါင်းမှာ ဆံပင်အားလုံးထဲမှ တစ်ချောင်းတည်း ရွှေရောင်ဖြစ်နေတဲ့ သားတော်တစ်ပါးရှိပါတယ်။ အားလုံးလည်းသိကြမှာပါ။ တပင်ရွှေထီး ဆိုတဲ့ ဘုရင့်သားတော်လေးပါ။ ထားပါတော့။ တပင်ရွှေထီး ဘုရင်ဖြစ်တဲ့အခါမှာ တော့ သူ့ရဲ့စစ်သူကြီးက ဘုရင့်နောင်ကျော်ထင်နော်ရထာ ပါ။

tumblr_ojmokdRdOK1r65o3qo1_500.jpg
Credit-org-source
ဘုရင့်နောင်မင်းတရားကြီး

သူကတော့ ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးဖြစ်လာမည့်သူပါ။ ငယ်နာမည်က မောင်ရစ် တဲ့။ ဒီလိုနဲ့ တပင်ရွှေထီး နတ်ရွာစံပြီးတဲ့အနောက်မှာတော့ ဘုရင်နောင်မင်းတရားကြီးဟာ သူ့ရဲ့နန်းတော်ကို (ပုဂံခေတ်က ဥသာလို့ခေါ်ခဲ့တဲ့နေရာ ) ဟံသာဝတီတိုင်း ကိုပြောင်းရွှေ့ခဲ့ပါတယ်။
အဲ့ဒီမှာ ကျွန်တော် သိချင်တာကတော့ ဘုရင်နောင်မင်းတရားကြီးဟာ ဘာဖြစ်လို့များမင်းနေပြည်တော်ကို ဟံသာဝတီ သို့ရွှေ့ပြောင်းခဲ့ရတာလဲ။ ဒီလိုနဲ့ ကျွန်တော် လေ့လာမိသလောက်ရယ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်စဉ်းစားမိတာရယ်ကို ပေါင်းစပ်ပြီးတော့ပြောပြချင်ပါတယ်။ တပင်ရွှေထီးလက်ထက်ကတည်းက ဘုရင့်နောင်ဟာ စစ်သူကြီးလည်းဖြစ်တယ် ၊ ယောက်ဖလည်းဖြစ်တဲ့အတွက် သူဟာ စစ်ထွက်တဲ့အခါမျိုးတို့ ဘာတို့ မှာ သူဟာ ဟံသာဝတီ ကိုရောက်ဖူးမယ်လို့ ထင်မြင်မိပါတယ်။ အဲ့ဒီမှာ သူဟာ ဘာကိုသတိထားမိလဲဆိုတော့ ဟံသာဝတီဟာ ပင်လယ်ထွက်ပေါက်နဲ့လည်းနီးတယ်၊ ကုန်းတွင်းပိုင်းကိုသွားဖို့ရာလည်း လမ်းဆုံဖြစ်တဲ့အတွက် စီးပွားရေး အရရော စစ်အင်အားအရပါ အခြေချသင့်တဲ့နေရာတစ်ခုလို့ ယူဆမိမယ် ထင်ပါတယ်။

20140225-112910-pm.jpg
Credit-org-source
ဟံသာဝတီ

ဒါကြောင့် ဘုရင့်နောင်မင်းတရားကြီး နန်းတက်တဲ့အခါမှာတော့ မင်းနေပြည်တော်ကို ဟံသာဝတီကိုရွှေ့ပြောင်းခဲ့တယ်လို့ယူဆပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ ခရစ်နှစ် ၁၅၅၁ မှာ နန်းတက်တော်မူပါတယ်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှာ နိုင်ငံရဲ့စီးပွားရေးဟာ တော်တော်ကို တိုးတက်လာတယ်လို့ယူဆရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းတရားကြီးဟာ အာသံ ၊ မဏိပူရ၊ ဇင်းမယ် တို့အထိပါ အာဏာစက်သက်ရောက်ခဲ့ပါတယ်။

300px-Map_of_Taungoo_Empire_(1580).png

Credit-org-source
ဒုတိယမြန်မာနိုင်ငံတော်မြေပုံ
....
.....
...
...Photo credit by Google Image
...Reference book by တက္ကသိုလ်​စိန်တင် (အိုဘယ့်အနော်ရထာ)
...
...@generalpyone
MSC- 238
...
...အပိုင်း (၆) ကို ဆက်လက်စောင့်မျှော်ပေးကြပါဦး

74 upvotes $0.38

Replies (23)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: