Community post
အားကစား သတင်းတိုများ
ဂရိနိုင်ငံလိဂ်ပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် သေနတ်ခါးကြားထိုး၍ ကွင်းအ တွင်း ပြေးဝင်လာသော PAOK ဆာလိုနီကာအသင်း ဥက္ကဋ္ဌ အီဖန်ဆက် ဖီဒက်စ်ကို ဂရိဘာလုံးအဖွဲ့ချုပ်က ဘောလုံးကွင်းများသို့ သွားရောက်ခွင့် သုံးနှစ်ပိတ်ပင်သည်။ PAOK ၏ ရမှတ်သုံးမှတ်ကိုလည်း ဖြတ်တောက် ခဲ့သည်။ ဒေါ့မွန်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် အီတလီစီးရီးအေမှ အတ္တလန်တာ အသင်းပရိသတ်များ၏ လူမျိုးရေးခွဲခြားမှု အော်ဟစ်ခဲ့မှုများအပေါ် စုံ စမ်းစစ်ဆေးခြင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးမယူတော့ဘဲ ရပ်တန့်ခဲ့သည်။

စပါးကွင်းလယ်လူ ဒယ်လီအယ်လီသည် အသက် (၂၁) နှစ်သာရှိသေး သည်ကို လူအများက သတိရသင့်ကြောင်းနှင့် ၎င်းသည်ပြီးခဲ့သည့် နှစ်ကကဲ့သို့ ခြေစွမ်းမပြနိုင်ဖြစ်နေသော်လည်း ကလပ်အသင်းနှင့် နိုင်ငံ အသင်းအတွက် တောက်ပသော အနာဂတ်ရှိသူဟု စပါးနည်းပြ ပိုချက် တီနိုက ပြောသည်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အောင်မြင်မှုအတွက် ဆာ လောင်မှု မလျော့သေးဘဲ အာဆင်နယ်တွင် ကြီးကျယ်သော အလုပ်တစ်ခုလုပ်နေဆဲဖြစ်ကြောင်း ၎င်း၏လက်ထောက် စတိဗ်ဘိုးလ်ကပြောသည်။ ခရစ္စတယ်ပဲလေ့စ်တောင်ပံ ကစားသမား ဝီးလ်ဖရက်ဆာဟာသည် ဒူးဒဏ်ရာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ယနေ့ည လီဗာပူးနှင့်ပွဲ တွင် ပါဝင်ရန် မသေချာဟု ပဲလေ့စ်အသင်းမန်နေဂျာ ရွိုင်းဟော့ဆန်က ပြောသည်။ ရီးရဲလ်မက်ဒရစ်မှ စပိန်ကွင်းလယ်လူ အစ္စကိုကို မန်စီးတီးအသင်းက ယခုနွေရာသီတွင် ခေါ်ယူရန် မျှော်လင့်နေပြီး ၎င်းကိုချယ်လ်ဆီးနှင့် စပါးတို့ကလည်း စိတ်ဝင်စားနေကြောင်း ဗြိတိန်နိုင်ငံမှ မီရာနှင့် ဆန်း သတင်းစာတို့က ဖော်ပြသည်။ အစ္စကို (၂၅) နှစ်သည် ပေါင် ၇၅ သန်း တန်သည်ဟု ခန့်မှန်းထားသည်။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.