4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပန်းသိပ်ချစ်တဲ့ဥယျာဉ်မှူး

အပိုင်း - (၁)အားဤနေရာတွင်ဖတ်ရှူပေးပါရန်။
https://steemit.com/myanmar/@hanhtay/pnthipundefinedste-undefined-mw-04e78390e1a27
အပိုင်း - (၂)အားဤနေရာတွင်ဖတ်ရှူပေးပါရန်။
https://steemit.com/myanmar/@hanhtay/pnthipundefinedste-undefined-mw-5b9c5c68394e3
၎။ ဆရာကျင့်ဝတ် ၅ ပါး.jpg
အပိုင်း-(၃)ဇာတ်သိမ်း

      ဆရာဦးထွန်းဟန်သည် စာတော် စာကြိုးစားသော တပည့်သက်နိုင်တစ်ယောက် ကျောင်းထွက်မှာကို

နှမြေတသ ဖြစ်နေမိသည်။ ဒီလိုနဲ့ ဆရာဦးထွန်းဟန်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
စာတော် စာကြိုးစားသော သက်နိုင်ဘ၀ကို မြေတောင်မြှောက်ပေးရန်၊ ပညာဆုံးခန်းတိုင်သည်အထိ
ပညာသင်စာရိတ်ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်လေသည်။ ဆရာဦးထွန်းဟန်သည် သက်နိုင်၏မိဘ
အိမ်ကို လိုက်သွားပြီး သက်နိုင်သည် စာတော်ကြောင်း၊ လိမ္မာကြောင်း၊ စာကြိုးစားကြောင်း၊ ကျောင်းဆ
က်ထားရင် သက်နိုင်ဘ၀ တိုးတက်လာနိုင်ကြောင်း၊ ကျောင်းစာရိတ်အတွက်လည်း မိမိမှ ဆုံးခန်းတိုင်ေ
အာင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သက်နိုင်ကို ကျောင်းဆက်ထားရန် အမျိုးမျိုးစည်းရုံးနားချကာ
သက်နိုင်တစ်ယောက်ကျောင်းဆက်တက်ခွင့် ရခဲ့လေသည်။ သက်နိုင်သည် မြို့ကျောင်းမှာ ကျောင်းဆ
က်တက်ခွင့် ရခဲ့သော်လည်း သူငယ်ချင်းအောင်မိုးနှင့် မေသူကျော်တို့ကဲ့သို့ ဘော်ဒါဆောင်မှာနေပြီး
ကျူရှင်တက်ခွင့်တော့ မရခဲ့ပေ။ ဆရာဦးထွန်းဟန်၏ အကူအညီနဲ့ မြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း
မှတစ်ဆင့် ပညာသင်ခွင့်ရခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် ခုဆိုရင်သက်နိုင်တစ်ယောက် ကျောင်းဆက်တက်
ခွင့် ရတာကိုပဲဝမ်းသာလို့နေပါသည်။
100366582.jpg.rendition.largest.550.jpg
သက်နိုင်သည် ကျောင်းတက်ခွင့်ရတဲ့ အချိန်လေးမှာ စာကို ကြိုးကြိုးစားစားနဲ့ သင်ယူပြီး စာမေးပွဲကိုလည်း
တစ်နှစ် (၁)တန်း မှန်မှန် အောင်လေသည်။ ခုဆိုရင် (၁၀)တန်းစာမေးပွဲကိုပင် ဖြေပြီးလေပြီ။ (၁၀)တန်းအော
င်စာရင်တွေ ထွက်တော့လည်း သက်နိုင်သည် ဂုဏ်ထူး(၄)ဘာသာ ပါလေသည်။ ခုလို ဂုဏ်ထူးတွေနဲ့ စာမေး
ပွဲအောင်တော့ သက်နိုင်အတွက် အားလုံးက ၀မ်းသာကြလေသည်။ မိဘများကလည်း သက်နိုင်အတွက် ဂုဏ်
ယူလို့ မဆုံးနိုင်အောင်ပင် ၀မ်းသာပီတိ ဖြစ်ကြလေသည်။

အထူးသဖြင့် ဆရာဦးထွန်းဟန်သည် သူ့တပည့် သက်နိုင်အတွက် ၀မ်းသာပီတိ မျက်ရည်ပင် ကျမိလေသည်။

သူ ရေလောင်းပေါင်းသင်ထားတဲ့ ပန်း၊ သူ ပြုစုပျိုးထောင်ထားတဲ့ ပန်း၊ သူ မြေတောင်မြှောက်ပေးထားတဲ့ ပန်း၊
ခုလို ဖူးပွင့်လာတာကို မြင်ရတော့ ကြည်နူး ၀မ်းသား ဖြစ်နေသည်မှာ ဥယျာဉ်မှူးတိုင်း၏ ဆန္ဒပင် ဖြစ်ပေတော့သည်။
622994_orig.jpg

Photo credit from google images.

@hanhtay

11 upvotes $0.05

Replies (9)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: