Community post
One Way
တ စ် လ မ်းေ မာ င်း
လွတ်ငြိမ်းချမ်းသာခွင့်ထဲမပါလည်း ငါတို့ ငြိမ်းချမ်းသာယာပါတယ်
ဆင်းရဲမွဲတေခြင်းနဲ့ မဆိုင်လည်း ငါတို့ ကျေနပ်ကြပါတယ်
အာဏာရှင်နိုင်ငံရေးနဲ့ မသေတဲ့ စာရင်းမှာ ငါတို့ ရှင်ပါတယ်
ဈေးသည်တွေ ဖာသည်တွေ နိုင်ငံရေးစားဖားတွေကြားထဲ ငါတို့ ဟာ ကဗျာရေးရမယ်
တော်လှန်ရေးဆိုတာ လူ့ ခံစားမှူက ကိုယ်ဝန်ပျက်ကျလာတဲ့
သွေးစသွေးန ဆိုရင်
ဘယ်တော့မှ မပြောင်စင်သော အကုသိုလ်တွေ ပေါ့
စနစ်ညံ့တယ် စနစ်ကောင်းတယ် ဆိုတာ လူပျော့လူညံ့တွေရဲ့ 
ဆီသည်မ လက်သုတ်ပုဝါပေါ်က မျက်ရည်
ဘယ်တော့မှ မခြောက်တဲ့ မျက်ရည်လေ
က ဗျာေ တွ ရှ င် ပါေ စ ။ ။
ကို ကျူး
၂၀၁၉ မေ ၂၃ ။
Posted using Partiko Android
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.