Community post
အကြည့်

တောက်ပသော မျက်လုံးတစ်စုံကြောင့်
နေမင်းရဲ့အလင်းတွေဖျာထွက်သလို
ငါ့ရင်တွေ ပူလောင်လွမ်းစွတ်နေခဲ့ရပြီ။
အကြည့်တစ်ချက်နဲ့တင် လောင်မြိုက်စေခဲ့တာ
မင်းရဲ့စွမ်းအားလား????
မင်းရဲ့အကြည့်ကို ပမာတင်စားရင်
ကောင်းကင်မှာ ပျံသန်းနေတဲ့
ငှက်တွေတောင်
ပြာကျသွားနိုင်လောက်တယ်။
စူရှတဲ့ အကြည့်နဲ့ တောက်ပသော
မျက်ဝန်းတစ်စုံကို ပိုင်းဆိုင်ထားတဲ့
မင်းရဲ့ဘဝဟာ ငါ့ရဲ့ကမ္ဘာမှာ
ပျော်ရွှင်နိုင်ပါ့မလား????
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.