4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝဆိုတာ အချစ်​ပါပဲ

လူ​တွေ ဘာ့​ကြောင့်​အလုပ်​လုပ်​​နေကြတာလဲ......?



လူ​တွေ ဘာ့​ကြောင့်​ ပူ​လောင်​မယ်​မှန်းသိသိကြီးနဲ့

သံ​ယောဇဉ်​ ထားကြတာလဲ.......?



လူ​တွေ ဘာ့​ကြောင့်​ နာကျင်​​နေရတာလဲ.......?



လူ​တွေ ဘာ့​ကြောင့်​ ​ပျော်​ရွှင်​ကြရတာလဲ......?



ပြန်​​ဖြေပါ့မယ်​.....😃😃😃

၁)လူ​တွေဘာ့​ကြောင့်​အလုပ်​လုပ်​​နေကြတာလဲ.....



လူတစ်​​ယောက်​က ကိုယ့်​တကိုယ်​ရည်​အတွက်​ဆိုရင်

အလုပ်​ကို ကြိုးစားလုပ်​ကိုင်​​နေစရာမလိုပါဘူး

မ​တော်​​လောဘ​တွေထားပြီး မတရားမှု​တွေကိုလည်း

လုပ်​စရာအ​ကြောင်းမရှိပါဘူး။



ဘာ့​ကြောင့်​ အလုပ်​​တွေ​နေ့မနားညမနား လုပ်​​နေရသလဲဆို​တော့ သံ​ယောဇဉ်​​တွေ​ကြောင့်​ပါပဲ

ကိုယ့်​မိသားစုအတွက်​ ၊ ကိုယ့်​သား ကိုယ့်​မယားအတွက်​ ၊ ကိုယ့်​​ဆွေမျိုး​တွေအတွက်​ ၊ ကိုယ့်​​နောင်​​ရေးအတွက်​ အလုပ်​လုပ်​​နေကြခြင်းပါ။

ဒါ​တွေအားလုံးက အချစ်​ဆိုတဲ့ သံ​ယောဇဉ်​​တွေ​ကြောင့်​ပါ။



၂)လူ​တွေ ဘာ့​ကြောင့်​ ပူ​လောင်​မယ်​မှန်းသိသိကြီးနဲ့

သံ​ယောဇဉ်​တွယ်​ကြတာလဲ.......



သံ​ယောဇဉ်​ဆိုတာ အတ္တများလာရင်​ ပူမယ်​ဆိုတာ

အရွယ်​​ရောက်​ပြီးသူတိုင်း သိပြီးသားပါ

ဒါ​ပေမယ့်​ ပူမယ်​သိသိကြီးနဲ့လည်း ချစ်​​နေကြတာကို

ဘယ်​သူမှ တားလို့မရခဲ့ပါဘူး။



တကယ်​ချစ်​လာရင်​ အတ္တမကင်းဘူးဆိုတာ

သာမန်​လူသား​တွေအဖို့ ​ရှောင်​လွှဲဖို့မလွယ်​တဲ့အရာပါ

အတ္တ​ကြောင့်​ပူ​လောင်​ရသလို ​လောဘ​တွေ​ကြောင့်​လည်း ပူ​လောင်​​နေရတတ်​ပါတယ်​။တချို့​သော​လောဘ​တွေက ကိုယ့်​အတွက်​မဟုတ်​​ပေမယ့်​ ကိုယ်​တန်​ဖိုး

ထားရသူ​တွေအတွက်​ မဖြစ်​မ​နေ ထားလိုက်​ရတဲ့

လောဘ​တွေလည်း ရှိ​နေပါတယ်​ ။



အရွယ်​​ရောက်​လာပြီဆိုတာနဲ့ ​သွေးသားဆန္ဒအရ​ရော

နှလုံးသားဆန္ဒအရ​ပါ အချစ်​ဆိုတဲ့ ဘဝသစ်​ပင်​ကြီးကို

စိုက်​ပျိုးဖို့ အစပြုခဲ့ကြတာ အမှန်​တရားပါ။



ကိုယ်​အရမ်းချစ်​ပါတယ်​ဆိုတဲ့ မိဘနှစ်​ပါးနဲ့ ​ဆွေမျိုး​တွေထက်​ ပိုချစ်​နိုင်​တဲ့သူကို ရှာ​ဖွေခဲ့ကြတာလည်း

အမှန်​တရားပါ။



အချစ်​ဆိုတဲ့အရာကို ဘာ့​ကြောင့်​ ရှာ​ဖွေခွင့်​ပြုခဲ့သလဲဆိုရင်​ ကိုယ်​ပိုင်​တဲ့ဘဝသစ်​တစ်​ခုကို ကိုယ့်​ချစ်​သူနဲ့

တည်​​ထောင်​ချင်​တဲ့သ​ဘောဆိုတာ ငြင်း၍မရ​သော

အမှန်​တရားတစ်​ခုပါပဲ။



၃)လူ​တွေ ဘာ့​ကြောင့်​ နာကျင်​ခဲ့ကြတာလဲ.......



လူ့ဘဝမှာ လူ​တော်​​တော်​များများက​တော့

လောကဓံ​ကြောင့်​ နာကျင်​ရတာထက်​ ကိုယ်​ချစ်​တဲ့

သူ​တွေ​ကြောင့်​ပဲ နာကျင်​​ကြေကွဲရတာ ပိုများပါတယ်

ဘာလို့လဲဆို​တော့ ကိုယ့်​ကိုမျက်​ရည်​ကျ​အောင်

လုပ်​နိုင်​သူ​တွေက အခြားသူ​တွေ မဟုတ်​ပါဘူး

"ကိုယ်​မြတ်​နိုးတန်​ဖိုးထားရသူ”​တွေပါပဲ။



အခြားသူက ကိုယ့်​ကိုနာကျင်​​အောင်​လုပ်​တာထက်

ကိုယ်​ချစ်​ရသူ​တွေရဲ့ သံ​ယောဇဉ်​အပူမီး​တွေက

ကိုယ့်​နှလုံးသားကို ဒဏ်​ရာနက်​ရှိုင်းစွာ​ပေးခဲ့တယ်​ဆိုတာ ခံစားဖူးသူ​တွေ လက်​ခံထားကြပါတယ်​။



၎)လူ​တွေဘာ့​ကြောင့်​ ​ပျော်​ရွှင်​ကြရတာလဲ.......



ပျော်​ရွှင်​မှုဆိုတဲ့အရာက ကိုယ်​တစ်​​ယောက်​တည်း

ပျော်​ရတာမျိုးမဟုတ်​ပါဘူး။

ကိုယ့်​မိသားစု စီးပွား​ရေးအဆင်​​ပြေလာလို့

ပျော်​ရွှင်​ရတာ နှင့်​ ကိုယ်​ချစ်​တဲ့သူနဲ့ အတူတူ​နေခွင့်​ရလို့

ပျော်​ရွှင်​ရတာ​တွေက သံ​ယောဇဉ်​​ကြောင့်

ပျော်​ရွှင်​ရတာ​တွေချည်းပါပဲ။



ကိုယ့်​သား ကိုယ့်​သမီး​လေး ဘဝမှာ ​အောင်​မြင်​မှု​တွေ

ရလို့ ကြည်​နူးလိုက်​ရတဲ့ ပီတိနှင့်

ကိုယ့်​အရမ်းတန်​ဖိုးထားရသူ ​သေး​ဘေးကလွှတ်​ကင်းခဲ့လို့

ကြည်​နူးလိုက်​ရတဲ့ ဝမ်းသာမှု​တွေက သံ​ယောဇဉ်

တွေ​ကြောင့်​ပါပဲ။



နောက်​ဆုံး ​ပြောရရင်

ကိုယ်​ကိုယ်​တိုင်​ပဲ လူ့ဘဝကို ​ရောက်​လာရတာက

ကိုယ့်​မိဘနှစ်​ပါးရဲ့ ချစ်​ခြင်း​မေတ္တာ​တွေ​ကြောင့်

သွေးသားချင်း​ရောစပ်​ပြီး လူဖြစ်​လာတယ်​ဆိုတာကလည်း မငြင်းနိုင်​တဲ့ အမှန်​တရားပါ။



လူ့ဘဝဆိုတာ အချစ်​နဲ့စတင်​ပြီး အချစ်​နဲ့အဆုံးသတ်​ခဲ့ကြတယ်​ဆိုတာ ကမ္ဘာဦးအစကတည်းက

ငြင်းဆန်​လို့မရတဲ့ ဖြစ်​တည်​မှုတစ်​ခုပါ

"ဘဝက အချစ်​ဖြစ်​သလို အချစ်​က ဘဝပါ”

အချစ်​ဆိုတဲ့အရာကို အ​တွေးအ​ခေါ်ယှဉ်​ပြီး

ကိုယ်​ပိုင်​တဲ့ဘဝသစ်​​လေးကို လှပ​အောင်​တည်​​ဆောက်

နိုင်​ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါရ​စေ​နော်​။

1 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: