4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝနဲ့ အလှ

images (14).jpeg
Image source
ကျ​နော်​ငယ်​ငယ်​ ​ကျောင်း​နေစဉ်​တုန်းက ဆရာက ဘဝနဲ့အလှဆိုတဲ့​ခေါင်းစဉ်​​ပေးပြီး စာစီစာကုံး​ရေးခိုင်းဖူးတယ်​။ ကျ​နော်​မ​ရေးတတ်​ဘူး။ဘယ်​လို​ရေးရမှန်းလည်း မသိဘူး။ ကျ​နော်​နဲ့မရင်းနှီးတဲ့ ​ခေါင်းစဉ်​တစ်​ခုလို့ပဲ မြင်​​နေမိတယ်​။
ကျောင်းသားအရွယ်​မှာလည်း ​ကျောင်းသားရဲ့ဘဝ ​ကျောင်းသားတစ်​​ယောက်​ ကျင့်​ဝတ်​လိုက်​လိုက်​နာခြင်းက အလှတစ်​ခုလို့ ကျ​နော်​ မသိခဲ့ဘူး။
ဘဝဆိုတာ အပြင်​က လူ​တွေ လူကြီးမိဘ​တွေက ပိုသိတယ်​။ ပိုနားလည်​ရမယ်​လို့ ကျ​နော်​ ထင်​ခဲ့မိတယ်​။
အလှဆိုတာ ရုပ်​ရှင်​မင်းသားမင်းသမီး​တွေလို ပြင်​ဆင်​​နေကြမှလို့ ယူဆခဲ့မိတယ်​။
ဘဝ​တွေကြားမှ အလှတရား​တွေရှိတယ်​ဆိုတာ ကျ​နော်​ နားမလည်​နိုင်​ခဲ့ဘူး။
လူတစ်​​ယောက်​ဟာ ကုန်း​ကောက်​စရာမရှိ​အောင်​ဆင်းရဲမွဲ​တေ​နေပါ​စေ.သူဟာ စိတ်​ချမ်းချမ်းသာသာ​နေနိုင်​ရင်​ အဲ့ဒါ ဘဝရဲ့ အလှတစ်​ခုပဲဆိုတာ ကျ​နော်​နားမလည်​နိုင်​ဘူး။ ရိုးသား​အေးချမ်းပြီး စိတ်​ချမ်းသာုခင်းဆိုတာ ​ငွေရှိမှလုပ်​လို့ရတဲ့အရာ မဟုတ်​ဘူး။ပိုက်​ဆံချမ်းသာမှ ဘဝလှရမှာ မဟုတ်​ဘူးဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာခဲ့တယ်​။
က​လေးတစ်​​ယောက်​က အပြစ်​ကင်းစင်​စွာ ရယ်​​မောတတ်​ခြင်းက က​လေးရဲ့ဘဝမှာ အလှတရား တစ်​ခုဖြစ်​တယ်​ဆိုတာ ကျ​နော်​ သိခွင့်​ရလာခဲ့တယ်​။
အရူးတစ်​​ယောက်​က အငြိုးအ​တေးမဲ့ ​ပျော်​ရွှင်​​နေခြင်းဟာလည်း အရူးဘဝမှာ အလှတရားတစ်​ခုပါပဲ။
လူတစ်​​ယောက်​ရဲ့ဘဝမှာ သူ့ဘဝရဲ့ အလှတရားဟာ ဂုဏ်​ဒြပ်​မဟုတ်​ဘူး။ရာထူးစည်းစိမ်​မဟုတ်​ဘူး။ပျော်​ရွှင်​စွာရှင်​သန်​​​နေထိုင်​ခြင်းသာ ဖြစ်​တယ်​ဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာ​နေခဲ့တယ်​..
အခုတစ်​ခါ ကျ​နော့ကို ဘဝနဲ့အလှဆိုတဲ့ ​ခေါင်းစဉ်​ကိုများ ​ရေးခိုင်းခဲ့မယ်​ဆိုရင်​ ကျ​နော်​ စာစီစာကုံး​ကောင်း​ကောင်းတစ်​ပုဒ်​ကို ​ရေးနိုင်​​နေပြီဆိုတာ ဆရာသိချင်​မှ သိပါလိမ့်​မယ်​။
images (15).jpeg
Image source
ဆရာ​ပေးတဲ့​ခေါင်းစဉ်​ကို နားလည်​နိုင်​ဖို့အရင်​ကြိုးစားရတာက စာစီစာကုံး​ရေးတာထက်​ ပိုခက်​ခဲ​နေတယ်​ဆိုတာ ဆရာလည်း သိချင်​မှ သိခဲ့ပါလိမ့်​မယ်​။
သူ​ဌေးသူကြွယ်​ကြီးမှ ဘဝရှိတာ မဟုတ်​ အလှရှိတာမဟုတ်​ ​ပျော်​ရွှင်​ခြင်းရှတာမဟုတ်​မဟုတ်​...
လူတိုင်း လူတိုင်းက အလှကိုယ်​စီ ဘဝကိုယ်​စီ ​ပျော်​ရွှင်​မှုကိုယ်​စီနဲ့​လေ။
ဘဝရှိသူတိုင်းအလှရှိတယ်​။ပျော်​ရွှင်​မှုရှိတဲ့ ဘဝတိုင်း အလှတရား ဖြစ်​​နေတယ်လို့ ကျ​နော်​ဆိုချင်​ပါတယ်​။
what-is-life.jpg
Image source

Writter @htetnainglin
Msc 188

65 upvotes $0.46

Replies (21)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: