4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Pros and Cons

download (8).jpeg
Image source
အ​ကောင်းကိုလုပ်​ရင်​ အ​ကောင်း​တွေ ဖြစ်​လာမှာပဲ။ အဆိုး​တွေကို လုပ်​ရင်​ အဆိုး​တွေ ဖြစ်​လာမှာပါပဲ။ အဲ့ဒါ အ​ကြောင်း​ကြောင့်​ အကျိုး ဖြစ်​တယ်​ဆိုတာမျိုးပါတဲ့.။
ကျွန်​​တော့ အဖိုးက ​ပြောခဲ့ဖူးတဲ့ စကား​လေးပါ။
အ​ကြောင်းတရား​တွေ မရှိပဲနဲ့ အကျိုးဆက်​ဆိုတာ ဖြစ်​လာဖို့မရှိဘူး။ မင်း လူသတ်​လိုက်​တယ်​ဆိုရင်​ အဖမ်းခံရမှာပဲ​လေ..ဒါ လူသတ်​တဲ့ အ​ကြောင်းအရင်း​ကြောင့်​ အဖမ်းခံရခြင်းဆိုတဲ့ အကျိုးဆက်​ ဖြစ်​လာတာပဲတဲ့။
ကိုယ်​က ​ကောင်းတာ​တွေကို မလုပ်​ပဲနဲ့ ​ကောင်းတာ​တွေကို လို​ချင်​​နေလို့ မဖြစ်​ဘူး။ လယ်​စိုက်​​နေပြီး ​ကျောက်​​အောင်​ချင်​လို့မရဘူး။ထီမထိုးပဲ ထီ​ပေါက်​ချင်​လို့မရဘူး။
လယ်​စိုက်​မှ​တော့ စပါးကိုပဲရမှာ ။ထီမထိုးမှ​တော့ သူများတကာ​တွေကို.ထီဆိုင်​က ဖုန်းကို ​မျှော်​မ​နေနဲ့။
အ​ကြောင်းတရားမှ မရှိတာ ဘယ်​လိုလုပ်​ အကျိုး ဖြစ်​ထွန်းမှာလဲ တဲ့။

ကျွန်​​တော်​ စဉ်းစားကြည့်​တယ်​။ အဖိုး​ပြောတာ​တွေက တကယ်​​လေးနက်​ပြီး စဉ်းစားဖို့​ကောင်းတယ်​​လေ။
ဟုတ်​​တေယ့ဟုတ်​တာ​ပေါ့။
ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာ ဘယ်​မှာပဲ ဖြစ်​ဖြစ်​ ကိုယ်​လုပ်​ထားသမျှ အ​ကောင်းအဆိုး သက်​​ရောက်​မှုဆိုတာ ကိုယ့်​ဆီပဲ ပြန်​လာတာပဲ​လေ။ ဒါကိုပဲ ကျွန်​​တော်​တို့ ဗုဒ္ဓဘာသာမှာ ဝဋ်​​ကြွေးလို့ ဆိုကြတာမဟုတ်​လား။

ကံ ကံ၏ အကျိုးလို့ ယုံကြည်​လိုက်​​ပေမယ့်​ အဲ့ဒီကံဆိုတာ ကျွန်​​တော်​တို့ လုပ်​ထားတဲ့ အ​ကြောင်းတရား​တွေရဲ့အရိပ်​​တွေပဲ​လေ။

အဆိုးဆုံး​တွေကို ကိုယ်​တိုင်​က လုပ်​​နေပြီးမှ ဘယ်​မှာ အ​ကောင်းကို ​မျှော်​လင့်​လို့ရပါ့မလဲ။အဆိုး​တွေကိုပဲ ကျွန်​​တော်​တို့ လိုချင်​ချင်​ မလိုချင်​ချင်​ လက်​ခံရ​တော့မှာပဲ​လေ။
အ​ကောင်​တွေကိုပဲ ​တောက်​​လျှောက်​လုပ်​လာခဲ့သူက အဆိုးအတွက်​ လှည့်​​တောင်​ ကြာ့်​စရာမလို​တော့ဘူး​လေ..။
images (7).jpeg
Image source
တော်​​တော်​ကို ​လေးနက်​တဲ့စကား​တွေကို အဖိုးက ကျွန်​​တော့်​ကို ​ပြောပြခဲ့တာပါလားလိာ့ ကျွန်​​တော်​​တွေး​နေမိတယ်​။

အ​ကြောင်း​ကြောင့်​ အကျိုးဖြစ်​လာတယ်​။ အကျိုး​တွေက ကျွန်​​တော်​တို့ကို အ​ကောင်းအဆိုးဆိုတဲ့ ရလာဒ်​ကို​ပေးတယ်​။ကျွန်​​တော်​တို့က ကံဆိုတာကိုပဲ ပုံချပစ်​လိုက်​တယ်​။
အဲ့ဒီကံဆိုတာ ကျွန်​​တော်​တို့ပြုလုပ်​ခဲ့ဖူးတဲ့ အ​ကြောင်းတရား​တွေရဲ့အကျိုး​တွေဆိုတာ.ကျွန်​​တော်​တို့ ​မေ့​နေခဲ့ကြတယ်​။

တွေးကြည့်​ရင်း ကျွန်​​တော်​ လူကြီး​တွေကို ​လေးစားမိတယ်​။ဆရာမရှိပဲ ဒီ​လောကအမှန်​တရား​တွေကို.ထုတ်​​ဖော်​ခဲ့တဲ့ ရှင်​​တော်​မြတ်​ဘုရားကို.ရို​သေ​လေးစားမိတယ်​။

ကျွန်​​တော်​တို့ လူသား​တွေရဲ့ ​မွေးဖွားခြင်းဆိုတဲ့ အ​ကြောင်းထဲမှာ ​သေဆုံးခြင်းဆိုတဲ့အကျိုးကို ရင်​မဆိုင်​ရ​သေးခင်​ ကျွန်​​တော်​တို့ ဘယ်​​လောက်​​မျှော​နေခဲ့ကြလဲ။ ဘယ်​​လောက်​​မော​နေခဲ့ကြသလဲ..။
images (2).png
Image source
ကျွန်​​တော်​တို့ထံပြန်​လာတဲ့ အ​ကောင်းအဆိုးဆိုတဲ့ အ​ကြောင်းတရားရဲ့ပဲ့တင်​သံ​တွေကို ကျွန်​​တော်​တို့ ရဲရဲဝံ့ဝံ့လက်​ခံရဲပြိလား..

အ​ကြောင်းတရားရဲ့အကျိုး ဆက်​​တွေ​အောက်​မှာ ကျွန်​​တော်​တို့ အစစအရာရာ အ​ကောင်းအဆိုး​တွေကို မြင်​နိုင်​ပြီလားမြင်​တတ်​ပြီလား ..

ကျွန်​​တော်​က​တော့ အဖိုးရဲ့ တန်​ဖိုးရှိလှတဲ့ စကား​လေး​တွေနဲ့ တစ်​​နေ့လုံး အ​တွေးပွား​နေမိ​တော့တာပါ။
အကျိုးအ​ကြောင်းနဲ့ အဆိုးအ​ကောင်း အ​ကြောင်​​လေ...

Writter @htetnainglin
Msc 188

69 upvotes $0.37

Replies (29)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: