4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အောင်မြင်မှုသို့...

ကျနော်တို့ လူသားတွေဟာ မိမိတို့ဘ၀အတွက်
အောင်မြင်မှုများရရှိအောင် ကြိုးစားကြပါတယ်။
အောင်မြင်မှုကို ရုပ်ဝတ္ထုပစ္စည်းများ၊ငွေကြေးများစွာ
ပိုင်ဆိုင်မှုနဲ့တိုင်းတာကြသလို၊တချို့ကလည်း
ရာထူးဂုဏ်ဒြပ်၊အာဏာများ ရရှိပိုင်ဆိုင်နိုင်မှုကို
အောင်မြင်မှုအဖြစ် မှတ်ယူကြသူများလည်း
ရှိပါတယ်။

မည်သို့ပင် သတ်မှတ်ကြသည်ဖြစ်စေ ကျနော်တို့
အားလုံးသည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင်
အများသူငါက အားကျရသော အခြေအနေများကို
ပိုင်ဆိုင်လိုကြသူများပင်ဖြစ်သည်။မိမိရပ်တည်ရာ
နယ်ပယ်အလိုက် မြင့်မားသော အောင်မြင်မှုကို
ရယူလိုကြသူများပင်ဖြစ်ကြသည်။

16-06-15-2Q==.jpg
Image source credit

ထိုသို့ အောင်မြင်မှုကိုအလိုရှိသူများအနေဖြင့်
အမြဲမပြတ် အောင်မြင်မှုရရှိနိုင်စေရန်အတွက်
လုံလောက်သော ကြိုးစားအားထုတ်မှုများ
ရှိရမည်ဖြစ်ပါသည်။ထိုကဲ့သို့ကြိုးစားအားထုတ်မှု
ပြု ကြရာတွင်လည်း အချို့မှာ မိမိရည်မှန်းချက်
ပန်းတိုင်မရောက်မီ တွေ့ကြုံရသော အခက်အခဲများကြောင့်စိတ်ပျက်လက်လျှော့သွားကြသူများ
ရှိသလို၊အချို့မှာစိတ်ပျက်လက်လျှော့ခြင်းမရှိပဲ
မိမိတွေ့ကြုံရသော အခက်အခဲများကြားမှ
အခွင့်အလမ်းကိုရအောင်ရှာဖွေကာ ကြိုးစားပြီး
အောင်မြင်မှုကို ပိုင်ဆိုင်နိုင်သူများလည်းရှိကြသည်။
အချို့ကလည်း အောင်မြင်မှု ရရှိရန်ကြိုးစားရင်း
အမှားများ ပြုလုပ်တတ်မိကြပြီး ထိုအမှားများ
ကြောင့်ပင်လက်မြှောက်အရှုံးပေးကာ
ထပ်မံ၍ကြိုးစားအားထုတ်မှု မပြုကြတော့သူများ
လည်းရှိသည်။အချို့သောသူများကတော့
မိမိပြုလုပ်မိသော အမှားများထဲမှ
ပြန်လည်ဆင်ခြင်၍ သင်ခန်းစာယူကာ ပြင်ဆင်ရင်း
အောင်မြင်မှု လမ်းကြောင်းပေါ်သို့ တဖန်ပြန်လည်
တက်ရောက်နိုင်ကြသူများလည်းရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ အောင်မြင်မှုရရှိရန်အတွက်ဇွဲ၊လုံ့လ၊၀ီရိယကိုအခြေခံ၍ မိမိရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် မလျော့သောစိတ်ထားဖြင့် ကြိုးစားအားထုတ်မှု ပြုကြရမည်ဖြစ်ပါသည်။
အလျဉ်းသင့်၍ ပုံပြင်လေးတပုဒ်ကိုဖော်ပြပေးပါမည်။

16-03-44-raf,750x1000,075,t,e5d6c5:f62bbf65ee.jpg
Image source credit

လူသုံးယောက်နှင့် ပင့်ကူ

မိုးရွာပြီးခါစ အချိန်မှာ ပင့်ကူတစ်ကောင်ဟာ မိုးစိုပြီး ပျက်စီးသွားတဲ့ ပင့်ကူအိမ်အမျှင်ကနေ စိုရွှဲနေတဲ့
နံရံပေါ် တွယ်တက်ဖို့ ကြိုးစားနေပါတယ်။
မိုးစိုနေတဲ့အတွက် ပင့်ကူဟာ နံရံပေါ် အနည်းငယ်
တက်ပြီးတာနဲ့ ပြန်ပြန်ပြုတ်ကျလာတယ်။ပင့်ကူဟာ အကြိမ်ကြိမ်ကြိုးစားပြီး တက်ခဲ့ပေမယ့်
အကြိမ်ကြိမ်ပြန်ပြုတ်ကျခဲ့ရပါတယ်။အဆိုပါ ပင့်ကူရဲ့အဖြစ်အပျက်ကို လူသုံးယောက်က တွေ့ခဲ့ကြပြီး
ပထမလူက
"ဟင်း.. ငါ့အဖြစ်ကလည်း ဒီပင့်ကူနဲ့ တူလိုက်တာ၊
ပင်ပင်ပန်းပန်း လုပ်ခဲ့ပေမယ့် ဘာမှ အကျိုးမရခဲ့ဘူး" လို့ တွေးပြီး သက်ပြင်းအခါခါ ချခဲ့တယ်။
အဆိုပါ ပထမလူဟာ နေ့စဉ်နဲ့အမျှ စိတ်ဓာတ်
ကျစရာတွေနဲ့သာ ပြည့်နှက်ပြီး ဘ၀ကို
ဖြတ်သန်းနေခဲ့ရပါတယ်။

ဒုတိယလူကတော့
"ဒီပင့်ကူ တော်တော် တုံးပါလား၊ဘေးက ခြောက်နေတဲ့နံရံကနေပတ်ပြီးတက်သွားလို့လည်း ရရဲ့သားနဲ့၊ဒီပင့်ကူလို ငါ တုံးလို့မဖြစ်ဘူး" လို့ တွေးမိတယ်။
အဲဒီနောက်မှာတော့ သူဟာ ပင့်ကူရဲ့အဖြစ်အပျက်ကနေ သင်ခန်းစာယူပြီး စဉ်းစားဆင်ခြင်တတ်ပြီး
ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

တတိယလူကတော့
"ဒီပင့်ကူက အကြိမ်ကြိမ်ပြုတ်ကျပေမယ့် အထက်ကိုရောက်ဖို့ ဇွဲမလျှော့ခဲ့ဘူး" ဆိုတဲ့အမြင်နဲ့မြင်ပြီး
သူဟာ ဘာလုပ်လုပ် ပင့်ကူလိုဇွဲလုံ့လ၊တောင့်ခံအားတွေကောင်းခဲ့တယ်။ထို့နောက်မှာတော့ သူဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အောင်မြင်မှုကို လိုလားသူဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်မှု အစွမ်းကို
ရှာဖွေတတ်ရတယ်။

16-07-48-2Q==.jpg
Image source credit

ပုံပြင်လေးကိုဖတ်ပြီးတဲ့နောက်မှာ စာဖတ်သူ
မိတ်ဆွေများလည်း တွေးစရာ တခုခု
ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။အောင်မြင်မှုကို လိုချင်သူများဟာ မိမိကိုယ်တိုင်ဖြစ်စေ၊တခြားသူများမှဖြစ်စေ ပြုလုပ်မိတဲ့ အမှားများမှတစ်ဆင့်
သင်ခန်းစာယူကာ မလျှော့သော ဇွဲဖြင့်
အောင်မြင်မှုကို ရရှိအောင် ကြိုးစား
အားထုတ်သင့်ပါတယ်။ဒါ့အပြင် မိမိပတ်ဝန်းကျင်
တွင် ကြုံတွေ့ရသော ဖြစ်ရပ်များမှတစ်ဆင့်
မိမိအတွက် သင်ခန်းစာယူစရာများကို
တွေ့အောင်ရှာဖွေကြရင်း အောင်မြင်မှု လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြသူများဖြစ်လာနိုင်ပါတယ်။Steemitမိတ်ဆွေများလည်း မိမိတို့ လိုချင်သော
အောင်မြင်မှုများကို ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

@htetwaihin

MSC - 039

72 upvotes $0.92

Replies (32)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: