4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဟန်ဆောင်မှု

မင်္ဂလာပါ...Steemit မိတ်ဆွေများ...
ကျနော်တို့တတွေဟာ မိမိရပ်တည်ရာနယ်ပယ်
အလိုက် နေ့စဉ်ဆိုသလို စိတ်ထားအမျိုးမျိုးရှိတဲ့
လူအမျိုးမျိုးနဲ့ တွေ့ဆုံဆက်ဆံရပါတယ်။ထိုသို့
ပေါင်းသင်းဆက်ဆံရတဲ့နေရာမှာ မိမိအကျိုး လိုလားသူ၊မလိုလားသူ၊မိမိအပေါ်ကောင်းတဲ့သူ၊ချောက်ချမဲ့သူ၊မိမိကို အောင်မြင်စေလိုသူ၊ကျရှုံးစေလိုသူ၊
မိမိကို ပျော်ရွှင်စေလိုသူ၊စိတ်ညစ်ညူး ၀မ်းနည်း
အောင်လုပ်သူ အစရှိသဖြင့် လူအမျိုးမျိုးနဲ့ တွေ့ဆုံကြရမှာပါ။ဘယ်သူဟာ ဘယ်လိုလူမျိုးဆိုတာ အချိန် သို့မဟုတ် ဖြစ်ရပ်တခုခုကနေတစ်ဆင့် သိရှိလာမှာ
ဖြစ်ပါတယ်။

15-54-15-images.jpg
Image credit source

လောကမှာ တချို့သောသူတွေက အလွန်ကို
ကြောက်ဖို့ကောင်းပါတယ်။သူတို့ရည်မှန်းချက်
ပြည့်ဝဖို့ ကိုယ့်ကိုချနင်းတာမျိုး၊နောက်ကျော ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး လုပ်ဖို့ ၀န်မလေးကြတဲ့သူမျိုးတွေနဲ့လည်း တွေ့ကြုံကြရမှာပါ။မိမိအရှေ့မှာတော့
ကောင်းသယောင် မိမိအကျိုး လိုလားသယောင်ပြပြီး ကွယ်ရာမှာသာ ထိုသူတို့ရဲ့ သရုပ်အမှန်ကို သိရှိနိုင်တာမျိုးပါ။သို့သော် ထိုသို့ မိမိအပေါ်
ကောင်းသယောင်ဟန်ဆောင်သူများဟာ အချိန်ကာလတစ်ခု သို့မဟုတ် မိမိအခက်အခဲ ဒုက္ခရောက်
နေစဉ်ဖြစ်စေ ဖြစ်ရပ်တခုခုကြောင့် ထိုသူတို့ရဲ့
ဟန်ဆောင်မျက်နှာဖုံးကွာကျပြီး သရုပ်မှန်ကို သိရှိနိုင်မှာပါ။

အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ တိုးတက်အောင်မြင်မှုအပေါ် ကြာရှည်ဟန်ဆောင်ပြီး ကြည့်မနေနိုင်တော့ပဲ အတွင်းစိတ်ရင်းအမှန်ကို ဖော်ပြလာနိုင်သလို မိမိအခက်အခဲဖြစ်နေချိန်မှာ အားပေးစကားတောင်ပြောဆိုခြင်းမပြုပဲ မသိကျိုးကျွံပြုပြီး ကျိတ်ဝမ်းသာနေတဲ့ ထိုသူရဲ့ စိတ်ရင်းအမှန်ကိုလည်း သိလာနိုင်မှာ
ဖြစ်ပါတယ်။မည်သို့ပင် ဟန်ဆောင်ကောင်းစေကာမူ ထိုဟန်ဆောင်မှုအား အကဲဖြတ်ပေးနိုင်မည့်
အကြောင်းအရာတစ်ခုက ရှိနေစမြဲပင်ဖြစ်ပါသည်။
ထိုအကြောင်းအရာနှင့်သက်ဆိုင်သည့် ပုံပြင်လေးတပုဒ်ကိုဖော်ပြပေးပါမည်။

တစ်ခါက ပန်းတောကြီးထဲမှာရှိတဲ့ ယင်ကောင်တစ်
ကောင်ဟာ သူ့ပုံစံက ပျားနဲ့တူတယ်ဆိုပြီး ဝမ်းသာ
နေခဲ့ပါတယ်။အဲဒါနဲ့ သူဟာ ပျားဟန်ဆောင်ပြီး
ပန်းပွင့်တွေဆီက ပန်းဝတ်မှုန်တွေကို ခိုးယူပြီး
လိမ်လည်လှည့်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

15-56-29-Z.jpg
Image source credit

ထို့နောက်မှာတော့ ယင်ကောင်ဟာ အပြောကျယ်လှတဲ့ ပန်းခင်းကြီးထဲ ခေါက်တုန့်ခေါက်ပြန် ပျံသန်းနေပါတော့တယ်။ သူ ပျံသန်းနေတာ ကြာလှပေမယ့် သူ့ကို ပြုံးပြတဲ့ ပန်းပွင့် သို့မဟုတ် သူ့ကို ပွင့်လန်းပြတဲ့ ပန်းပွင့်တစ်ပွင့်ကိုမှ သူမတွေ့ရပါဘူး။

ဘာကြောင့်အခုလိုဖြစ်ရတာလဲနားမလည်နိုင်ဖြစ်ပြီး လမ်းမှာတွေ့တဲ့ ပျားတစ်ကောင်ကိုမေးကြည့်တော့ ပျားက "မင်းရဲ့အပြင်ပန်းက ငါနဲ့တူပေမယ့် မင်းဟာ ပျားမှမဟုတ်တာ။ပန်းတွေက မင်းကို ပျားအစစ်အမှန် ဟုတ်မဟုတ်ဆိုတာ အကဲခတ်နိုင်တယ်။ဒါကြောင့်
ပန်းတောထဲမှာ မင်းတစ်သက်လုံး ဝဲပျံနေလည်း မင်းကိုဘယ်ပန်းပွင့်ကမှ ပျားလို့သတ်မှတ်မှာမဟုတ်ဖူး" လို့ ပြောလိုက်တယ်။

16-03-14-images.jpg
Image source credit

အပြင်ပန်းပုံသဏ္ဌာန် တူလို့ရပေမယ့်၊တူအောင်ဟန်ဆောင်လို့ရပေမဲ့ အတွင်းစိတ်သဘောထားအစစ်အမှန်ကို အစားထိုးလို့ မရနိုင်ကြောင်းပုံပြင်လေးက ဆိုလိုချင်တာပါ။

ပုံပြင်လေးထဲကလိုပဲ ကျနော်တို့အနေနဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ဆုံ ဆက်ဆံနေရတဲ့သူတွေထဲမှာ
ဘယ်သူဟာ မိမိအပေါ်မှာ ဟန်ဆောင်မှုတွေနဲ့ဆက်ဆံသူ၊ဘယ်သူဟာတော့ဖြင့် ဟန်ဆောင်မှုကင်းရှင်းစွာနဲ့ ပကတိရိုးသားစွာဆက်ဆံကြသူတွေဆိုတာဟာ ကာလတခုအတွင်း သိရှိလာမှာပါ။

စာဖတ်သူမိတ်ဆွေများလည်း မိမိကိုဟန်ဆောင်မှု
ကင်းရှင်းစွာဖြင့်ဆက်ဆံကြသောသူများကို
တန်ဖိုးထားကြရင်းမိတ်ကောင်းဆွေကောင်းများဖြင့် တွေ့ဆုံနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

@htetwaihin

MSC - 039

83 upvotes 1 downvotes $0.75

Replies (37)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: