4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သင်္ကြန် အစီအစဉ်

မင်္ဂလာပါ steemit မိတ်ဆွေတို့ရေ...
မကြာခင်အချိန်အတွင်း သင်္ကြန်ရောက်တော့မှာ
ဆိုတော့ သင်္ကြန်တွင်းကို ဘယ်လိုတွေ
ဖြတ်သန်းဖို့ စီစဉ်ထားကြလဲ။
ဘာအစီအစဉ်တွေရှိလဲဆိုတာလေး
ပြောပြခဲ့ကြအုံးနော်။

12-29-46-myanmar-3271698_1280.png
Image source

ပြောရမယ်ဆိုရင် သင်္ကြန်ကတော့ အိမ်မှာပဲနေပြီး
အချိန်ကုန်တာများပါတယ်။
သူများတွေလို မဏ္ဌပ်ထိုင်တာတို့၊
ရေပက်ခံထွက်လျှောက်လည်တာမျိုးတော့
နှစ်တိုင်းမလုပ်ဖြစ်ဖူး။
သင်္ကြန်တွင်းခရီးထွက်ဖူးတာ ၂ခါ၊
သူငယ်ချင်းတွေ စုပြီး မုန့်လုပ်စားတာ၂ခါလောက်ပဲအပြင်ထွက်ဖူးတာ။ကျန်တဲ့နှစ်တွေကတော့
အိမ်မှာပဲ မုန့်စားလိုက် TVကြည့်လိုက်နဲ့
ဖြတ်သန်းခဲ့တာပဲ။

ဒီနှစ်တော့ ဘာလုပ်ကြမလဲစဉ်းစားတော့
တချို့သော ရုံးသမားသူငယ်ချင်းတွေကလည်း
နယ်ပြန်ကြမယ်။ရန်ကုန်မှာရှိမဲ့
သူငယ်ချင်းတွေကလည်း ဘုန်းကြီးဝတ်ကြ၊
တရားစခန်းဝင်ကြမဲ့သူတွေဝင်ကြနဲ့ဆိုတော့
လူမစုံတော့ဘူး။အဲဒါနဲ့ပဲ ထုံးစံအတိုင်း
အိမ်မှာပဲနေရင်း သင်္ကြန်ကျမယ်ပေါ့။

12-39-39-people-2595510__480.jpg
Image Source

၎ရက်လောက်အိမ်တွင်းအောင်းရမှာဆိုတော့
ဒီအတိုင်းဆို ပျင်းစရာကြီးပေါ့။ဇာတ်လမ်းတွဲ
စီးရီးတွေဝယ်ထားပြီး ကြည့်မလို့
စိတ်ကူးမိသေးတယ်။TV ကလည်း
သင်္ကြန်အစီအစဉ်တွေလာအုံးမှာဆိုတော့
အိမ်ကလူတွေနဲ TVလုနေရမှာစိုးတာနဲ့ပဲ
အဲဒီအစီအစဉ်ကို cancelလုပ်ပြီး
ဘာလုပ်ရင်ကောင်းမလဲထပ်စဉ်းစားတော့
စာအုပ်ဖတ်ဖို့ အကြံကောင်းလေးတွေးမိတာပေါ့။

အမှန်တိုင်းပြောရရင် အခုနောက်ပိုင်း
စာသေချာမဖတ်ဖြစ်တာ ၃နှစ်လောက် ရှိပြီ။Steemitမှာစာရေးပြီးနောက်ပိုင်းမှသာ
စာနည်းနည်းပြန်ဖတ်ဖြစ်တာ။ဒါတောင်
ပုံမှန်မဖတ်ဖြစ်ပါဘူး။အရင်က စာဖတ်နှုန်းနဲ
့ယှဉ်ရင် လုံးဝအားရစရာမရှိသေးဘူး။
ဘာပဲပြောပြော သင်္ကြန်မှာ စာအုပ်လေး
တောက်လျှောက်ပြန်ဖတ်ဖြစ်တော့
အလေ့အကျင့်လေးပြန်ရတာပေါ့။
အဲဒီ အလေ့အကျင့်ကို ပုံမှန်ဖြစ်အောင်
ထိန်းသိမ်းရင်း စာတွေမပြတ်တမ်း
ပြန်ဖတ်နိုင်ဖို့လည်း ကြိုးစားရမှာပေါ့။

စာအုပ်ဖတ်မယ်ဆိုပြီး စာအုပ်စင်ကိုပြန်မွှေတော့
ဝယ်ထားပြီးမဖတ်ရသေးတဲ့စာအုပ်တွေ
ပြန်ထွက်လာတာနဲ့ အတော်ပဲဖြစ်သွားတယ်။
😂😂

အခုနောက်ပိုင်းအလုပ်ရှုပ်တာကို ပျင်းတာနဲ့
ရောချပြီး မဖတ်ဖြစ်တာလေ။ဘာပဲပြောပြော
သင်္ကြန်တွင်းအတွက်တော့ ဖူလုံသွားတာပေါ့။

12-41-38-books-1900467__480.jpg
Image source

ကျနော့်ရဲ့ သင်္ကြန်တွင်းအစီအစဉ်ကတော့
အိမ်မှာနေမယ်၊အိမ်ကလုပ်ကျွေးတဲ့
မုန့်လေးတွေစားရင်း စာအုပ်ဖတ်မယ်၊
အိမ်အလုပ်တွေ နဲနဲပါးပါးဝိုင်းကူမယ်၊TVကလာတဲ့
အစီအစဉ်လေးတွေလည်း နဲနဲပါးပါးကြည့်ဖြစ်မယ်။ဒီလောက်ပါပဲ။
သင်္ကြန်ကို ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေးပဲ
ဖြတ်သန်းမှာပါ။

Steemit မိတ်ဆွေတို့ရေ...
"သင်္ကြန်" ဆိုတာ ပါဋ္ဌိလို "သင်္ကန္တ"ဆိုတဲ့
ပုဒ်ကနေဖြစ်ပေါ်လာတယ်လို့
ဖတ်ရှုမှတ်သားဖူးပါတယ်။"သင်္ကန္တ" ဆိုတာ
"ပြောင်းခြင်း" လို့ အဓိပ္ပာယ်ရပါတယ်တဲ့။

နှစ်ဟောင်းကနေ နှစ်သစ်ကို ပြောင်းခြင်းပေါ့။
မိတ်ဆွေများလည်း နှစ်သစ်ကို ကောင်းမွန်စွာ
အေးချမ်းစွာ ကူးပြောင်းနိုင်ပြီး နှစ်သစ်မှာ
အောင်မြင်မှုအသစ်သစ်တွေရရှိနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးပဲ မဟာသင်္ကြန်မှာ ပျော်ရွှင်ကြပါစေဗျာ။

@htetwaihin

MSC - 039

82 upvotes $0.99

Replies (31)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: