4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ရလာဒ်ကောင်းဖို့ (၂)

အပိုင်း၁ ဖတ်ရန်

အပိုင်း၁ ပို့စ်မှာတော့ အတွေး၊ခံစားချက်၊လုပ်ဆောင်ချက်နဲ့ရလာဒ်များအစရှိတာတွေနဲ့ပတ်သတ်ပြီး
အခြေခံရှင်းလင်းချက်များကို ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။အခုပို့စ်မှာတော့
TFAR Modelsအရ အတွေးမှတစ်ဆင့် နောက်ဆုံး
ရလာဒ်ဆီသို့ရောက်ရှိတဲ့အချိန်အထိ ဖြစ်စဉ်ကို
ဖော်ပြပေးသွားပါမယ်။

TFAR Modelsရဲ့ ဖြစ်စဉ်ကို ဥပမာအနေနဲ့ ဖော်ပြရ
မယ်ဆိုရင် လူတစ်ယောက်ဟာ အိမ်ကနေထွက်တဲ့အချိန်မှာ ကားလမ်းတွေအရမ်းပိတ်နေတယ် ဆိုပါစို့။
ရာသီဥတုကလည်း အလွန် ပူနေတာကြောင့်
စိတ်ညစ်လာပြီး မကောင်းတဲ့ အတွေးတွေ
စ၀င်လာပါတော့တယ်။

"ရာသီဥတုကလည်း ပူလိုက်တာ၊
ကားကလည်းပိတ်နေတာရွေ့ကိုမရွေ့တော့ဘူး
ဟိုအရှေ့ကလူကလည်း ကားကို ဘယ်လိုမောင်းနေလဲမသိဘူး."အစရှိသဖြင့် အတွေးများတွေးမိလာမည်
ဖြစ်သည်။ရာသီဥတုနှင့်၊ပတ်ဝန်းကျင်အခြေအနေများက မိမိ၏အတွေးအပေါ်လွှမ်းမိုးသွားခြင်း
ဖြစ်သည်။

ထိုသို့အတွေးများမှတဆင့် စိတ်ညစ်လာမည်။
စိတ်တိုလာမည်။စိတ်ရှုပ်လာမည်။ပတ်ဝန်းကျင်မှ
လူများအပေါ် ဒေါသထွက်လာမည် အစရှိသဖြင့်
ခံစားချက်များဖြစ်ပေါ်လာမည် ဖြစ်သည်။
မကောင်းသော အတွေးများကို
အခြေခံရာမှ မကောင်းသော ခံစားချက်များ
ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့နောက် ထိုသူသည် မိမိပတ်ဝန်းကျင်မှ
(သို့မဟုတ်)မိမိလုပ်ငန်းခွင်မှသူများအပေါ်
ဒေါသအလျှောက် ဆူပူကြိမ်းမောင်းမိခြင်း၊
အမြင်မကြည်ခြင်း၊စကားပြောဆိုရာတွင်
အဆင်မပြေခြင်း အစရှိသော လုပ်ဆောင်ချက်များ
ပြောဆိုပြုမူ လုပ်ဆောင်လာနိုင်ပါသည်။
မကောင်းသော အတွေးနှင့်
ခံစားချက်များမှနေ၍ မကောင်းသော အပြုအမူဆီသို့ ဦးတည်လာခြင်းဖြစ်ပေသည်။

ထိုသို့ မိမိပတ်ဝန်းကျင်မှ၊လုပ်ငန်းခွင်မှ
လူများနှင့်ပြောဆိုဆက်ဆံရာတွင်
အဆင်မပြေသောကြောင့် ထိုနေ့
တနေ့တာအတွင်း လုပ်ငန်းဆောင်တာများ
လုပ်ဆောင်ရသည်မှာ အဆင်မပြေခြင်း၊
လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေခြင်း၊
တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားစရာများ
ဖြစ်ပေါ်လာနိုင်ခြင်း အစရှိသော ရလာဒ်များကို
ရရှိလာနိုင်ပေသည်။

ယခုဖော်ပြခဲ့သော ဥပမာမှာ ကျနော်တို့
ပတ်ဝန်းကျင်တွင် နေ့စဉ် ကြုံတွေ့နေကြ
ဖြစ်သော ဖြစ်ရပ်များထဲမှ တစ်ခုပင်ဖြစ်သည်။
အလားတူပင် လူမှုရေး၊အိမ်ထောင်ရေး၊
စီးပွားရေး အစရှိသည့် ကျင်လည်ရာ
နယ်ပယ်များတွင် နေ့စဉ်နှင့်အမျှ အခြေအနေမျိုးစုံနှင့် တွေ့ကြုံနေကြရမည်ဖြစ်ပါသည်။ထိုသို့
တွေ့ကြုံလာရသော အခြေအနေများပေါ်တွင်
စတင်ပေါက်ဖွားလာသော မိမိတို့၏ အတွေးမှာ
အလွန်ပင်အရေးကြီးပါသည်။ရာသီဥတု
အခြေအနေကြောင့်သော်လည်းကောင်း၊
အခြားသော ပြင်ပအခြေအနေတစ်ခုခုကြောင့်
သော်လည်းကောင်း မကောင်းသောအတွေးများ
တွေးမိလာတတ်ကြသည်။ထိုအချိန်တွင်
သတိထားကာ ဆင်ခြင်ခြင်းအားဖြင့်
နောက်ဆက်တွဲဖြစ်လာမည့် ခံစားချက်များ၊
လုပ်ဆောင်ချက်များနှင့်ရလာဒ်များအား
ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
သို့မှသာ သာယာလှပသောနေ့ရက်များနှင့်
ပျော်ရွှင်ဖွယ်ရာ လူ့ဘောင်ဘ၀ကို ပိုင်ဆိုင်နိုင်မည်
ဖြစ်ပါသည်။

15-39-32-how-to-help-people-achieve-great-results-the-tfar-model-2-638.jpg
image source credit

@htetwaihin

MSC - 039

125 upvotes $1.19

Replies (30)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: