4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဝှက်ဖဲ Hidden card

image
ဝှက်ဖဲ

ကျွန်ုပ်တို့ ရှင်သန်နေထိုင်သောပတ်ဝန်းကျင်မှာ ဝှက်ဖဲဆိုတာလိုအပ်ပါတယ်။ ဝှက်ဖဲဆိုတာကတော့ ဖဲသမားစကားအရ ပြောကြခြင်း ဖြစ်သလို Lucky Card လို့သတ်မှတ်ရင်လည်းရပါတယ်။ မိမိပြထားတဲ့ ဖဲချပ်အပြင် သူများမသိအောင် လျှိုထားတဲ့ ဝှက်ထားတဲ့ဖဲချက်ရှိသေးတယ်လို့ ဆိုလိုခြင်းပါ။ လူ့ပတ်ဝန်းကျင်ဆိုတာကလည်း တစ်ခါတစ်ခါ အရိုးသားဆုံးနေပြကြတဲ့အခါ အခွင့်အရေးယူချင်ကြတယ် မဟုတ်လားဗျာ။ စကားပုံတွေလဲရှိခဲ့ကြတယ် "" ရွှေရှိမှ မျိုးတော်၊ ဘူးသီးမှ အရီးတော်၊ လူမလေး ခွေးမခန့်၊ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး "" အစသဖြင့်။ ဒီစကားပုံတွေဟာ ရှေးလူကြီးတွေ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထောက်ပြသွားခဲ့လို့ ကျွန်တော်တို့သိခဲ့ကြားခဲ့ကြရတာပါ။ အခုထိလည်း ကျွန်တော်တို့လူ့ပတ်ဝန်းကျင်မှာ ဒီစကားပုံတွေဟာ အသက်ဝင်နေဆဲပါပဲ။ သင့်လက်ထဲမှာ ပိုက်ဆံမရှိဘူးထင်ရင် သင့်ဆွေမျိုးကတောင် သင့်ကိုအဖက်မလုပ်ချင်ကြတော့ပါဘူး။ ပိုက်ဆံမရှိဘူးဆိုတဲ့ သူငယ်ချင်းကို သင်ဘယ်နှစ်ခါ ဘီယာဆိုင်လိုက်ပို့နိုင်မယ်ထင်ပါသလဲ။ သင့်မှာငွေမရှိတဲ့အချိန် သင့်သူငယ်ချင်းကရော ဘယ်နှစ်ကြိမ် အထိ လဘက်ရည်လိုက်တိုက်နိုင်မယ်လို့ထင်ပါသလဲ။ သူကဖြည့်ဆည်းပေးနိုင်သည်ပဲဖြစ်စေ မိမိကိုယ်ကို ရှိတာနဲ့တော့ အရသာခြင်း Feeling ခြင်းတူမှာမဟုတ်ပါဘူး။ ဒီလိုနေရာတွေ အချိန်တွေဆိုတာက အချိန်မရွေးဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒီအချိန် မိတ်ဆွေမှာ ဝှက်ဖဲမရှိရင် အရင်ဆုံးစပြီးမိမိကိုယ်ကိုကစလို့ အနည်းအကျဉ်း မျက်နှာငယ်ရပါပြီ။ ဒါ့ကြောင့် ကျွန်တော်တို့မှာ ဝှက်ဖဲလေးတွေကို သိုသိပ်စွာ ထားရှိတတ်ဖို့ အလေ့အကျင့်လေးလိုအပ်ပါတယ်။ ဘာကြောင့်ဆို မိမိအကြောင်းအားလုံးသိသွားတဲ့တစ်နေ့ မိမိအပေါ်မှာ ဆက်ဆံမှုတစ်မျိုးတစ်မည် ပြောင်းသွားတတ်ကြပါတယ် ဒါ့ကြောင့် ၀ှက်ဖဲလေးတွေကို မသိမသာအသုံးချနေရပါတယ်။
image
တစ်ခါတုန်းက ကျွန်တော်ဆိုင်ကယ်နဲ့ မြို့ပြင်ကိုသွားရင်းနဲ့ ဆိုင်ကယ် ဆီပြတ်သွားတယ် အဲဒီအချိန်တုန်းက ဖုန်းတွေမကိုင်နိုင်ကြသေးဘူးဗျ ပိုက်ဆံအိတ်ကလဲ အိမ်မှာကျန်နေခဲ့ပါရော အဲဒီအခက်တွေ့တဲ့အချိန်မှာ ကူရှင်အောက်က ခေါက်ထားတဲ့ ငါးရာတန်လေးက အကျိုးပြုခဲ့သလိုပေါ့။ အဆောင်နေကျောင်းသားဘ၀ အိမ်ကပြန်လာရင် ကိုယ်မ၀တ်တဲ့ အင်္ကျီအိတ်ကပ်ထဲ ငွေလေး ၂၀၀၀ အမြဲထည့်ထားပြီး စိတ်ထဲမှာ ဒီငွေကိုမေ့ထားလိုက်ပါတယ်။ ကျောင်းသားတို့ထုံးစံအတိုင်း ကြာသပတေး သောကြာရောက်လို့ ပိုက်ဆံပြတ်ပြီဆိုရင် အဲဒီပိုက်ဆံလေးက ထမင်းမငတ်အောင် အကူအညီအမြဲပေးပါတယ်။ အိမ်ထောင်ကျလို့ အိမ်ထောင်သည်အချို့မှာဆိုရင် ရသမျှဝင်ငွေအကုန်အပ်မိတဲ့အခါ ကိုယ်ကလူမှုရေးအရ ငွေအချို့သုံးချင်တဲ့အခါတောင်းမရတာမျိုးတွေ ကြုံရတတ်ပါတယ်။ဒါ့ကြောင့် ဝှက်ဖဲဆိုတာမျိုးက ရှိထားသင့်တယ်လို့ထင်ပါတယ်။ " အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့ " ဆိုတဲ့ စကားပုံဟာလည်း သူ့အကြောင်းနဲ့သူ ရှိခဲ့လို့ စကားပုံဖြစ်ခဲ့တာပဲလေ။ ဒါကြောင့် ကျွန်တော်တို့က မိမိမှာရှိတာအားလုံးကို ချပြလို့မရဘူးဆိုတာ သတိချပ်ရပါမယ်။ တစ်ခါတစ်လေ ကိုယ်က သဘောကောင်းတဲ့အချိန်ပြောခဲ့တဲ့စကားတစ်လုံးကို နင်းပြီး အခွင့်အရေးယူတတ်တဲ့သူတွေ မိမိမိတ်ဆွေ၊ ဆွေမျိုးညာန ထဲမှာရှိနေတတ်တာကိုလည်း သတိပြုရပါမယ်။ ကျွန်တော်ရန်ကုန်မှာအလုပ်လုပ်တုန်းက ကိုယ့်မြို့ကို တစ်နှစ်တစ်ခါပြန်တဲ့အခါ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ ဆွေမျိုးတွေရဲ့ အရေးယူခြင်းကိုခံရတယ်။ ညစာကိုတောင် တကူးတက ဆိုင်ကောင်းကောင်းမှာ လိုက်ကျွေးလိုက်သေးဗျ။ အဲဒီအချိန်တုန်းက ကိုယ်က ငွေရေးကြေးရေးလဲ ကူညီနိုင်ခဲ့တာကိုး။ အဲဒီလိုနဲ့ ကျွန်တော့်မြို့မှာအခြေချဖို့ ပြန်လာတဲ့အခါ အိမ်ငှားရှာရတာပေါ့ အဲဒီအချိန်မှာ ဆက်ဆံရေးတွေက တစ်မျိုးပြောင်းသွားပါလေရော။
image
အဲဒီအချိန်လေးဟာ တန်ဖိုးရှိခဲ့ပါတယ် ဘာလို့ဆို ကျွန်တော်မိတ်ဆွေတုတွေအစား မိတ်ဆွေအစစ်တွေရလာလို့ပါ။ အိမ်ငှား အပူတပြင်းလိုက်ရှာနေတဲ့ အချိန်လေးမှာပဲ အကျိုးသင့်အကြောင်းသင့် ကိုယ်နဲ့ထိုက်လို့ပဲဆိုပါတော့ အိမ်လေးတစ်လုံးပိုင်ဖို့အခွင့်အရေးလေး ရလာခဲ့တယ် ကျွန်တော်လဲ အိမ်ငှားမရှာတော့ပဲနဲ့ ကျွန်တော်ဝှက်ထားတဲ့ ၀ှက်ဖဲလေးကိုသုံးလို့ မြို့ထဲနဲ့ မနီးမဝေးမှာ အိမ်တစ်လုံးကောက်ဝယ်လိုက်တယ်။ အကုန်လုံးကတော့ အံသြသွားကြတာပေါ့ မနေ့တစ်နေ့က နေစရာမရှိလို့ အိမ်ငှားရှာတဲ့သူက အိမ်ဝယ်လိုက်တယ်ဆိုတော့။ ဒီလိုအချိန်မျိုးမှာ အသုံးပြုရတဲ့ ၀ှက်ဖဲ တစ်ချပ်ရဲ့ အရသာကို ဘယ်လိုပြောရမှန်းတောင်မသိဘူး ခံစားလို့ကောင်းချက်ဆိုတာ။ ဒါ့ကြောင့် ကျွန်တော်ကတော့ အမြဲတမ်း ၀ှက်ဖဲသေးသေးလေးတွေအမြဲချန်တတ်တဲ့အကျင့်လေး စွဲအောင်ကျင့်ထားရပါတယ်။
image
လူအမျိုးမျိုးစိတ်အထွေထွေရှိကြသလို အကျင့်အမျိုးမျိုးလည်းရှိကြပါတယ် ကျွန်တော်ကတော့ ၀ှက်ဖဲလေးတွေအသုံးပြုရတာ အင်မတန်နှစ်ချိုက်သူတစ်ယောက်ပါ လို့ပြောချင်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့လည်း မိမိအတွက် အကျိုးရှိသော ၀ှက်ဖဲလေးများ မှန်ကန်စွာ အသုံးချတတ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
Photos credit google
Author By
@htinyarsai (7:16 pm)
MSC_203

48 upvotes $0.92

Replies (37)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: