4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အ​တွေးစာစု​လေးများ

image

Photo Credit### Google Photo

ကိုယ့်​ဘဝမှာ နှစ်​ခါမခံရ​အောင်
ပထမအကြိမ်​ကတည်းက သင်​ခန်းစာယူလိုက်​ပါ
X...X...X...X...X...X...X

သချာင်္မှာ ပုံ​သေနည်းဆိုတာရှိတယ်
ဘဝမှာ ပုံ​သေနည်းမရှိပါဘူး
X...X...X...X...X...X...X

မြေပဲဆံကို စားချင်​ရင်
မြေပဲခွံကို ခွဲရတယ်
X...X...X...X...X...X...X

တန်​ဖိုးအရှိဆုံး အရာ​တော်​​တော်​များများကို
မျက်​စိနဲ့ မမြင်​နိုင်​ပါဘူး
X...X...X...X...X...X...X

ကံကိုယုံပါ ဒါ​ပေမယ့်
စိုက်​ခင်းကို​တော့ ​ရေ​လောင်းပါ
X...X...X...X...X...X...X

လကွယ်​မရှိရင်​ လပြည့်​ညဟာ
ပျော်​စရာ သိပ်​​ကောင်းမှာမဟုတ်​ပါဘူး
X...X...X...X...X...X...X

လမ်းမှား​နေတဲ့သူဟာ မြန်​မြန်​သွား​လေ​လေ
လိုရာပန်းတိုင်​နဲ့ ​ဝေး​လေ​လေပါ
X...X...X...X...X...X...X

အောင်​မြင်​မှုဆိုတာကို
အခက်​အခဲ​တွေကြားမှာ ဝှက်​ထားတတ်​တယ်
X...X...X...X...X...X...X

ပတ်​ဝန်းကျင်​မှာ ပိုပြီးလူပီသလာ​လေ​လေ
ကြီးကျယ်​မြင့်​မြတ်​တဲ့သူြ​ဖစ်​​လေ​လေပါပဲ
X...X...X...X...X...X...X

မဖြစ်​နိုင်​ဘူးဆိုပြီး မလုပ်​ပဲ​နေရင်
မဖြစ်​ဖို့ ပို​သေချာတယ်
X...X...X...X...X...X...X

အမှားထဲက သင်​ခန်းစာမယူတာကမှ
ကြောက်​စရာ​ကောင်းတဲ့ အမှားဖြစ်​တာပါ
X...X...X...X...X...X...X

ဘဝဆိုတာ စွန့်​စားခန်းပါ
မစွန့်​စားရင်​ ဘဝမရှိနိုင်​ပါဘူး
X...X...X...X...X...X...X

ကိုယ့်​ရဲ့ဆုံးဖြတ်ချက်​က
ကိုယ့်​ကို ဖန်​တီးထားတာပါ
X...X...X...X...X...X...X

ကြားဖူးနားဝ​လေးနဲ့​ ​တွေးမိ​တွေးရာ​လေး

တွေပါ။နောက်​ရက်​ stemitမှာ ပို့စ်​တင်​ခြင်း

နားပါ​တော့မယ်​ခင်​ဗျာ။အလုပ်​​တွေပိ​နေပြီး

စာရေးဖို့ အချိန်​အခက်​အခဲ​လေးရှိလို့ပါ။

steemitမှာ စာ​ရေးတဲ့အ​တောအတွင်း ကူညီ

ပေးကြတဲ့ admin ကိုဒီပ​ကျော်​နဲ့တကွ

steemitမှ ညီအကို​မောင်​နှမများအားလုံးကို 

ကျေးဇူးတင်​ပါတယ်​လို့​ပြောရင်း ဒီpost​လေးနဲ့

အားလုံးကို နှုတ်​ဆက်​လိုက်​ပါတယ်​။ညီအစ်

ကို​မောင်​နှမအားလုံးလည်း စိတ်​နဲ့ကိုယ်​တစ်

သားတည်းကျပြီး ​အောင်​မြင်​နိုင်​ကြပါ​စေ။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။❤❤❤

MSU-035

@htoohan

33 upvotes $0.06

Replies (9)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: