4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နှစ်ခွန်းသောစကား

“ စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည် လို့”
ငယ်ငယ်က မှတ်သားဖူးခဲ့တယ်။ ဒီဆိုရိုးစကား ဘယ်ကလာတယ်ဆိုတာ
တော်တော်များသိကြမှာပါ။တစ်ချို့လဲ သတိမထားမိတာပေါ့။
ဘာကြောင့်ဒီဆိုရိုး ဖြစ်လာသလဲဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားဟာ အကျိုးရှိသော
စကားနှစ်ခွန်းသာ ပြောတဲ့အတွက်ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ ဟုတ်မှန်ပြီး အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ စကားကိုသာ
မိန့်ကြားပါတယ်။လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါ အပေါင်း သံသရာက လွတ်မြောက်ကြောင်း အကျိုးစီးပွားဖြစ်မယ့် စကားမျိုးဆိုရင် နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ
ဟောကြားတော်မူပါတယ်။
စကားခြောက်ခွန်းမှာ နှစ်ခွန်းသာ ပြောရမယ်လို့မိန့်ကြားခဲ့တာကတော့ အဘယ မင်းသား နဲ့ ပတ်သက်ပီး မိန့်ကြားခဲ့တာပါ။ဗုဒ္ဓမြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်
ကြီးမှာ သီတင်းသုံးနေစဉ် အဘယမင်းသားဟာ နိဂဏ္ဌ နဋပုတ္တ ရဲ့ အကြံပေးမှု့ နဲ့
လျှောက်ထားခဲ့ရာက ဖြေခဲ့တာဖြစ်ပါတယ်။
၁။ မဟုတ်မမှန်၊ အကျိုးစီးပွား နှင့်လည်း မစပ်၊ သူတစ်ပါးတို့ မနှစ်သက်သောစကား
ထိုစကားမျိုးမပြောဆို။
၂။ ဟုတ်မှန်တယ်၊ အကျိုးစီးပွားနှင့်မစပ်တယ်၊ သူတစ်ပါးတို့ မနှစ်သက်
ထိုစကားမျိုးမပြောဆို။
၃။ ဟုတ်မှန်တယ်၊အကျိုးစီးပွားလည်း စပ်တယ်၊သူတစ်ပါးတို့ မနှစ်သက်
ထိုစကားမျိုး အခါအားလျော်စွာပြောဆို။
၎။ မဟုတ်မမှန်၊အကျိုးစီးပွားလည်းစပ်၊သူတစ်ပါးတို့ နှစ်သက်
ထိုစကားမျိုးမပြောမဆို။
၅။ ဟုတ်မှန်တယ်၊အကျိုးစီးပွားနှင့်မစပ်၊သူတစ်ပါးတို့ နှစ်သက်တယ်
ထိုစကားမျိုးမပြောဆို။
၆။ ဟုတ်မှန်တယ်၊အကျိုးစီးပွားလည်းစပ်၊သူတစ်ပါးတို့ နှစ်သက်
ထိုစကားမျိုးကိုပြောဆိုတယ်။
မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ကောင်ကျိုး အဖြာဖြာ
နဲ့ ပြည့်စုံမည်မှာ မလွဲဧကန်ဖြစ်ပါသည်။လိုက်နာရင် လိုက်နာသလောက် အကျိုး
ဖြစ်ထွန်းစေတာမို့။မသိသေးသူများ သိစေရန်၊ မေ့လျော့နေသူများ ပြန်လည်မှတ်မိ
စေရန် တင်ပြအပ်ပါသည်။
buddha-640x480.jpgimages.jpg

photo---google

56 upvotes $0.01

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: