4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အေရဲ့အကြောင်း တစေ့တစောင်း

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

ဒီနေ့တော့ စဉ်းစားစရာတွေ၊ တွေးစရာတွေ၊ စင်္ကာပူအကြောင်းတွေ မပါဘဲ။ တခြား အကြောင်းအရာလေး ရေးမယ်လို့ စိတ်ကူးမိတယ်။ အဲတော့ ပေါ့ပေါ့ပါးပါးလေး ဖြစ်တဲ့ အေ A ရဲ့ အကြောင်းလေး ဝေမျှလိုက်ပါတယ်။

ကျွန်တော်တို့ယနေ့ သုံးနေကြတဲ့ အင်္ဂလိပ်စာလုံးဆိုတာ တကယ်တော့ အင်္ဂလိပ်ပိုင် အက္ခရာ စာလုံးတော့ မဟုတ်ဘူး။ ဥပမာ မြန်မာမှာ မြန်မာစာမှာ က၊ ခ၊ ဂ ... စသဖြင့် ကိုယ်ပိုင် မြန်မာအက္ခရာ စာလုံးရှိတယ်။ ဒီ A B C ... စတဲ့ အင်္ဂလိပ်စာက သူတို့ကိုယ်ပိုင် အင်္ဂလိပ်အက္ခရာ စာလုံးမဟုတ်ဘူး။ အဲဒါ လက်တင်း ရိုမန် အက္ခရာစာလုံးဗျ။ အဲဒီ လက်တင်း ရိုမန် အက္ခရာစာလုံးမှာ အားလုံး သိတဲ့ အတိုင်း ၂၆ လုံးရှိတယ်။ စတဲ့ ကောင်က အခုပြောမဲ့ အေ A ပေါ့။

ဘာလို့ အဲဒီ အေ A ကစရတာလဲ။ တခြား B T W Z... စတဲ့ စကားလုံးက ဘာလို့ မ စရတာလဲ။

Cyrillic_A_Vector_Clipart.png

ဒီ လက်တင်း ရိုမန် အက္ခရာစာလုံးကို သွားဖို့ ဂရိသမိုင်းကို နည်းနည်း သွားမယ်။ ရိုမန်အင်ပါယာဆိုတာ ဂရိတွေကနေ ယဉ်ကျေးမှု့ အတွေးအခေါ် အနုပညာ စာပေ ကို ရယူထားတာဆိုတော့ ဒီ ဂရိစာပေကို ပထမကြည့်ရအောင်။ နဂိုမူလ ဂရိမှာ သုံးတဲ့ အက္ခရာစာလုံး က ၂၄ လုံး ဘဲရှိတယ်။ ဒီ ဂရိတွေဆိုတာလည်း သူ့အရင်ယဉ်ကျေးမှု့တွေဖြစ်တဲ့ အာရန်မိုက်၊ ဟီဘရူး၊ အီဂျစ် တို့စီကနေ ဆင့်ပွားလက်ခံယူလာတာ။ အီဂျစ်တွေက အက္ခရာအဖြစ် မသုံးသေးဘဲ ရုပ်ပုံတွေနဲ့ကိုယ်စားပြုတဲ့ ပုံအက္ခရာတွေ သုံးတယ်။

alphabet_chart_aleph_2.jpg

ဂရိမတိုင်ခင် အီဂျစ်တွေ သုံးတဲ့ ပုံအက္ခရာတွေမှာ aleph လို့ခေါ်တဲ့ ကျွဲခေါင်း ပုံသဏ္ဍာန်မျိုးရှိတယ်။ ခွန်အားနဲ့ ပါဝါကို ကိုယ်စားပြုတယ်။ တနည်းအားဖြင့်လည်း ဦးဆောင်သူ ခေါင်းဆောင်ပေါ့။ အဲဒီ ကွဲခေါင်းပုံကနေ တဖြည်းဖြည်း ပြောင်းလဲပြီး အခု လို A ပုံဖြစ်လာတာပါ။

heb-anc-lg-aleph.jpg

အလယ်ခေတ်ကို ရောက်တော့ ဒီလက်တင်း အက္ခရာ ပြုပြင်ပြောင်းလဲမှု့တွေလုပ်ပြီး အက္ခရာ ၂၆ ထိ ဖြစ်လာတယ်။ အဲဒီထဲမှာ ဒီ A က ပထမအက္ခရာ နေရာကို ရရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂရိစကားမှာ "စတင်ခြင်း၊ အစပြုခြင်း" "beginning" ဆိုတဲ့ "Alpha" ကနေ ဖြစ်လာတာ။ ဒါကြောင့် လက်တင်းမှာ ထာဝရဘုရားသခင်ကို "Alpha နှင့် Omega" လို့ သုံးတယ်။အရာအားလုံး၏ မူလအစဖြစ်ပြီး အရာအားလုံး၏ အဆုံးဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တခါ ဂရိရဲ့ သချာင်္အက္ခရာမှာလည်း "alpha" ကိုဂဏန်း သချာင်္ရဲ့ အစကိန်း ONE အဖြစ်သုံးတယ်။

လက်တင်း အက္ခရာ A ကို စပိန်၊ ပြင်သစ် နဲ့ အင်္ဂလိပ်စာလုံး တွေမှာ အများဆုံး အသုံးပြုကြတယ်။ A ကို ယေဘူယျအားဖြင့် စပိန်ဘာသာစကားမှာ ၆.၂၂%၊ ပြင်သစ်မှာ ၃.၉၅% နဲ့ အင်္ဂလိပ်မှာ ၃.၆၈% သုံးကြတယ်။

တခါဒီ အက္ခရာ A ကို အရည်အသွေး အကောင်းဆုံးဟု သတ်မှတ်တဲ့ နေရာတွေမှာလည်း သုံးကြတယ်။ ကျောင်းမှာ A ရတဲ့ သူက တော်တဲ့သူပေါ့။ A တန်းက လက်ရွေးစင်တွေ စုထားတယ်။ ငယ်ငယ်တုန်းက ဆရာမက A ပေးလိုက်တယ်ဆို အခန်းလုံးလိုက်ပြရတာ ငါက A ရတယ်ဆိုပြီး ကြွားခဲ့တာလေး မှတ်မိသေးပါတယ်။

Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

54 upvotes $0.60

Replies (9)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: