4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Steemit

Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များ အတွက် - ၁ ( Henry Aung )
kachinhenry (64) in life • 7 months ago
HENRY.jpg

Steemit social media platform ပေါ်မှ crypto currency ဟုခေါ်သော အင်တာနက် ငွေကြေးရှာနည်းအား စိတ်ဝင်စားသော လူငယ်များအား ရည်ရွယ်ပါတယ်။ steemit platform တခုလုံး အလုပ်လုပ်ပုံအား ရေးပြရလျင် စာအုပ်တအုပ်စာမျလောက်ရှိမည် ဖြစ်သဖြင့် လူငယ်အများ နားလည် လွယ်စေရန် ပုံနှင့်တကွ အတိုချုံး၍ ဖေါ်ပြပေးပါမည်။ ဖြစ်နိုင်လျင် setting ထဲမှ quick start guide တွင် အကျယ်တဝင့် လေ့လာစေချင်ပါသည်။ steemit အလုပ်လုပ်ပုံမှာ Facebook အလုပ်လုပ်ပုံနှင့် အတူတူသာ ဖြစ်ပါသည်။ Facebook သုံးတတ်သော လူငယ်တယောက် ဖြစ်ပါက steemit မသုံးတတ်စရာ အကြောင်း မရှိပါ။

01.jpg

ပထမဦးစွာ steemit website ထဲ သို့ ဝင်၍ account ရယူပါ။ user name ရပြီးလျင် e mail နှင့် phone no တောင်းပါလိမ့်မည်။ ပြီးရင် password ပေးပါလိမ့်မည်။ အင်မတန်အရေးကြီးသည်မှာ computer မှ ပေးသောpassword ဖြစ်သဖြင့် သေချာ မှတ်သားထားရန်လိုပါမည်။ ရှည်လျားသော password ဖြစ်သဖြင့် မှတ်ညာဏ်ဖြစ် မှတ်သားရန် မဖြစ်နိုင်ပါ, ရေးမှတ် ထားရန် လိုပါမည်, သို့မဟုတ် note pad ထဲတွင် copy past လုပ်၍ မှတ်သားထားပါ။ ပထမအရေးကြီဆုံးမှာ password မမေ့ပါနှင့် မပျောက်ပါနှင့်။ ဒုတိယ အရေးကြီးဆုံးမှာ password မမေ့ပါနှင့် မပျောက်ပါစေနှင့် ။ တတိယ အရေးကြီးဆုံးမှာ password မပျောက်ပါစေနှင့် , computer password ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် computer ပျက်သွားလျင် နောက်computer တလုံးနှင့် log in ဝင်ဖို့ရန်အတွက် original password သာ အသုံးပြုရပါမည်။ မိမိ၏ phone နံပါတ်များနှင့် email များကိုလည်း မပြောင်းပြစ်ရန် သတိထားရပါမည်။ steemit account သည် မိမိ ငွေကြေးရရှိမည့် account ဖြစ်သောကြောင့် မပျက်စေရန်နှင့် public computer များဖြင့် account မဖွင့်မိစေရန် အထူးဂရုပြုရပါမည်။

02.png

03.jpg

04.jpg

ပထမဦးစွာ submit a story ကို ကလစ်နှိပ်၍ မိမိကိုယ်ကိုယ် မိတ်ဆက်ယူပါ။ မိမိမှာ steemit Myanmar community မှဖြစ်ကြောင်းဖေါ်ပြ၍ မိမိ၏ကိုယ်ရေး အကျဉ်းနှင့် အလုပ်အကိုင် များကို ရေးသားဖေါ်ပြပါ။ steemit တွင်မြန်မာဦးရေ များစွာမရှိသည့် အတွက် ပထမဦးစွာ English လို ရေးနိုင်လျင် ပို၍ အဆင်ပြေပါသည်။ English လိုမရေးနိုင်သော်လည်း ကိစ္စမရှိပါ, မိမိကိုကြိုတင်အသိပေးပါက resteem လုပ်ခြင်းဖြင့် , Facebook စကားအရ share ခြင်းဖြင့် steemit community တွင် မြန်မာ member များပါဝင်လာပြီဖြစ်ကြောင်း အသိပေးပါမည်။ ပြီးလျင် title တွင် မိမိကိုယ်ကို မိတ်ဆက်ခြင်း introducing myself to steemit community ဟူ၍ရိုက်ထည့်ပြီးလျင် မိမိပုံကို selecting them မှ ဆွဲယူထည့်ပါ။ ပြီလျင် ကိုယ်ရေးအကျဉ်း ရေးထည့်ပါ။ အကယ်၍မရေးတတ်သေးလျင် steemit home page ,tags and topics ထဲမှ introducing myself တွင်သွားရောက်လေ့လာပါ။ မိမိပုံကို ထည့်သွင်း၍ အတော်ကောင်းမွန်းသော မိတ်ဆက်ခြင်းဖြစ်ပါက အနည်းဆုံး 11 မှ အများဆုံး400 ကျော်ထိ ရရှိနိုင်ပါသည်။ မိမိမှာ steemit ဝင်ကာစတွင် မြန်မာ steemit များမရှိသေး၍ ကိုးရီယား သူငယ်ချင်းများ အကူအညီဖြင့်ဝင်ရောက်ခဲ့ရပါသည်။ ကျွှန်တော့ရဲ့ introducing post အတွက် 31 voting ပေး၍ $1.3 သာရရှိခဲ့ပါတယ်။

07.jpg

အခြာသူများ မည်ကဲ့သို့ မိတ်ဆက် ကြသည်ကို နမူနာ link ထည့်ပေးလိုက်ပါသသည်။ လေ့လာကြပါကုန်။ မိတ်ဆက်ရာတွင် မြန်မာနှင့် English နှစ်မျိုးလုံး ရေးသာနိုင်လျင်ပိုအဆင်ပြေပါသည်။ မိမိသည် Myanmar Steemit Community မှဖြစ်ကြောင်း ဖေါ်ပြရန်မမေ့ပါနှင့်။

https://steemit.com/introduceyourself/@bigbos/hey-steemit-ers-introducing-steemit

https://steemit.com/life/@kachinhenry/welcome-to-my-real-world-kachin-myanmar-singapore

နောက် post တွင် steem နှင့် steem dollar ရရှိပုံကို ရေးသားဖေါ်ပြပေးပါမည်။ မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )Screenshot_2018-01-24-13-12-45-431_com.facebook.katana.png

3 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: