4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သင်​​ရောဘယ်​အခြမ်းကလူလဲ

ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲလိုက်လေသလား။

ဒီလိုမမေးခင် ဒီအကြောင်းကို မသိသေးသူတွေအတွက် အတိုရှင်းပြပါမယ်။ လွတ်လပ်ရေးနေ့ အပျော် ခေါင်းအုံးရိုက်ပွဲတစ်ခုမှာ ထင်တယ်။ ကောင်ကလေးနဲ့ ကောင်မလေး ပြိုင်ပွဲ၊ ဘေးမှာတော့ ရပ်ကွက်သူ/သားတွေ အများအပြား။

အစပိုင်းကတည်းက ကောင်လေးက ရိုက်တယ်၊ ကောင်မလေး ပြုတ်ကျမလိုဖြစ်တယ်။ ဒီအချိန် ရပ်ကွက်သားတွေက ကောင်လေးကို တားပြီး ကောင်မလေးကို ပြန်ထစေတယ်။

တစ်ခေါက် ကျမလိုဖြစ်တယ်၊ တစ်ခေါက်တားပြီး ပြန်ထစေတယ်။ ကောင်လေးကလဲ ကြည်ကြည်ဖြူဖြူ ပေးထစေတယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက် အခါခါ ကောင်မလေး လဲမလိုဖြစ်တိုင်း ရပ်ကွက်သားတွေက ကောင်လေးကို ဆက်မလုပ်ဖို့ ဝိုင်းတားကြတယ်။

ဒီလိုဆိုတော့ ကောင်ကလေးအတွက် ကောင်မလေးကို နိုင်ဖို့ရာ မနိုင်နိုင်ခဲ့။ ဒါကိုလဲ ကောင်လေးက ငြူစူပုံ မပေါ်ပါ။ အချိန်တန်တော့ ကောင်မလေးရိုက်ချက်မှာ ကောင်ကလေးပဲ ပြုတ်ကျပါလေရော။

ဒါနဲ့ပဲ အပေါ်ကပြောသလို ဒီမြင်ကွင်းဟာ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားစေတော့တယ်။

ကောင်မလေးအတွက် လက်ခုတ်တီးပြီး အားရသူတွေက တစ်ခြမ်း၊ ဒါမှမဟုတ် အဆုံးသတ်မှာ ပြုတ်ကျခဲ့ရတဲ့ ကောင်လေးကို ကြည့်ပြီး အသည်းကွဲခဲ့ရတဲ့ သူတွေက တစ်ခြမ်း။

အသည်းကွဲစေတယ်ဆိုတဲ့ စကားဟာ မပြည့်စုံသေးဘူး။ ဒီမြင်ကွင်းဟာ လူတစ်ချို့အတွက် တုန်လှုပ်ခဲ့ရတယ်များပြောရင် ပိုတယ်တောင် ဆိုလေမလား။

ကိုယ့်ကျရှုံးခြင်းမှာ လူတွေဟာ ဝမ်းမြောက်နေတယ်။
ကိုယ့်ကျရှုံးခြင်းမှာ လက်ခုပ်သံတွေ ညံနေတယ်။

ဒါနဲ့တင် ဝမ်းနည်းစရာ မကောင်းသေးဘူးဆိုရင် ကိုယ်ဟာ တစ်လျှောက်လုံး သဘောထားကြီးသူ၊ ငဲ့ကွက်တတ်သောသူ ကိုယ်ဖြစ်ခဲ့ပေမယ့် ကိုယ့်အရှုံးမှာ လူတွေ အားမနာစတမ်း ဝမ်းသာနေကျတယ်။

လူကြမ်းကြီး၊ လူဆိုးကြီး မဟုတ်ပဲ ကိုယ်လဲကျတော့ လူတွေ ထပျော်ကြတယ်။

တစိမ့်စိမ့်တွေးကြည့်တိုင်း လူတွေရဲ့ တုန့်ပြန်မှုကို စိတ်နာလို့ မဆုံး။

" ဒါဟာ အပျော်အပြက်ပွဲပါပဲကွာ "

ဒီစကားက အပြင်လက်တွေ့မှာ ဒီလိုဒဏ်ရာတွေ ဗရပွကြုံခဲ့ရသူတွေအတွက်ကျ ရယ်စရာဖြစ်နေပါလိမ့်မယ်။

ဒါ့ကြောင့်လဲ ကမ္ဘာကြီး နှစ်ခြမ်းကွဲစေတယ် ဆိုခဲ့တာပါပဲ။ အပြင်လက်တွေ့ဘဝမှာ (ကလေးမနဲ့ မဆိုင်၊ အတွေးအမြင်တစ်ခုကို ချပြခြင်းသာ)

  • ကိုယ်လိုချင်တာရရင်ပြီးရောဆိုတဲ့ လူတွေဟာ ဟိုတစ်ဘက်ခြမ်းမှာနေတယ်။

  • ကိုယ့်အကူအညီတွေ အမြဲယူခဲ့ပြီး အောင်မြင်သွားမှ ကိုယ်နဲ့ မဆိုင်သလိုနေတဲ့ လူတွေဟာ ဟိုတစ်ဘက်ခြမ်းမှာနေတယ်။

  • ကိုယ့်ကောင်းကွက်ကို ချနင်းဖို့ ဝန်မလေးတဲ့ လူတွေဟာ ဟိုတစ်ဘက်ခြမ်းမှာနေတယ်။

  • ကိုယ့်စေတနာကို မမြင်တဲ့ လူတွေဟာ ဟိုတစ်ဘက်ခြမ်းမှာနေတယ်။

  • စာနာမှုတွေ၊ စိတ်ထားကြီးမြတ်မှုတွေဟာ အခရာမကျပဲ ရလဒ်ကသာ အဓိကဖြစ်တဲ့ ခေတ်မှာ လက်ခုပ်သံတွေဟာ ဟိုတစ်ဘက်ခြမ်းမှာညံတယ်။

ဒါတွေရဲ့ဆန့်ကျင်ဘက်မှာတော့ သဘောထားကြီးခဲ့သမျှ၊ ဖြူစင်ခဲ့သမျှ အရာမထင်ဖြစ်ခဲ့ရတဲ့ အမာရွတ်တွေနဲ့ လူတစ်ချို့ရှိတယ်။

ခေါင်းအုံးရိုက်ပွဲက ကောင်ကလေးလို ဒီလူတစ်ချို့က လောကကြီးကို တွဲလွဲလေးသာ တွဲထားနိုင်ရုံ။

ဒါကိုကြည့်ပြီး Video အစအဆုံး တနုံ့နုံ့ခံစားခဲ့ရတဲ့ လူတစ်ချို့က ဒီတစ်ဘက်ခြမ်းမှာ နေတယ်။

ကဲ ... ခင်များရော ဒီ video အဆုံးမှာ

လက်ခုပ်တီးခဲ့သလား၊ တစ်စုံတစ်ရာ ပျောက်ရှသွားခဲ့သလား ???

ဟိုဘက်ခြမ်းက လူလား၊ ဒီတစ်ဘက်ခြမ်းက လူလား ??? 👇

Crd by mm alin
Photo by fb
All.thankFB_IMG_1516937721766.jpg

5 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: