4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Life Lessons

လောကမှလူတန်းစား အမျိုးမျိုးရှိကြတယ်။
တစ်ချို့တွေက ချမ်းသာကြွယ်ဝကြပြီး တစ်ချို့တွေကြတော့ ဆင်းရဲကြတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းကြတဲ့သူတွေ ရှိသလို
ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး စိတ်ပိုင်းဆိုင်ရာ အားကောင်းကြတယ်။
မည်သူမျှ ပြီးပြည့်စုံတဲ့သူဆိုပြီးလောကမှာမရှိပါ။
ပြီးပြည့်စုံအောင် ကြိုးစားနေကြခြင်း သာဖြစ်ပါတယ်။

ညီဒီနေ့အားလုံးကို ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့
လူတိုင်းကိုယ်စီ ပြီးပြည့်စုံအောင် ကြိုးစားနေကျချိန်မှာ တစ်ထောက်တစ်လမ်း အထောက်အကူ ဖြစ်စေလောက်မည့် အခြေအနေအချိန်အခါ အရဆောင်းရမည့် ဦးထုပ်ခြောက်လုံး(Six Hats) အကြောင်းလေးဘဲဖြစ်ပါတယ်။

ဦးထုပ်ခြောက်လုံးဆိုတာဘာလဲ?
Colorလေးတွေနဲ့ ခွဲလိုက်ကြရအောင်။
၁.ဦးထုပ်ဖြူ (White Hat)
၂.ဦးထုပ်နက်(Black Hat)
၃.ဦးထုပ်စိမ်း (Green Hat)
၎.ဦးထုပ်ပြာ (Blue Hat)
၅.ဦးထုပ်ဝါ (Yellow Hat)
၆.ဦးထုပ်နီ (Red Hat)

၁.ဦးထုပ်ဖြူ ဆိုတာဘာလဲ?
ဘယ်လိုလူတွေကို ဦးထုပ်ဖြူဆောင်းတယ် လို့သတ်မှတ်နိုင်လဲ?
ဦးထုပ်အဖြူ သမားတွေက
နံပါတ်.၁
ရနို်င်သမျှ သတင်းအချက်အလက်တွေကို သိချင်တယ်။(ဥပမာ စာသင်ရင် သေချာနားထောင်လိုက်မှတ်တဲ့သူတွေလိုပေါ့)
နံပါတ်.၂
ရတဲ့သတင်းတွေကနေ သင်ယူကျတယ်။
(သေချာနားထောင်ပြီး ပြန်လုပ်တဲ့သဘောပေါ့)
နံပါတ်.၃
မသိတာနားမလည်တာရှိရင် မေးတယ်။
(ဆိုလိုတာက သင်ယူနေစဉ် နားမလည်တာ မရှင်းတာရှိရင် မသိတဲ့အတိုင်း မရှင်းတဲ့အတိုင်းမထားဘဲ သိအောင်ရှင်းအောင် မေးသင့်မေးထိုက်သူကို မေးတဲ့သဘောပေါ့)
image

၂.ဦးထုပ်နက်(Black Hat)
သူတို့ကျတော့
ကိစ္စတစ်ခုကို ဘယ်လိုလုပ်ရမလဲကိုယ်တိုင်တွေးတယ်။
အဲကိစ္စကိုတခြားသူ ကမတူညီတဲ့ဖြေရှင်းပုံ တင်ပြလာရင်လည်း သူတို့ရဲ့အကြံဥာဏ်ကို မပယ်ချဘူး။ဒါပေမယ့် မှားသွားမှာကိုတော့ ကြောက်ကြတယ်။
ဒါကြောင့်သတိကြီးတယ်။ သူ့ကိုယ်ပိုင် အကြံဥာဏ်အပါအဝင်
တခြားသူရဲ့အကြံဥာဏ် တွေရဲ့မှားသွားစေမည့် အားနည်းချက်တွေကို ကြိုရှာတယ်။
ဘေးတွေ့မဲ့အရာတွေကို ရှောင်းရှားနိုင်မဲ့အကြံဥာဏ်တွေ ထုတ်ပေးနိုင်ကြတယ်။
အစိုးရိမ်ကြီးကြသူတွေပေါ့။
image

၃.ဦးထုပ်စိမ်း (Green Hat)
ဘယ်လိုလူတွေက ဦးထုပ်စိမ်းဆောင်းကြလဲ?
သူတို့ကျတော့ ပြဿနာတစ်ခုကို ပြေလည်စေမည့် ဆန်းသစ်တဲ့ဖြေရှင်းချက် အကြံဥာဏ်တွေ ရှိကြတယ်။
တစ်ပါးသူရဲ့ ဖြေရှင်းချက်တွေကို ရှိလာရင်လည်း ထိုင်ဝေဖန် နေမည့်အစား အဲအကြံဥာဏ်နဲ့ အလုပ်ဖြစ်မည့် နည်းလမ်းကို ရှာကြံပေးကြတယ်။
စိတ်ကူးကောင်းတွေလည်းရှိကြတယ်။
Creative Thinkingလုပ်နိုင်ကြတယ်။
ဆန်းသစ်တီထွင် နိုင်ကြတယ်။
image

ကျန်တဲ့ဦးထုပ်သုံးလုံး အကြောင်းနှင့်တကွ နောက်တစ်ပတ် ပြန်ဆုံကြရအောင်။
"အမှုပေါ် လျော်သလိုသုံး"ဆိုတဲ့စကားလို
အခြေအနေ အချိန်အခါနှင့်တကွ သင့်လျော်သောဦးထုပ်ကို ရွေးဆောင်းနိုင်ကြပါစေ။
ဦးထုပ် တစ်လုံးတည်းအမြဲမဆောင်းသင့်ကြောင်း ဆန္ဒပြုရင်း......
မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ကြပါစေ။
@hzerok
MSC-121
Images from Google

61 upvotes $1.42

Replies (28)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: