4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အကျင့်ဆိုး

mmu new.jpg
++ Photo from google ++

မိအေး အပ်ပျောက်သည့် သတင်းကို ရွာထဲကလူတွေ သိတာမဆန်းသော်လည်း မိုင်ချီသော တစ်ကမ္ဘာလုံးက သိဖို့ဆိုသည်မှာ ယခင်က အင်မတန်ခဲယဉ်းခဲ့သည်။ ယခုခေတ်တွင် Facebook သည်ယင်းကိစ္စမျိုးကို စွမ်းဆောင်နိုင်သည်။

မြန်မာပြည်တွင် Facebook ကိုလူအများစုနှစ်သက်ကြသည်။ တစ်နေ့တွင် တစ်ကြိမ်လောက်မှ မသုံးရလျှင် မနေနိုင်အောင် စွဲလမ်းသူတွေရှိသည်။Facebook သည်ကိုယ်ပိုင်မီဒီယာသဖွယ်ဖြစ်သည်။ သတင်းစာဂျာနယ်တွင် သတင်းတစ်ပုဒ်ဖော်ပြချင်လျှင် အယ်ဒီတာနှင့် စာပေစိစစ်ရေးတို့ကိုကျော်ဖြတ်ရသည်။

Facebook မှာတော့ ကိုယ်ပြောချင်သော အကြောင်းအရာအချက်အလက်ကို မည်သူလက်ခံခံ မခံခံ ကိုယ့်သဘောဖြင့်ရေးနိုင်သည်။ တက္ကသိုလ်က အိမ်သာတွေမကောင်းကြောင်း၊ ပန်ကာတွေ မီးချောင်းတွေ ပျက်စီးနေကြောင်း Facebook ပေါ်တင်ကြသည်။ ဓာတ်ပုံလေးတွေပင် ပါသည်။

m1.JPG
++ Photo from google ++

ကျောင်းတွင် အနေအထိုင် မတတ်၍ ပုရွက်ဆိတ်လောက်ကိုက်သည်ကိုပင် Facebook ပေါ်တွင် ရွှန်းရွှန်းဝေအောင် ညည်းညူတတ်ကြသည်။ အများစုသည် Facebook ကိုရင်ဖွင့်စရာနေရာအဖြစ်မှတ်ယူပုံရသည်။လိုအပ်ချက်များကို ဖွင့်ထုတ်ရေးသားလိုက်ခြင်းဖြင့် ပြဿနာပြေလည်သွားမည်ဟု တရားသေမှတ်ယူထားလားတော့ မသိပေ။

မည်သည့်နေရာတွင်မဆို လိုအပ်ချက်တွေရှိနေသည့်ကြားက ကောင်းကွက်ကိုလျစ်လျူရှု၍ ဆိုးကွက်ကိုဖော်ပြကြသည်မှာ သဘာဝလိုဖြစ်နေသည်။ လူမျိုးစုံက မြင်တွေ့နိုင်သည့် facebook ကဲ့သို့နေရာတွင် မိမိ၏ အမှတ်တမဲ့ ပြုမူလိုက်မှုသည် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဆိုသလိုဖြစ်နေသည်။ ကျွန်တော်သည် ထိုကိစ္စမျိုးကို အကျင့်ဆိုးအဖြစ်ယူဆသည်။

ကိုယ်တိုင်လည်း ယင်းအကျင့်ဆိုးရှိပါသည်။ အကျင့်ဆိုးဟုဆိုရာတွင် မကောင်းသောစေတနာဖြင့် မဟုတ်ဘဲ သတိမမူ၍ ဆောင်ရွက်မိသော အပြုအမူမျိုးဖြစ်သည်ဟု ကျွန်တော်မှတ်ယူသည်။ အကျင့်ဆိုးသည် ကိုယ်ခန္ဓာမှာပေါက်တတ်သော ပွေး၊ ဝဲ ၊ ညှင်းလိုပင်။ ဆေးနိုင်နိုင်ဖြင့် မကုလျှင် ကိုယ်လည်းယား သူများလည်းကူး၍ ဒုက္ခရောက်တတ်သည်။

စီနီယာမှတစ်ဆင့် အသစ်သစ်သော ဂျူနီယာတွေကို အကျင့်ဆိုးကူးစက်လာလျှင် အန္တရာယ်ကြီးသည်။ ကိုယ့်ကျောင်းကို အထင်မကြီးသော စိတ်တွေပေါ်လာနိုင်သည်။ မီးခိုးကြွက်လျှောက် အကျိုးဆက်ကား ပေါ့သေးသေးတော့မဟုတ်ပေ။

ထိုကြောင့် ကျွန်တော်သည် ယင်းအကျင့်ဆိုးကို မနှစ်သက်ပါ။ ကုစားနိုင်သည့် နည်းလမ်းရှာကြည့်မိသည်။ သချာင်္ဌာနမှူးတီချယ်ကြီးက အတန်းထဲတွင် ပြောသွားသော စကားသည် ကျွန်တော်၏ သိမ်နေသော အတွေးကိုဆန့်စေပြီး နည်းလမ်းကောင်းရစေသည်။

m2.jpg
++ Photo from google ++

" မကောင်းတဲ့ အိမ်သာတွေ အကြောင်းမပြောခင် ကောင်းတဲ့အိမ်သာတွေကို စနစ်တကျ အသုံးပြုခဲ့ရဲ့လား။ မကောင်းတဲ့ ပန်ကာတွေ မီးချောင်းတွေ အကြောင်း မပြောခင် ကောင်းတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းခဲ့ရဲ့လား။ အတန်းဆင်းလို့ အိမ်ပြန်ရင် ဘယ်သူမီးပိတ်ခဲ့လဲ စဉ်းစားနော် ။ ကိုယ့်အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ခဲ့ရဲ့လား"

ဆရာမကြီးသည် မိမိလုပ်ရပ် မှား/မှန်ကို ကိုယ်တိုင် ဆန်းစစ်သည့် နည်းလမ်းပေးခဲ့ခြင်းဖြစ်သည်။ ကဲ....... ကျွန်တော်တို့ဆီမှာ အကျင့်ဆိုးတွေရှိရင် ပျောက်အောင် ကြိုးစားရအောင်နော်။

3 upvotes $0.03

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: