4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆူမားရီးယန္းတုိ႔ေျပာေသာပံုျပင္ (၂)

အဆက္...

ဒါဆို Nibiru ကို ဆူမားရီးယန္းနတ္ဘုရားတစ္ဦးအျဖစ္ ယူဆလို႔ရႏိုင္ပါမယ္။ သို႔ေသာ္ တျခားအခ်က္တစ္ခု ရွိေနပါေသးတယ္။ ေရွးေဟာင္းဆူမားရီးယန္းေတြက Nibiru ကို ေကာင္းကင္ရုပ္တစ္ခုအျဖစ္ - ၿဂိဳဟ္အျဖစ္ ေဖာ္ျပထားတာမ်ိဳးေတြ အမ်ားအျပားပါရွိေနပါတယ္။ စစ္ခ်င္ေထာက္ျပခဲ့သလို Rakia ရဲ႕ေနာက္ အဓိပၸာယ္တစ္ခုက “တူထုခံထားရတဲ့ လက္ေကာက္” ျဖစ္ပါတယ္။ ဒါကလဲ သိပ္ကိုထင္ရွားတဲ့အဓိပၸာယ္တစ္ခုပါပဲ။ ဒါေတြက ဟီးဗရူးစာေတြကိုဘာသာျပန္သူေတြေပၚပဲ မူတည္ပါတယ္။ ဒါေၾကာင့္ ပြင္းပြင္းလင္းလင္းဘာသာျပန္လိုက္မယ္ဆိုရင္ ခရစ္ယာန္ေတြရဲ႕“ကနဦးအစမွာ ဘုရားသခင္ဟာ ေကာင္းကင္ႏိုင္ငံေတာ္နဲ႔ ကမာၻေျမကို ဖန္းဆင္းေတာ္မူတယ္” ဆိုတာက ေဘဘီလိုနီးယန္းနဲ႔ ဆူမာရီးယန္းဗားရွင္းအရ “ကနဦးအစမွာ Marduk/Nibiru ဟာ တူထုခံထားရတဲ့လက္ေကာက္နဲ႔ ကမာၻေျမကို ဖန္းဆင္းေတာ္မူတယ္” လို အလြယ္တကူျပန္လုိ႔ရသြားပါမယ္။ ၿပီးေတာ့ ဒီျဖစ္ရပ္အေၾကာင္းအေသးစိတ္ကို ဆူးမားရီးယန္းစာေတြမွာ တိတိက်က်ကို ပါရွိပါတယ္။

nibirureturn.jpg

တူထုခံထားရတဲ့လက္ေကာက္ကို ဆူမားရီးယန္းစာေတြမွာ ကၽြန္ေတာ္တို႔ရဲ႕ ေန႔အဖြဲ႕အစည္းမွ အဂၤါၿဂိဳဟ္နဲ႔ ၾကာသပေတးၿဂိဳဟ္ၾကားရွိ ဥကၠာမႈန္ခါးပတ္ကြင္းႀကီးဆိုၿပီး အတိအက်အေသအခ်ာရည္ညႊန္းေနပါတယ္။ ဒါေၾကာင့္ ယေန႔သိထားရတဲ့ ေန႔အဖြဲ႔အစည္းအေၾကာင္းနဲ႔ယွဥ္လိုက္ရင္ ေကာင္းကင္တုိင္းျပည္ထက္ တူထုခံထားရတဲ့လက္ေကာက္က ပိုကိုက္ညီေနေၾကာင္း ေတြ႔ရမွာပါ။
Bodes Law အရ ဥကၠာမႈန္ခါးပတ္ကြင္းေနရာေလာက္မွာ ေနာက္ထပ္ၿဂိဳဟ္တစ္လံုးရွိေနသင့္ေၾကာင္း ေျပာထားတာလဲ အထင္အရွားပါပဲ။ အခ်က္အလက္ေတြအရလဲ အရင္ကထိုၿဂိဳဟ္ရွိေနခဲ့ေၾကာင္း သိရေပမယ့္ ယခုအခါမွာ ဥကၠာတံုးမ်ား၊ အက်ိဳးအပဲ့မ်ားက က်ယ္ေျပာတဲ့ကြင္းႀကီးတစ္ခုအျဖစ္ ေနကိုပတ္ေနတာကိုသာ ေတြ႔ရွိရပါတယ္။ Bodes Law မွာ ေနာက္ထက္ အေလးအနက္ဆိုထားတာကေတာ့ ဒီေနအဖြဲ႔အစည္းမွာ ေနာက္ထက္ၿဂိဳဟ္တစ္လံုး ရွိေနႏိုင္ေသးသတဲ့။ ထိုၿဂိဳဟ္မ်ိဳးကို ၂၀၀၅ ခုႏွစ္မွာ အတည္ျပဳႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

ဆူမားရီးယန္းတုိ႔ရဲ႕စာေတြအရ သူတို႔ေတြဟာ သိပၸံနည္းက်အခ်က္အလက္ေတြ၊ အာကာသအေၾကာင္း အခ်က္အလက္ေတြကိုပိုင္ဆိုင္ထားၿပီး ဒါေတြအားလံုးကိုသိထားၿပီးသားလို႔ ဆိုရပါမယ္။

ဥပမာ - ယူေရးနပ္စ္ၿဂိဳဟ္ကို ၁၇၈၁ မတိုင္မွီအထိ မသိရေသးသလို နက္ပကၽြန္းၿဂိဳဟ္ကိုလည္း ၁၈၄၆ ထိ မသိရေသးပါဘူး။ ေခတ္သစ္အာကာသပညာဟာ ၁၉၃၆ ခုႏွစ္မွာ ပလူတိုကိုရွာမေတြ႔ခင္အထိ ၿဂိဳဟ္ႀကီး ၉ လံုးရွိေၾကာင္း မသိၾကေသးတာအမွန္ပါပဲ။ ထိုမတိုင္ခင္က ၿဂိဳဟ္ ၈ လံုးသာရွိေၾကာင္း သိထားၾကေပမယ့္ ဆူမားရီးယန္းေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၆၀၀၀ ကတည္းက ထုိၿဂိဳဟ္ ၉ လံုးအျပင္ Bode Law ကျပဆိုထားတဲ့ ၁၀ လံုးေျမာက္ၿဂိဳဟ္အထိပါ သိထားၾကပါသတဲ့။ ဒါေပမယ့္ သူတို႔စာေတြမွာေဖာ္ျပထားတာက ၁၀ လံုး ၁၁ လံုးေတာင္မဟုတ္ပဲ ၁၂ လံုးဆိုၿပီးေဖာ္ျပထားပါတယ္။

akkadian-seal.jpg

ဒီလိုေဖာ္ျပရတာဟာ သူတို႔က ေနကိုလဲ အဖြဲ႔အစည္းရဲ႕အသင္း၀င္အျဖစ္မွတ္ထားၾကသလို လကလဲ သူရာဇ၀င္နဲ႔သူရွိေနတာမို႔ ၁၂ လံုးအျဖစ္မွတ္ထားေၾကာင့္ပဲ။ သိပၸံပညာရွင္ေတြအဆိုအရ လဟာ ၿဂိဳဟ္ရံအျဖစ္ေခၚရေလာက္ေအာင္ မေသးငယ္ပါဘူးတဲ့။ အရင္က လနဲ႔ကမာၻကို ယွဥ္တြဲၿဂိဳဟ္စနစ္အျဖစ္ သတ္မွတ္ရန္ အျငင္းပြားမႈေတြေတာင္ ရွိခဲ့ပါေသးတယ္။ ဆူမားရီးယန္းေတြကလဲ ထိုသို႔ပဲယံုၾကည္ခဲ့ပါတယ္။ သူတို႔ရဲ႕စာေတြမွာ ကၽြန္ေတာ္တို႔ရဲ႕လကို “Luna” ဆိုၿပီး ေဖာ္ျပထားပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕ေန႔အဖြဲ႔အစည္းအတြင္းမွာတည္ရွိေနတဲ့ မၾကာခင္ကမွေတြ႔ရွိထားတဲ့ တျခားၿဂိဳဟ္တစ္ခုကိုေတာ့ Nibiru ၿဂိဳဟ္ ကန္႔လန္႔ျဖတ္ေသာၿဂိဳဟ္ဆိုၿပီး သူတို႔ကအမည္ေပးထားပါတယ္။ ဆူမားရီးယန္းေတြက Nibiru ဆိုတာ ၿဂိဳဟ္ႀကီးတစ္ခုျဖစ္ေၾကာင္း စေနၿဂိဳဟ္သို႔မဟုတ္ ယူေရးနပ္ၿဂိဳဟ္တို႔ႏွင့္ ႏိႈင္းယွဥ္ရေလာက္ေအာင္ရွိေၾကာင္း အလြန္ရွည္ေမ်ာသည့္ ဘဲဥပံုလမ္းေၾကာင္းရွိေၾကာင္း ေဖာ္ျပထားၾကတယ္။ အဲ့ဒီၿဂိဳဟ္ဟာ ေနကိုတစ္ပတ္ျပည့္ဖို႔ ကမာၻႏွစ္ ၃၆၀၀ ႏွစ္ၾကာေၾကာင္းလဲ ေျပာထားပါတယ္။ ထို႔အျပင္ Nibiru ဆိုသည္မွာ Anunnaki မ်ားေနထိုင္ရာလို႔ပါ ေျပာထားပါေသးတယ္။ Anunnaki ဆိုတာ သူတို႔ေတြရဲ႕ နတ္ဘုရားေတြပါပဲ။
Anunnaki ေတြကို ဘာသာေရးက်မ္းစားအမ်ိဳးမ်ိဳးမွာ ေဖာ္ျပထားတာေတြ႔ရပါတယ္။ ခရစ္ယာန္သမၼာက်မ္းစာမွာဆို Anunnaki ေတြကို Elohim နဲ႔ Nephilim ဆိုၿပီးရည္ညႊန္းၾကသလို သိပ္မၾကာေသးတဲ့က်မ္းစာဗားရွင္းေတြမွာလဲ Giant လို႔ ေဖာ္ျပထားတယ္။
ဆူမားရီးယန္းေတြက သူတို႔က်မ္းစာထဲမွာ ကမာၻေျမနဲ႔ Nibiru တို႔ရဲ႕ အခ်ိန္ကြာဟခ်က္ကို ထပ္တလဲလဲေဖာ္ျပထားပါသတဲ့။ ေနာက္ထပ္ေျပာထားၾကတာက ၿဂိဳဟ္တစ္လံုးေပၚကအခ်ိန္က သူရဲ႕မိခင္ၾကယ္ကို တစ္ပတ္ျပည့္ေအာင္ပတ္တဲ့ ပတ္လမ္းတစ္ပတ္ေပၚမွာပဲမူတည္တယ္လို႔ ေထာက္ျပထားတယ္။ ဒီမွာဆို ကၽြန္ေတာ္တို႔ရဲ႕ေနမင္းေပါ့။ ဒါဆိုရင္ ဥပမာအေနနဲ႔ ဂ်ဴပီတာၿဂိဳဟ္က သူ႔ပါတ္လမ္းမွာ တစ္ပတ္ပတ္မိဖို႔ ကမာၻႏွစ္ ၁၂ ႏွစ္ၾကာတယ္။ ဒါေပမယ့္ ဂ်ဴပီတာအတြက္က တစ္ႏွစ္ပဲ။ ဒီလိုဆိုေတာ့ ကမာၻကလူနဲ႔ ဂ်ဴပီတာမွာေနတဲ့သူယွဥ္ရင္ ဂ်ဴပီတာကလူက ရုပ္ပိုင္းအရ တစ္ႏွစ္ပဲႀကီးလာမွာဆိုေပမယ့္ ကမာၻကလူကေတာ့ ၁၂ ႏွစ္စာႀကီးသြားၿပီ။ ဒါေၾကာင့္ ေနကို ကမာၻႏွစ္ ၃၆၀၀ ၾကာမွတစ္ႀကိမ္ျပည့္တဲ့ ၿဂိဳဟ္ေပၚကလူအဖို႔ သူ႔အတြက္က တစ္ႏွစ္ပဲရွိဦးမယ္။ ဒီလိုအခ်ိန္ျခားတဲ့ကိစၥကို အိုင္းစတိုင္းရဲ႕ အထူးႏႈိင္းရသီအိုရီအရ တစ္စိတ္တစ္ပိုင္းအျဖစ္ သက္ေသျပၿပီးျဖစ္တဲ့အျပင္ ကမာၻရဲ႕လွည့္ပတ္ဆြဲငင္အားလႊတ္ေနတဲ့ အာကာသယာဥ္မွဴးေတြအတြက္ အခ်ိန္ေႏွးေနေၾကာင္းကလဲ နာမည္ေက်ာ္ပါပဲ။ အိုင္းစတိုင္းက အခ်ိန္ကို အ၀တ္စတစ္ခုအျဖစ္ ပမာျပဳၿပီး ၿဂိဳဟ္ေတြဟာ အ၀တ္စေပၚမွာလွိမ့္ေနတဲ့ ေဘာလံုးလို သြားေနၾကေၾကာင္း ရွင္းျပခဲ့ဖူးပါတယ္။

ဆူမားရီးယန္းေတြက Nibiru ေပၚကတစ္ႏွစ္ကို shar လို႔ေခၚေၾကာင္း တစ္ shar မွာ ကမာၻႏွစ္ ၃၆၀၀ ရွိေၾကာင္း ေျပာထားပါတယ္။ ေနာက္ၿပီး Anunnaki တစ္ေယာက္ရဲ႕အသက္က ၁၂၀ shar ျဖစ္တယ္လို႔ေျပာထားတဲ့အတြက္ ကမာၻႏွစ္နဲ႔တြက္ၾကည့္ရင္ ၄၃၂၀၀၀ ႏွစ္ေတာင္ရွိပါလိမ့္မယ္။ ဆူမားရီးယန္းဘုရင္စာရင္းအရ Anunnaki ေတြကမာၻကိုပထမဆံုးေရာက္လာတာကေန မဟာေရလႊမ္းမိုးမႈႀကီးအထိတြက္ၾကည့္ရင္ ၁၂၀ shar ရွိပါသတဲ့။ အလြန္ထင္ရွားတဲ့ ၄၃၂၀၀၀ ဂဏန္းကို တျခားေသာ ဒ႑ာရီပံုျပင္ေတြမွာလဲ အမ်ားႀကီးေတြ႔ႏိုင္ပါတယ္။

Unicode

ဒါဆို Nibiru ကို ဆူမားရီးယန်းနတ်ဘုရားတစ်ဦးအဖြစ် ယူဆလို့ရနိုင်ပါမယ်။ သို့သော် တခြားအချက်တစ်ခု ရှိနေပါသေးတယ်။ ရှေးဟောင်းဆူမားရီးယန်းတွေက Nibiru ကို ကောင်းကင်ရုပ်တစ်ခုအဖြစ် - ဂြိုဟ်အဖြစ် ဖော်ပြထားတာမျိုးတွေ အများအပြားပါရှိနေပါတယ်။ စစ်ချင်ထောက်ပြခဲ့သလို Rakia ရဲ့နောက် အဓိပ္ပာယ်တစ်ခုက “တူထုခံထားရတဲ့ လက်ကောက်” ဖြစ်ပါတယ်။ ဒါကလဲ သိပ်ကိုထင်ရှားတဲ့အဓိပ္ပာယ်တစ်ခုပါပဲ။ ဒါတွေက ဟီးဗရူးစာတွေကိုဘာသာပြန်သူတွေပေါ်ပဲ မူတည်ပါတယ်။ ဒါကြောင့် ပွင်းပွင်းလင်းလင်းဘာသာပြန်လိုက်မယ်ဆိုရင် ခရစ်ယာန်တွေရဲ့“ကနဦးအစမှာ ဘုရားသခင်ဟာ ကောင်းကင်နိုင်ငံတော်နဲ့ ကမ္ဘာမြေကို ဖန်းဆင်းတော်မူတယ်” ဆိုတာက ဘေဘီလိုနီးယန်းနဲ့ ဆူမာရီးယန်းဗားရှင်းအရ “ကနဦးအစမှာ Marduk/Nibiru ဟာ တူထုခံထားရတဲ့လက်ကောက်နဲ့ ကမ္ဘာမြေကို ဖန်းဆင်းတော်မူတယ်” လို အလွယ်တကူပြန်လို့ရသွားပါမယ်။ ပြီးတော့ ဒီဖြစ်ရပ်အကြောင်းအသေးစိတ်ကို ဆူးမားရီးယန်းစာတွေမှာ တိတိကျကျကို ပါရှိပါတယ်။

nibirureturn.jpg

တူထုခံထားရတဲ့လက်ကောက်ကို ဆူမားရီးယန်းစာတွေမှာ ကျွန်တော်တို့ရဲ့ နေ့အဖွဲ့အစည်းမှ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားရှိ ဥက္ကာမှုန်ခါးပတ်ကွင်းကြီးဆိုပြီး အတိအကျအသေအချာရည်ညွှန်းနေပါတယ်။ ဒါကြောင့် ယနေ့သိထားရတဲ့ နေ့အဖွဲ့အစည်းအကြောင်းနဲ့ယှဉ်လိုက်ရင် ကောင်းကင်တိုင်းပြည်ထက် တူထုခံထားရတဲ့လက်ကောက်က ပိုကိုက်ညီနေကြောင်း တွေ့ရမှာပါ။
Bodes Law အရ ဥက္ကာမှုန်ခါးပတ်ကွင်းနေရာလောက်မှာ နောက်ထပ်ဂြိုဟ်တစ်လုံးရှိနေသင့်ကြောင်း ပြောထားတာလဲ အထင်အရှားပါပဲ။ အချက်အလက်တွေအရလဲ အရင်ကထိုဂြိုဟ်ရှိနေခဲ့ကြောင်း သိရပေမယ့် ယခုအခါမှာ ဥက္ကာတုံးများ၊ အကျိုးအပဲ့များက ကျယ်ပြောတဲ့ကွင်းကြီးတစ်ခုအဖြစ် နေကိုပတ်နေတာကိုသာ တွေ့ရှိရပါတယ်။ Bodes Law မှာ နောက်ထက် အလေးအနက်ဆိုထားတာကတော့ ဒီနေအဖွဲ့အစည်းမှာ နောက်ထက်ဂြိုဟ်တစ်လုံး ရှိနေနိုင်သေးသတဲ့။ ထိုဂြိုဟ်မျိုးကို ၂၀၀၅ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆူမားရီးယန်းတို့ရဲ့စာတွေအရ သူတို့တွေဟာ သိပ္ပံနည်းကျအချက်အလက်တွေ၊ အာကာသအကြောင်း အချက်အလက်တွေကိုပိုင်ဆိုင်ထားပြီး ဒါတွေအားလုံးကိုသိထားပြီးသားလို့ ဆိုရပါမယ်။

ဥပမာ - ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ မတိုင်မှီအထိ မသိရသေးသလို နက်ပကျွန်းဂြိုဟ်ကိုလည်း ၁၈၄၆ ထိ မသိရသေးပါဘူး။ ခေတ်သစ်အာကာသပညာဟာ ၁၉၃၆ ခုနှစ်မှာ ပလူတိုကိုရှာမတွေ့ခင်အထိ ဂြိုဟ်ကြီး ၉ လုံးရှိကြောင်း မသိကြသေးတာအမှန်ပါပဲ။ ထိုမတိုင်ခင်က ဂြိုဟ် ၈ လုံးသာရှိကြောင်း သိထားကြပေမယ့် ဆူမားရီးယန်းတွေကတော့ လွန်ခဲ့တဲ့ နှစ် ၆၀၀၀ ကတည်းက ထိုဂြိုဟ် ၉ လုံးအပြင် Bode Law ကပြဆိုထားတဲ့ ၁၀ လုံးမြောက်ဂြိုဟ်အထိပါ သိထားကြပါသတဲ့။ ဒါပေမယ့် သူတို့စာတွေမှာဖော်ပြထားတာက ၁၀ လုံး ၁၁ လုံးတောင်မဟုတ်ပဲ ၁၂ လုံးဆိုပြီးဖော်ပြထားပါတယ်။

akkadian-seal.jpg

ဒီလိုဖော်ပြရတာဟာ သူတို့က နေကိုလဲ အဖွဲ့အစည်းရဲ့အသင်း၀င်အဖြစ်မှတ်ထားကြသလို လကလဲ သူရာဇ၀င်နဲ့သူရှိနေတာမို့ ၁၂ လုံးအဖြစ်မှတ်ထားကြောင့်ပဲ။ သိပ္ပံပညာရှင်တွေအဆိုအရ လဟာ ဂြိုဟ်ရံအဖြစ်ခေါ်ရလောက်အောင် မသေးငယ်ပါဘူးတဲ့။ အရင်က လနဲ့ကမ္ဘာကို ယှဉ်တွဲဂြိုဟ်စနစ်အဖြစ် သတ်မှတ်ရန် အငြင်းပွားမှုတွေတောင် ရှိခဲ့ပါသေးတယ်။ ဆူမားရီးယန်းတွေကလဲ ထိုသို့ပဲယုံကြည်ခဲ့ပါတယ်။ သူတို့ရဲ့စာတွေမှာ ကျွန်တော်တို့ရဲ့လကို “Luna” ဆိုပြီး ဖော်ပြထားပါတယ်။

ကျွန်တော်တို့ရဲ့နေ့အဖွဲ့အစည်းအတွင်းမှာတည်ရှိနေတဲ့ မကြာခင်ကမှတွေ့ရှိထားတဲ့ တခြားဂြိုဟ်တစ်ခုကိုတော့ Nibiru ဂြိုဟ် ကန့်လန့်ဖြတ်သောဂြိုဟ်ဆိုပြီး သူတို့ကအမည်ပေးထားပါတယ်။ ဆူမားရီးယန်းတွေက Nibiru ဆိုတာ ဂြိုဟ်ကြီးတစ်ခုဖြစ်ကြောင်း စနေဂြိုဟ်သို့မဟုတ် ယူရေးနပ်ဂြိုဟ်တို့နှင့် နှိုင်းယှဉ်ရလောက်အောင်ရှိကြောင်း အလွန်ရှည်မျောသည့် ဘဲဥပုံလမ်းကြောင်းရှိကြောင်း ဖော်ပြထားကြတယ်။ အဲ့ဒီဂြိုဟ်ဟာ နေကိုတစ်ပတ်ပြည့်ဖို့ ကမ္ဘာနှစ် ၃၆၀၀ နှစ်ကြာကြောင်းလဲ ပြောထားပါတယ်။ ထို့အပြင် Nibiru ဆိုသည်မှာ Anunnaki များနေထိုင်ရာလို့ပါ ပြောထားပါသေးတယ်။ Anunnaki ဆိုတာ သူတို့တွေရဲ့ နတ်ဘုရားတွေပါပဲ။

Anunnaki တွေကို ဘာသာရေးကျမ်းစားအမျိုးမျိုးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာမှာဆို Anunnaki တွေကို Elohim နဲ့ Nephilim ဆိုပြီးရည်ညွှန်းကြသလို သိပ်မကြာသေးတဲ့ကျမ်းစာဗားရှင်းတွေမှာလဲ Giant လို့ပဲ ဖော်ပြထားတယ်။
ဆူမားရီးယန်းတွေက သူတို့ကျမ်းစာထဲမှာ ကမ္ဘာမြေနဲ့ Nibiru တို့ရဲ့ အချိန်ကွာဟချက်ကို ထပ်တလဲလဲဖော်ပြထားပါသတဲ့။ နောက်ထပ်ပြောထားကြတာက ဂြိုဟ်တစ်လုံးပေါ်ကအချိန်က သူရဲ့မိခင်ကြယ်ကို တစ်ပတ်ပြည့်အောင်ပတ်တဲ့ ပတ်လမ်းတစ်ပတ်ပေါ်မှာပဲမူတည်တယ်လို့ ထောက်ပြထားတယ်။ ဒီမှာဆို ကျွန်တော်တို့ရဲ့နေမင်းပေါ့။ ဒါဆိုရင် ဥပမာအနေနဲ့ ဂျူပီတာဂြိုဟ်က သူ့ပါတ်လမ်းမှာ တစ်ပတ်ပတ်မိဖို့ ကမ္ဘာနှစ် ၁၂ နှစ်ကြာတယ်။ ဒါပေမယ့် ဂျူပီတာအတွက်က တစ်နှစ်ပဲ။ ဒီလိုဆိုတော့ ကမ္ဘာကလူနဲ့ ဂျူပီတာမှာနေတဲ့သူယှဉ်ရင် ဂျူပီတာကလူက ရုပ်ပိုင်းအရ တစ်နှစ်ပဲကြီးလာမှာဆိုပေမယ့် ကမ္ဘာကလူကတော့ ၁၂ နှစ်စာကြီးသွားပြီ။ ဒါကြောင့် နေကို ကမ္ဘာနှစ် ၃၆၀၀ ကြာမှတစ်ကြိမ်ပြည့်တဲ့ ဂြိုဟ်ပေါ်ကလူအဖို့ သူ့အတွက်က တစ်နှစ်ပဲရှိဦးမယ်။ ဒီလိုအချိန်ခြားတဲ့ကိစ္စကို အိုင်းစတိုင်းရဲ့ အထူးနှိုင်းရသီအိုရီအရ တစ်စိတ်တစ်ပိုင်းအဖြစ် သက်သေပြပြီးဖြစ်တဲ့အပြင် ကမ္ဘာရဲ့လှည့်ပတ်ဆွဲငင်အားလွှတ်နေတဲ့ အာကာသယာဉ်မှူးတွေအတွက် အချိန်နှေးနေကြောင်းကလဲ နာမည်ကျော်ပါပဲ။ အိုင်းစတိုင်းက အချိန်ကို အ၀တ်စတစ်ခုအဖြစ် ပမာပြုပြီး ဂြိုဟ်တွေဟာ အ၀တ်စပေါ်မှာလှိမ့်နေတဲ့ ဘောလုံးလို သွားနေကြကြောင်း ရှင်းပြခဲ့ဖူးပါတယ်။

ဆူမားရီးယန်းတွေက Nibiru ပေါ်ကတစ်နှစ်ကို shar လို့ခေါ်ကြောင်း တစ် shar မှာ ကမ္ဘာနှစ် ၃၆၀၀ ရှိကြောင်း ပြေားထားပါတယ်။ နောက်ပြီး Anunnaki တစ်ယောက်ရဲ့အသက်က ၁၂၀ shar ဖြစ်တယ်လို့ပြောထားတဲ့အတွက် ကမ္ဘာနှစ်နဲ့တွက်ကြည့်ရင် ၄၃၂၀၀၀ နှစ်တောင်ရှိပါလိမ့်မယ်။ ဆူမားရီးယန်းဘုရင်စာရင်းအရ Anunnaki တွေကမ္ဘာကိုပထမဆုံးရောက်လာတာကနေ မဟာရေလွှမ်းမိုးမှုကြီးအထိတွက်ကြည့်ရင် ၁၂၀ shar ရှိပါသတဲ့။ အလွန်ထင်ရှားတဲ့ ၄၃၂၀၀၀ ဂဏန်းကို တခြားသော ဒဏ္႑ာရီပုံပြင်တွေမှာလဲ အများကြီးတွေ့နိုင်ပါတယ်။

ဆက္ရန္
Credit...

Translated from Earth Forbidden Secret App (The Tale of Sumerian)
The Earth Chronicles
Photo Credit to google image.

33 upvotes 3 downvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: