Community post
App Review
ဒီကနေ့ စတီးမစ်မှ မိတ်ဆွေများ မြန်မာစာအရေးအသား တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်လျက် appကောင်းလေးများကို ရွေးချယ်ပေးလိုက်ပါတယ်.......။
ပထမဦးဆုံး မိတ်ဆက်ပေးမယ့် appလေးကတော့ " Myanmarsar " ဆိုတဲ့ appလေးပဲဖြစ်ပါတယ်.....။ စာပေဆောင်းပါးများရေးသားနေသူတိုင်း ဒီappလေး ရှိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီappထဲမှာ စာရေးသာတွင် သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားခြင်းကြောင့်ဖြစ်ပါတယ်။
ဒီappလေး ယခင်က ဆရာတင်လှိုင်ဦး လည်းတင်ပေးခဲ့ဖူးပါတယ်။ အခုအခါ လူသစ်များလည်း တိုးလာပြီဖြစ် အားလုံးသိရှိပြီး အသုံးပြုနိုင်အောင် ကျနော်မှထပ်မံတင်ပြရခြင်းဖြစ်ပါသည်။
ဒီ Myanmarsar ဆိုသည့် appထဲမှာ ပါဝင်သည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


-စာလုံးပေါင်းသတ်ပုံများ (က မှ အ)
-စာရေးရာတွင် မှားတတ်သည့် စာလုံးများ
-စကားထှာများ
-စကားပုံများ
-ကဗျာစပ်ဆိုနည်းများ
-စာရေးနည်းများ
-ဆောင်းပါးများ
-ဘာသာပြန်ရေးသားနည်းများ
-သဒ္ဒါသဘောတရားများ
-ရှေးခတ် စာဆိုတို့၏ ရတုများနှင့် ကျော်ကြားသော ကဗျာများ စသည်တို့ပါဝင်ကြပါသည်။
App Name: Myanmarsar
File size: 5.91MB
Download link
တစ်လက်စတည်း နောက်ထပ် appတစ်ခုလည်းတင်ပေးပါအုံးမယ်....။ "စကားအလှ မြန်မာက" ဆိုတဲ့ appလေးပဲဖြစ်ပါတယ်.....။ ဒီappမှာတော့ "စကားထှာ၊ စကားလိမ်၊ စကားဝှက်" ဆိုပြီး သုံးမျိုးသာ ပါဝင်ပါတယ်...။ အသုံးပြုရတာတော့ ရှင်းရှင်းလင်းလင်းနဲ့ အဆင်ပြေလှပါတယ်.....။



ဒီနေ့တော့ ဒီလောက်ပါပဲနောက်မှ အလျင်းသင့်သလို ကောင်းနိုးရာရာ appလေးများ ထပ်မံတင်ပေးသွားပါမယ်။
စတီးမစ် လူငယ်မောင်မယ်အားလုံး မြန်မာစာအရေးအသားများ တိုးတက်ကြပါစေ.....။
App Name: စကားအလှမြန်မာက
File size: 1MB
Download link
Author by Jhon
MSC-046
Photo by Me
Replies (21)
အဖိုးတန်သော app တွေပါ။ကျေးဇူး အထူးတင်ပါတယ်bro.ကဲ ရှာလိုက်ဦးမယ်။
down စရာတွေတွေ့ပြီ thank you
ဗဟုသုတရစေပါသည်
Good တယ်ဗျာ
ဟုတ်bro
ရပါတယ်ဟ
ဟုတ် bro
ဟုတ်ကဲ့
အဆင်ပြေပါစေဗျာ
အမှန်တကယ်အသုံးတည့်မယ့် software တစ်ခုပါ
Appအတွက်ကျေးဇူးပါ....အသုံးဝင်ပါတယ်....
ခုလိုညွန်ပြပေးလို့ ကျေးဇူးပါဗျာ
သွားဒေါင်းလိုက်အုံးမယ်
အဲ app အမည်ပြောပါအုံး😁
ဟုတ်တယ် အဲ့ဒီ အေပီပီကောင်းတယ် စာလုံးပေါင်း သတ်ပုံတွေလေ့လာလို့ရတယ်။
ဟုတ်
တိန်
လင့်ပါပေးထားတယ်လေဗျာ
အရမ်းကောင်းတဲ့ appလေးပါ ကွီးရွှေ
ဟုတ်ကဲ့
ရပါတယ်ဗျာ
Download ဆွဲလိုက်အုံးမယ်
မျှဝေပေးလို့ ကျေးဇူးပါ
Yeah