Community post
app review
စာမရေးဖြစ်တာလည်း အတော်ကြာနေပြီဆိုတော့ ဒီတစ်ခါ ဖုန်းဆောဖ့်ဝလ် ကောင်းလေးတစ်ခုအကြောင်း Review လေးရေးပေးပါမယ်။
ဆောဖ့်ဝလ် နာမည်ကတော့--Shwe English Lessons ပဲဖြစ်ပါတယ်။

အင်္ဂလိပ်စာကို အခြေခံမှစ၍လေ့လာနေသူများနှင့် အင်္ဂလိပ်စာလေ့လာဖို့ အချိန်မပေးနိုင်သူများအတွက် ဖုန်းထဲမှ လွယ်လင့်တကူ လေ့လာသင်ယူလို့ရနိုင်အောင် ဒီဆောဖ့်ဝဲလေးကို ပြင်ဆင်ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာနေသူများ ဒီဆောဖ်ဝဲလေးကို ဖုန်းထဲမှာထည့်သွင်းထားခြင်းဖြင့် သွားလေရာယူသွားနိုင်ပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲထဲမှာ အင်္ဂလိပ်လိုရေးထားတဲ့ စာကြောင်းတိုင်းကို အောက်မှာမြန်မာလို ဘာသာပြန်ပေးထားပြီး အသံထွက်မသိသူများအတွက် အသံဖိုင်များကိုလည်း အဆင်သင့်အသုံးပြုနိုင်အောင် ထည့်သွားပေးထားပါတယ်။ အချို့ အသံဖိုင်များကိုဖွင့်ရန်အတွက် Internet Connection လိုအပ်မှာပဲဖြစ်ပါတယ်။ မြန်မာဖောင့်မရှိဘဲနဲ့လည်း ဖတ်ရှုနိုင်ပါတယ်။
ဒီဆော့ဖ်ဝဲထဲမှာ ပါဝင်တယ့် သင်ခန်းစာတွေကတော့.......
-Grammar
(ဝါစင်္ဂ၈ပါးနှင့် အခြားသိထားသင့်သော ဂရမ်မာအသုံးများ)

-Conversation
(နေ့စဉ်ပြောနေကြ စကားစုများ)

-Interchange
(အပြန်အလှန်ပြောဆိုသော စကားစုများ)

-Vocabulary
(ဝေါဟာရများ)

-Patterns
(စာကြောင်းတည်ဆောက်ပုံများ)

-Song Lyrics
(သီချင်းစာသားများ)

-Business English
(အလုပ်အကိုင်နှင့်ပတ်သတ်သည့် စကားပြောဆိုပုံများ)

-Stories
(အဖြစ်အပျက်အကြောင်းအရာများ)

စသဖြင့် စုံစုံလင်လင်ထည့်သွင်းပေးထားပါတယ်။ ချွင်းချက်အနေနဲ့ကတော့ အချို့မြန်စာလုံးများအနည်းငယ် မှားယွင်းနေပါတယ်။ ကိုယ့်ဟာကိုယ်ဖြည့်ပြီး ဖတ်ရှုနိုင်ပါတယ်။ စတီးမစ်မိသားစုဝင်အားလုံး အင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေဗျာ။
Apk Name: Shwe English Lesson
File Size: 27MB
Download Link: https://play.google.com/store/apps/details?id=siam.moemoetun.com.shwedailyenglish
ရေးသားသူ ... JhonJhon
MSC-046
Photo By Me
Replies (20)
English စာ လေ့လာလိုသူတွေ အတွက် အထောက်အကူတစ်ခုပါပဲ
လေ့လာသင်ယူစရာများ ဖြစ်ပါတယ်လေ
လောလောဆယ်တော့ shwe book လေးနဲ့အဆင်ပြေနေတယ်
အသုံးဝင်တဲ့applicationလေးပါပဲ။
တန်ဘိုးကြီးမားတဲ့ စာအုပ်လေးပဲဗျာ ဒေါင်းပီး လေ့လာနေပါတယ်။
English စာလေ့လာဖို့ အသုံးဝင်တဲ့ app လေးပဲ။
ဟုတ်ပါတယ်။
အမှန်ပဲအကိုရေ
ဟုတ်အမ
ဟုတ်
စမ်းသုံးကြည့်ပါ။
ဟုတ်
ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းသုံးလို့အဆင်ပြေပါတယ်
ပြည့်ပြည့်စုံစုံ ပါဝင်တာမို့ လေ့လာလို့ ပိုကောင်းပါတယ်။
အရမ်းအသုံးဝင်တဲ့ appလေးပါ။
တော်တော်ကောင်းတဲ့ဆောဝဲလေးပဲ
Nice App
ဟုတ်တယ်bro
ဟုတ်
လေ့လာနေရဆဲပဲ အားလုံးမဟုတ်တောင် အများစုအတွက် အထောက်အကူရနိုင်မှာပါ