Community post
ဘဝခရီးလမ်း
အဖေမရှိသော မိန်းမ..
အစ်ကိုမရှိသော မိန်းမ..
ခင်ပွန်းမရှိသော မိန်းမ..
အဲ့ဒီသုံးချက်နဲ့လျှောက်နေတဲ့..
မိန်းမတစ်ယောက်ရဲ့ခရီးလမ်းက..
ကြိုးတံတားတစ်ခုနဲ့တူတယ်..
ဟန်ချက်မပျက်ဖို့အတွက်က..
ကိုယ်ကိုယ်တိုင်ထိန်းသိမ်းနိုင်ရမှရမယ်..
အဲ့ဒီ အတွက်..
ဟန်ချက်ပျက်အောင် တိုက်ခတ်လာတဲ့..
လေတွေကိုလည်း အပြစ်တင်ဖို့အချိန်ပေးလို့မရဘူး..
မငြိမ်သက်တဲ့ခရီးလမ်းကိုလည်းရပ်ပစ်လိုက် လို့မရဘူး..
အားနွဲ့သူရယ်လို့မညှာတာတတ်တဲ့မုန်တိုင်းတွေရှိ လာရင်တောင်..
သည်းခံခြင်းဆိုတဲ့ကြိုးနဲ့ ..
ခန္ဓာကိုယ်ကိုတံတားမှာချည်ရင်း..
ရင်ဆိုင်နိုင်ဖို့လည်းကြိုးစားပစ်ရမယ်..
ကြိုးတံတားရဲ့အဆုံးသတ်မှာ ..
ကောင်းခြင်းနဲ့ဆိုးခြင်းတခုခုထပ်ရှိနေစေဦး..
ဒီခရီးလမ်းကိုလွန်မြောက်ပြီးမှတော့..
ဒီထက်ပိုပြီး ယိမ်းယိုင်သွားဖို့မရှိတော့ပါဘူး..

Credit###လဲ့ယမင်းအေး
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.