4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တရားစခန်း

တရားစခန်းလေးကို ရသလောက်အချိန်လေးနှင့် ဝင်ချင်သူများအတွက်ပါရှင့်

ငြိမ်းငြိမ်းချမ်းချမ်းနဲ့...
တရားအားထုတ်ဖို့ ရည်ရွယ်ထားခဲ့ရင်...
■■■■■■■■■■■■■■■■■■■■

အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားအားထုတ်ချင်တယ်ဆိုရင် နေရာကောင်းလေးတစ်ခုကို ညွှန်းချင်လို့ပါ။

အဲဒါနေရာကတော့ ပဲခူးတိုင်းအတွင်းမှာ
တည်ရှိတဲ့ ရွှေမင်းဝံ ၀ိပသာနာရိပ်သာပါ။
တစ်နှစ်တာပတ်လုံး အချိန်ပြည့်ဖွင့်ထားတဲ့
တရားရိပ်သာပါ။ ဒါကြောင့်
ကိုယ်ကြိုက်တဲ့အချိန် ၀င်နိုင်ပြီး၊ ကိုယ်ထွက်ချင်တဲ့အချိန်ပြန်ထွက်နိုင်ပါတယ်။

သွားဖို့စရိတ်ကလွဲလို့ ဘာမှကုန်ကျစရာလည်း မရှိပါဘူး။ ကိုယ်ပျော်သလောက်နေနိုင်ပါတယ်။ နေရေး၊စားရေး အကုန်လုံး ပြည့်စုံအောင် တာဝန်ယူထားပါတယ်။ ကိုယ့်ဘက်က အလုပ်လုပ်ဖို့ပဲ တာဝန်ရှိပါတယ်။ သီးသန့်ဆောင် တွေမှာ အစစအရာရာ လိုအပ်မှု့မရှိအောင် စီစဉ်ပေးထားပါတယ်။

၂ယောက်၊ ၃ယောက်လောက်စုသွားရင်တော့ ကိုယ့်ဟာကိုယ် သီးသန့် အဆောင်တစ်ခုယူပြီး နေနိုင်ပါတယ်။ အဆောင်ကလည်း သပ်သပ်ရပ်ရပ်ရှိပြီး ခြင်လုံသံဇကာ၊ ပါကေးခင်း၊ ရေချိုခန်း၊ အိမ်သာပါ တစ်ခါတည်း ပါပြီးသားပါ။ အတော်လေး ဆိတ်ငြိမ်ပြီး နေလို့ထိုင်လို့ကောင်းပါတယ်။

တစ်နေ့တာ လုပ်ငန်းစဉ်ဇယားကတော့

နံနက် ၄ နာရီ မှ ၅ နာရီ တရားထိုင်

်နံနက် ၅ နာရီခွဲ မှ ၆ နာရီ အာရုံဆွမ်း

နံနက် ၆ နာရီ မှ ရ နာရီ တရားထိုင်

နံနက် ရ နာရီ မှ ၈ နာရီ စင်္ကြန်လျှောက်

နံနက် ၈ နာရီ မှ ၉ နာရီ တရားထိုင်

နံနက် ၉ နာရီ မှ ၁၀ နာရီခွဲ ရေချိုး၊ အနားယူချိန်

နံနက် ၁၀ နာရီခွဲ မှ ၁၁ နာရီ ဆွမ်းစားချိန်

နံနက် ၁၁ နာရီ မှ ၁၂ နာရီ အနားယူချိန်

နေလည် ၁၂ နာရီ မှ ၁ နာရီ တရားထိုင်ချိန်

နေ့လည် ၁ နာရီ မှ ၂ နာရီ စင်္ကြန်လျှောက်

နေ့လည် ၂ နာရီ မှ ၃ နာရီ တရားနာချိန်

နေ့လည် ၃ နာရီ မှ ၄ နာရီ တရားစစ်ချိန်

နေ့လည် ၄ နာရီ မှ ၅ နာရီ တရားထိုင်ချိန်

ညနေ ၅ နာရီ မှ ၆ နာရီ အနားယူချိန်

ညနေ ၆ နာရီ မှ ရ နာရီ တရားထိုင်ချိန်

ည ရ နာရီ မှ ၈ နာရီ စင်္ကြန်လျှောက်ချိန်

ည ၈ နာရီ မှ ၉ နာရီ တရားထိုင်ချိန်

တရားထိုင်ချိန်က တစ်နာရီ သတ်မှတ်ထားတယ်ဆိုပေမဲ့ ကိုယ်ထိုင်နိုင်သလောက်သာ ထိုင်နိုင်ပါတယ်။ ကိုယ်ဆက်မထိုင်နိုင်တော့ရင် ထပြီး စင်္ကြန်လျှောက်ကာ တရားမှတ်နေနိုင်ပါတယ်။ အဆောင်ကိုတော့ သတ်မှတ်ထားတဲ့ အနားယူချိန်မှ တစ်ပါး ပြန်ခွင့်မရှိပါဘူး။ အနည်းဆုံးတော့ တစ်ပတ်လောက် ၀င်မှသာ သင့်တော်မှာပါ။

▶သွားချင်တယ်ဆိုရင်တော့
ရန်ကုန်- ပဲခူး သွားတဲ့
မည်သည့်ကားမဆိုစီးနိုင်ပြီး ဇရပ်ကွင်းလမ်းဆုံကျော်တာနဲ့ တောင်သုံးလုံးမှတ်တိုင်မှာ ဆင်းပါ။ အဲဒီ့ကားမှတ်တိုင်မှာတင် ဆိုက်ကားဌားသွားမယ်ဆိုရင် ၁၀၀၀ ပဲပေးရမှာပါ။ ရိပ်သာဝန်းထဲထိ လိုက်ပို့ပေးပါတယ်။

တစ်ခါရောက်ဖူးပြီးရင် နောက်ထပ်သွားချင်တဲ့ နေရာလေးမို့ သွားဖြစ်အောင် သွားကြည့်လိုက်ပါ။

ရွှေမင်းဝံ ရိပ်သာဝန်းထဲမှာ
ဆုတောင်းပြည့်စေတီ တစ်ဆူရှိပါတယ်။
ဗိသုကာ အလွန်ကောင်းပြီး
အလွန်သပ္ပါယ်ပါတယ်။ စေတီရဲ့အောက်မှာ တရားထိုင်နိုင်တဲ့ အသံလုံခန်းပေါင်းများစွာ တည်ရှိပါတယ်။
အခုထိတော့ အသုံးမပြုသေးပါဘူး။

တရားထိုင်ယောဂီများနေထိုင်ရာ သီးသန့်အဆောင်များ ဖြစ်ပါတယ်။

#ရဲမင်းထက်


​ေ​သာဘနာရာမ
​ေရွှမင်းဝံသာသနာ့ရိပ်သာ (ပဲခူး​​)
တောရရိပ်​သာရဲ့သာယာဘွယ်​ပုံရိပ်
တရားအားထုတ်​ဖို့ဖိတ်​​ခေါ်ပါတယ်​...

Photos Credit..
အရှင်သာသန

===================

ဆက်သွယ်ရန်

ရွှေမင်းဝံသာသနာ့ရိပ်သာ
အမှတ်(၇၀)
သာသနာ့ရိပ်သာလမ်း
အလယ်ရွှေဂုံတိုင်
ဗဟန်းမြို့နယ် ၊ ရန်ကုန်

ရန်ကုန်ဖုန်း ~ 01 542876
~ 01 548737

တောရစခန်း(ပဲခူး)ဖုန်း ~ 09 8616919
image

20 upvotes $0.02

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: