Community post
သရပါ တံ ခါး ( Julie Bawk)

Steemit Platform ပေါ် မှာ ရောက် နေ တဲ့ မြန် မာ နိုင်ငံ သား များ အား လုံး ကို မင်္ဂလာ ပါ လို့ နူတ် ဆက် ပါ တယ်.
လွန် ခဲ့ တဲ့ လ က ကျွန်မ မိသား စု နဲ့ အ တူ ပုဂံ ကို အ လည် ရောက် ဖြစ် ခဲ့ ပါ တယ် ။ ကျွန် မ အ တွက် တော့ ဒီ ခရီး ဟာ ပုဂံ ကို ပထမ ဆုံး အ ကြိမ် ရောက် ခဲ့ တာပါ။ ပုဂံ ဟာ ကမ္ဘာ့ က စိတ် ဝင် စား ဆုံး နေရာ ဖြစ် တယ် လို့ ပြော လို့ ရ သ လို ကျွန်မ တို့ မြန်မာ နိုင် ငံ သား တွေ ရဲ့ ဂုဏ် ယူ စရာ အနု ပညာ ယဉ် ကျေး မှု ကို ပြည့် စုံ စွာ တွေ့ မြင် နှိုင် တဲ့ နေ ရာ လို့ လည်း ပြော နှိုင် ပါ တယ် ။
ကျွန် မ ရောက် ခဲ့ တဲ့ ပုဂံ ဘုရား တွေ နဲ့ အခြား စိတ် ဝင် စား စ ရာ နေ ရာ တော် တော် များ များ ထဲ က သရပါ တံ ခါး အ ကြောင်း ပြော ပြ ခြင် ပါ တယ် ။ သရပါ တံ ခါး အ ကြောင်း သိ ရခြင်း က ပုဂံ ပျက် ရခြင်း အ ကြောင်း ကို လည်း သိ မြင် စေ တယ် လို့ ခံ စား မိ ပါ တယ်။

သရပါ ဆိုတဲ့ အဓိပ္ပါယ် က ပါ ဠိ စကား အရ " မြား ကို ဆီး ကား သော တံ ခါး " လို့ အ နက် အဓိပ္ပါယ် ရတယ် လို့ ဆို ထား ပါ တယ်။ ပု ဂံ မြို့ ရိုး မှာ တံ ခါး ပေါက် ၁၂ ခု ရှိ ခဲ့ ရာ က အ ခု အ ချိန် မှာ တော့ ယခု မြင် တွေ့ ရတဲ့ သရပါ တံ ခါး တစ် ခု တည်း သာ လျှင် ကျန် ရှိ ပါ တော့ တယ် ။
သရပါ တံ ခါး ကို စောင့် ရှောက် နေကြ တယ် လို့ အ ယူ ရှိ တဲ့ မ ဟာဂိရိ နတ်မောင် နှ မ ရုပ် တု ကို လည်း တံ ခါး ရဲ့ တစ် ဖက် တစ် ချက် မှာ တွေ့မြင် နှိုင် ပါ သေး တယ် ။ လက် ဝဲ ဘက် က ရုပ် တု က မောင် တော် ဖြစ် ပြီး ၊ လက် ကျာ ဘက် က နှ မတော် ရုပ် တု လို့ ဆို ပါ တယ်။
စိတ် ဝင် စား ဖို့ ကောင်း တာ က ကျွန် မ တို့ အ ဖွဲ့ ကို tour guide လုပ် ပေး တဲ့ ဦး လေး ပြော ပြ တဲ့ ပုဂံ မြို့ ရိုး ရဲ့ သ မိုင်း ကြောင်း ပါ ဘဲ .... တ ရုတ် ပြေး မင်း လို့ ခေါ် တဲ့ နရသီ ဟ ပတေ့ မင်း ကြီး က တရုတ် နဲ့ စစ် ဖြစ် တော့ ပြည် ပ ရန် ကာ ကွယ် ဖို့ အ တွက် ဆို ပြီး မင်း မိန့် နဲ့ ဘု ရား များ ကို ဖျက် ဆီး စေ ခဲ့ ပြီး ဘု ရား အုတ် တွေ နဲ့ ပုဂံ မြို့ ရိုး ကို တည် ဆောက် ခဲ့ လို့ သရပါ တံ ခါး မှာ လည်း ပျူ လက် ရာ အုတ် အ ချို့ ကို တွေ့ ရတယ် လို့ သမိုင်း ပညာ ရှင် တွေ လေ့ လာ တွေ့ ရှိ တဲ့ အ ကြောင်း ဝေ ငှ ရင်း သရပါ တံခါး အ ကြောင်း ဒီ မှာ ဘဲ အ ဆုံး သတ် လိုက် ပါ တယ် ။
Julie Bawk
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.